သမုဒယသစ္စာ
[၁] သမုဒယ-သစ္စာ၊ ဆင်းရဲခြင်း (ဒုက္ခ)၏ဖြစ်ကြောင်းဟူသော အမှန်တရား။ (သမုဒယသစ္စာသည်-(၁) သုတ္တန္တဘာဇနီယနည်းအားဖြင့် ဟောအပ်သော သမုဒယသစ္စာ (၂) အဘိဓမ္မဘာဇနီယနည်းအားဖြင့် ဟောအပ်သော သမုဒယသစ္စာဟူ၍ နှစ်ပါး အပြားရှိ၏။ ထိုတွင် သုတ္တန္တဘာဇနီယနည်းအားဖြင့် ဟောအပ်သော သမုဒယသစ္စာ၏ တရားကိုယ်မှာ-တဏှာ (လောဘ) ဖြစ်၍ အဘိဓမ္မဘာဇနီယနည်းအားဖြင့် ဟောအပ်သော သမုဒယသစ္စာ၏တရားကိုယ်မှာ-အကုသိုလ်ဒွါဒသစိတ္တုပ္ပါဒ်၊ လောကီကုသိုလ်သတ္တရသစိတ္တုပ္ပါဒ်တို့ဖြစ်ကြသည်။ ထိုတွင်-သုတ္တန္တဘာဇနီယနည်း၌ ဒုက္ခ၏ဖြစ်ကြောင်းတရား (သမုဒယသစ္စာ)တို့ကို သပ္ပဒေသ (အကြွင်း အကျန်နှင့်တကွ)အားဖြင့် ဟော၍ ဒုက္ခ, သမုဒယ, နိရောဓ, မဂ္ဂ-တို့ကို “အရိယသစ္စ” အမည်ပေးတော်မူသည်။ အဘိဓမ္မဘာဇနီယ နည်း၌ ဒုက္ခ၏ဖြစ်ကြောင်းတရား (သမုဒယသစ္စာ)တို့ကို နိပ္ပဒေသ (အကြွင်းမရှိ)အားဖြင့် ဟော၍ ဒုက္ခ, သမုဒယ, နိရောဓ, မဂ္ဂ-တို့ကို “သစ္စ” အမည်ပေးတော်မူသည်။ [၂] (က) တဏှာ၊ လောဘ။ [၃] (ခ) အကုသိုလ်ဒွါဒသစိတ္တုပ္ပါဒ်၊ လောကီကုသိုလ်သတ္တရသစိတ္တုပ္ပါဒ်။ [၄] [၅]
၁။ တဏှာကိုလည်း သမုဒယသစ္စာဟု ဟောကြား ထားတော်မူ၏။ ([၆] ၂။ တဏှာနှင့် ကြွင်းကိလေသာ အားလုံးကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။ [၇] ၃။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ် တရားအားလုံးကိုလည်း သမုဒယသစ္စာဟု ဟော ကြားထားတော်မူ၏။ [၈] ၄။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ် တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံ ဖြစ်သော အလောဘ အဒေါသ အမောဟ ကုသလမူလတရား သုံးပါးတို့ကိုလည်း သမုဒယ သစ္စာဟု ဟောကြားထားတော်မူ၏။ [၉] ၅။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ် တရားအားလုံး, အာသဝေါတရားတို့၏ အာရုံ ဖြစ်သော ကုသလမူလတရားသုံးပါး, အာသဝေါ တရားတို့၏ အာရုံဖြစ်သော ကြွင်းကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာဟု ဟောကြား ထားတော်မူ၏။ [၁၀] ဤ အမှတ်(၅) သမုဒယသစ္စာတရား၌ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံ ဖြစ်သော သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကုသိုလ်တရားအားလုံး ပါဝင်၏။ ဤဒေသနာတော်ကိုပင် ရည်ညွှန်း၍ အဋ္ဌကထာကြီးများက အောက်ပါ အတိုင်း ဖွင့်ဆိုထားတော်မူကြ၏။[၁၁] စေတနာ, စေတနာနှင့်ယှဉ်ဖက်သမ္ပယုတ်တရား ဟု အထူးမပြောတော့ဘဲ သာမညအားဖြင့် ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှကို သမုဒယသစ္စာဟု သစ္စဝိဘင်း ပါဠိတော်၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏ ဟု ဖွင့်ဆိုထားပေသည်။ တိတ္ထာယတနသုတ္တန်အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ သမုဒယသစ္စာကို ဘုရားရှင်သည် ဤသို့လည်း ဟောကြားထားတော်မူခဲ့၏။ [၁၂] = ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယ အရိယသစ္စာတရားဟူသည် အဘယ်နည်း? အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်၏၊ ဝိညာဏ် ဖြစ်ခြင်းကြောင့် နာမ်+ရုပ် ဖြစ်၏၊ နာမ်+ရုပ် ဖြစ်ခြင်း ကြောင့် သဠာယတန ဖြစ်၏၊ သဠာယတန ဖြစ်ခြင်း ကြောင့် ဖဿ ဖြစ်၏၊ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊ ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်၏၊ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝ (= ကမ္မဘဝ+ဥပပတ္တိဘဝ) ဖြစ်၏၊ ဘဝ (= ကမ္မဘဝ) ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏၊ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ ဖြစ်ကုန်၏။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောသည် ဖြစ်ပေ၏။ ရဟန်းတို့ ...ဤ ကြောင်း-ကျိုးဆက်နွယ် မှု (= ပဋိစ္စသမုပ္ပါဒ်)သဘောတရားကို ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယအရိယသစ္စာတရားဟူ၍ ဆိုအပ်၏။ [၁၃] ဝဋ္ဋသစ္စာ, ဝိဝဋ္ဋသစ္စာ[၁၄]ဤအဋ္ဌကထာများ၏ ဖွင့်ဆိုချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဒုက္ခအရိယသစ္စာတရား ဒုက္ခသမုဒယအရိယသစ္စာတရား နှစ်ပါးတို့၌ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရမည် ဖြစ်ပေသည်။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ သစ္စာတရား နှစ်ပါးတို့ တည်း။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလို သော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဝဋ္ဋသစ္စာတရား နှစ်ပါးတို့ကို ဝိပဿနာမကျင့်သုံးမီ ရှေးဦးစွာ သိအောင် ကြိုးစားအားထုတ်ရမည် ဖြစ်ပေသည်။ ဉာဏ်စဉ်နည်း အရ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ ပင်တည်း။ [၁၅] တဏှာအပြားသမုဒယသစ္စာမည်သော တဏှာသည် (၁) ကာမတဏှာ (ကာမဂုဏ် ၅-ပါး၌ ယှဉ်သောရာဂ)။ (၂) ဘဝတဏှာ (ဘဝကို တောင့်တခြင်း၏အစွမ်းအားဖြင့် ဖြစ်သော သဿတဒိဋ္ဌိနှင့်တကွဖြစ်သော ရူပဘဝ, အရူပဘဝ-၌ တပ်တတ်သော ရာဂနှင့် ဈာန်၌ နှစ်သက်တတ်သောတဏှာ)။ (၃) ဝိဘဝတဏှာ (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော ရာဂ) ဟူ၍ ၃-ပါး အပြားရှိ၏။ [၅] တဏှာ၏တည်ရာအာရုံထို၃-ပါးအပြား ရှိသော တဏှာ၏ တည်ရာအာရုံများကား-အဇ္ဈတ္တိကာယတန ၆-ပါး, ဗာဟိရာယတန ၆-ပါး, ဝိညာဉ် ၆-ပါး, ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး, သညာ ၆-ပါး, စေတနာ ၆-ပါး, တဏှာ ၆-ပါး, ဝိတက် ၆-ပါး, ဝိစာရ ၆-ပါးတို့ဖြစ်ကြသည်။ [၁၆] [၅] အဇ္ဈတ္တိကာယတန ၆-ပါးတို့၌ ဒုက္ခသစ္စာ, သမုဒယသစ္စာဖွဲ့ပုံ(ဤဘဝ၌) စက္ခုပသာဒသည် ဒုက္ခသစ္စာ၊ ထိုဒုက္ခသစ္စာ၏ အကြောင်း ရင်း၏အဖြစ်ဖြင့် ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သော ရှေးဘဝ၌ပြီးသော တဏှာသည် သမုဒယသစ္စာ (သောတ, ဃာန, ဇိဝှာ, ကာယ, မန-တို့၌လည်း နည်းတူ)၊ [၅] ဗာဟိရာယတန ၆-ပါးတို့၌ ဒုက္ခသစ္စာ, သမုဒယသစ္စာဖွဲ့ပုံ(ဤဘဝ၌) ရူပါယတနသည် ဒုက္ခသစ္စာ၊ ထိုဒုက္ခသစ္စာ၏ အကြောင်း ရင်း၏အဖြစ်ဖြင့် ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သော ရှေးဘဝ၌ပြီးသော တဏှာသည် သမုဒယသစ္စာ။ (သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, ဓမ္မ-တို့၌လည်း နည်းတူ)။ ထို့အတူ ဝိညာဉ် ၆-ပါး, ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး, သညာ ၆-ပါး, စေတနာ ၆. ပါး, ဝိတက် ၆-ပါး, ဝိစာရ ၆-ပါး, ခန္ဓာ ၅-ပါး, ကသိုဏ်း ၁၀-ပါးလျှင် အာရုံရှိသော ဈာန် ၁၀-ပါး, အနုဿတိ ၁၀-ပါး, ဥဒ္ဓုမာတက-စသော သညာ ၁၀-ပါး၊ ကောဋ္ဌာသ ၃၂-ပါး၊ အာယတန ၁၂-ပါး, ဓာတ် ၁၈-ပါး, ဘဝ ၉-ပါး, ဈာန် ၄-ပါး, အပ္ပမညာ ၄-ပါး, အရူပသမာပတ် ၄-ပါးတို့၌လည်း ဖွဲ့လေ။ [၅] တဏှာ ၆-ပါးတို့၌ ဒုက္ခသစ္စာ, သမုဒယသစ္စာဖွဲ့ပုံ(ဤဘဝ၌) တဏှာသည် ခန္ဓာတို့၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့်လည်းကောင်း, သင်္ခါရဒုက္ခ၏အဖြစ်ကြောင့်လည်းကောင်း ဒုက္ခသစ္စာမည်၏၊ ထိုဒုက္ခသစ္စာ၏ ဖြစ်ရာ အတ္တဘော၏ အကြောင်းရင်း၏အဖြစ်ဖြင့် ထိုအတ္တဘောကို ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးသော တဏှာသည် သမုဒယသစ္စာမည်၏။ [၁၇] [၅] ပဋိစ္စသမုပ္ပါဒ်၌ ဒုက္ခသစ္စာ, သမုဒယသစ္စာ ဖွဲ့ပုံ(ဤဘဝ၌) အဝိဇ္ဇာသည် ဒုက္ခသစ္စာ၊ ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သော ရှေးဘဝ၌ ပြီးသော အာသဝတို့သည် သမုဒယသစ္စာ။ သင်္ခါရတို့သည် ဒုက္ခသစ္စာ, အဝိဇ္ဇာသည် သမုဒယသစ္စာ၊ ဝိညာဏ်သည် ဒုက္ခသစ္စာ, သင်္ခါရတို့သည် သမုဒယသစ္စာ။ နာမ်ရုပ်သည် ဒုက္ခသစ္စာ, ဝိညာဏ်သည် သမုဒယသစ္စာ။ သဠာယတနသည် ဒုက္ခသစ္စာ, နာမ်ရုပ်သည် သမုဒယသစ္စာ။ ဖဿသည် ဒုက္ခသစ္စာ, သဠာယတနသည် သမုဒယသစ္စာ။ ဝေဒနာသည် ဒုက္ခသစ္စာ, ဖဿသည် သမုဒယသစ္စာ။ တဏှာသည် ဒုက္ခသစ္စာ, ဝေဒနာသည် သမုဒယသစ္စာ။ ဥပါဒါန်သည် ဒုက္ခသစ္စာ, တဏှာသည် သမုဒယသစ္စာ။ တဏှာသည် ဒုက္ခသစ္စာ, ဝေဒနာသည် သမုဒယသစ္စာ။ ဥပါဒါန်သည် ဒုက္ခသစ္စာ, တဏှာသည် သမုဒယသစ္စာ။ ဘဝသည် ဒုက္ခသစ္စာ, ဥပါဒါန်သည် သမုဒယသစ္စာ။ ဇာတိသည် ဒုက္ခသစ္စာ, ဘဝသည် သမုဒယသစ္စာ။ ဇရာမရဏသည် ဒုက္ခသစ္စာ, ဇာတိသည် သမုဒယသစ္စာ။ [၁၈] [၅] (တနည်း) ပဋိစ္စသမုပ္ပါဒ်၌ ဒုက္ခသစ္စာ, သမုဒယသစ္စာဖွဲ့ပုံအဝိဇ္ဇာသည် သမုဒယသစ္စာ၊ သင်္ခါရတို့သည် သမုဒယသစ္စာလျှင် အမွန်ရှိသော သမုဒယသစ္စာ၊ ဝိညာဏ်သည် သမုဒယသစ္စာလျှင်အမွန်ရှိသော ဒုက္ခသစ္စာ၊ နာမ်ရုပ်သည် ဒုက္ခသစ္စာလျှင် အမွန်ရှိသော ဒုက္ခသစ္စာ၊ သဠာယတနသည် ဒုက္ခသစ္စာလျှင် အမွန်ရှိသော ဒုက္ခသစ္စာ၊ ဖဿသည် ဒုက္ခသစ္စာလျှင်အမွန်ရှိသော ဒုက္ခသစ္စာ၊ ဝေဒနာသည် ဒုက္ခသစ္စာလျှင် အမွန်ရှိသော ဒုက္ခသစ္စာ၊ ဝေဒနာသည် ဒုက္ခသစ္စာလျှင် အမွန်ရှိသော ဒုက္ခသစ္စာ၊ တဏှာသည် ဒုက္ခသစ္စာလျှင် အမွန် ရှိသော သမုဒယသစ္စာ၊ ဥပါဒါန်သည် သမုဒယသစ္စာလျှင် အမွန်ရှိသော သမုဒယသစ္စာ၊ ဘဝသည် သမုဒယသစ္စာလျှင် အမွန်ရှိသော ဒုက္ခသစ္စာ, သမုဒယသစ္စာ၊ ဇာတိသည် သမုဒယသစ္စာလျှင် အမွန်ရှိသော ဒုက္ခသစ္စာ၊ ဇရာ မရဏသည် ဒုက္ခသစ္စာလျှင် အမွန်ရှိသော ဒုက္ခသစ္စာ။ [၁၉] [၅] သမုဒယစတုက္က(၁) တဏှာကြဉ်သော အကုသိုလ်ဒွါဒသ စိတ္တုပ္ပါဒ်, လောကီကုသိုလ်သတ္တရသစိတ္တုပ္ပါဒ်သည် သမုဒယသာမည်၍ အရိယသစ္စာမမည်။ (၂) နိရောဓသစ္စာသည် အရိယသစ္စာသာမည်၍ သမုဒယမမည်။ (၃) တဏှာသည် သမုဒယ လည်းမည်၏၊ အရိယသစ္စာလည်း မည်၏။ ဒုက္ခသစ္စာ, မဂ္ဂသစ္စာနှစ်ပါး အပေါင်းသည် အရိယသစ္စာလည်းမည်၏၊ ထိုထိုအကျိုးတရား၏ စ၍ဖြစ်ရာ (ပဘဝ)၏အဖြစ်ဖြင့် သမုဒယ လည်းမည်၏။ (ပဟာတဗ္ဗကိစ္စ၏အဖြစ်ဖြင့်သမုဒယ မမည်)။ (၄) မဂ္ဂသမ္ပယုတ်တရား, သာမညဖိုလ်တို့သည် (ပဟာတဗ္ဗကိစ္စ၏ မရှိခြင်းကြောင့်) သမုဒယလည်းမမည်၊ အရိယသစ္စာလည်း မမည်။ [၂၀] [၅] (တနည်း) သမုဒယစတုက္က(၁) တဏှာကြဉ်သော အကုသိုလ်ဒွါဒသ စိတ္တုပ္ပါဒ်သည်လည်းကောင်း, (ပဟာတဗ္ဗ ကိစ္စ၏ အဖြစ်ဖြင့် အရိယသစ္စာမမည်သော) လောကီကုသိုလ် သတ္တရသစိတ္တုပ္ပဒ်သည်လည်းကောင်း သမုဒယသာမည်၍ အရိယသစ္စာ မမည်။ (၂) သမုဒယမမည်သော ဒုက္ခသစ္စာသည် အရိယသစ္စာသာမည်၍ သမုဒယမမည်။ (၃) တဏှာသည် သမုဒယလည်းမည်၏၊ အရိယသစ္စာလည်း မည်၏။ (၄) (မဂ္ဂသမ္ပယုတ် တရား) သာမညဖိုလ်တို့သည် သမုဒယလည်း မမည်၊ အရိယသစ္စာလည်း မမည်။ [၂၁] [၅] (တစ်နည်း) သမုဒယစတုက္က(၁) တဏှာမှတစ်ပါးသော ကိလေသာ ကိုးပါး, ထိုကိလေသာကိုးပါးနှင့်တကွဖြစ်သော အကုသိုလ်ဒွါဒသစိတ္တုပ္ပါဒ်, ထိုအကုသိုလ် စိတ္တုပ္ပါဒ်၏အာရုံဖြစ်သော လောကီကုသိုလ် စိတ္တုပ္ပါဒ်ဟုဆိုအပ်သော သမုဒယသာမညသည် သမုဒယသာမည်၍ သမုဒယသစ္စာ မမည်။ (၂) သမုဒယသစ္စာသာမည်၍ သမုဒယ မမည်သောတရားကား မရှိ။ (၃) တဏှာသည် သမုဒယလည်းမည်၏၊ သမုဒယသစ္စာလည်း မည်၏။ (၄) သမုဒယသာမည (၁-နံပါတ်အရ) သမုဒယသစ္စာ (၃-နံပါတ်အရ) မှတစ်ပါး သစ္စာ သုံးပါး၊ သစ္စာဝိမုတ်ဖြစ်သော မဂ်စိတ္တုပ္ပါဒ် နှစ်ဆယ့်ကိုးခု၊ ဖိုလ်စိတ္တုပ္ပါဒ် သုံးဆယ့်ခုနစ်ခု အနိန္ဒြိယဗဒ္ဓဖြစ်သော ဥတုဇရုပ်ကလာပ်နှစ်ခုပညတ်သည် သမုဒယလည်းမမည်၊ သမုဒယ သစ္စာလည်းမမည်။ [၂၂] [၅] သမုဒယသစ္စာ၏ လက္ခဏာစသည်သမုဒယသစ္စာသည် ပဘဝလက္ခဏာ (ဒုက္ခ၏ အကြောင်းဖြစ်သော လက္ခဏာ) ရှိ၏။ အနုပစ္ဆေဒကရဏရသ (မပြတ်ဖြစ်ခြင်းကို ပြု ခြင်းကိစ္စ) ရှိ၏။ ပလိဗောဓပစ္စုပဋ္ဌာန (မဂ် ဉာဏ်ကို မြစ်ခြင်းလျှင် အခြင်းအရာ) ရှိ၏။ (ဝါ) ပဝတ္တလက္ခဏာ (ဝဋ်ဆင်းရဲ၌ ဖြစ်စေခြင်း လက္ခဏာ) ရှိ၏။ (ဝါ) တဏှာလက္ခဏာ (အာရုံ၌ တပ်ခြင်းလက္ခဏာ) ရှိ၏။ [၂၃] [၅] သမုဒယသစ္စာနှင့် ခန္ဓာစသည်သမုဒယသစ္စာသည် သုံးပါးကုန်သော ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, ဝိညာဏက္ခန္ဓာ-တို့နှင့်ယှဉ်၏။ တစ်ပါးသော မနာယတနနှင့် ယှဉ်၏။ တစ်ပါးသော မနောဝိညာဏဓာတ်နှင့် ယှဉ်၏။ တစ်ခုသော သင်္ခါရက္ခန္ဓာဟူသော အချို့တို့နှင့် ယှဉ်၏။ တစ်ခုသော ဓမ္မာယတန ဟူသောအ ချို့တို့နှင့် ယှဉ်၏။ တစ်ခုသော ဓမ္မဓာတ်ဟူသော အချို့တို့နှင့် ယှဉ်၏။ တစ်ပါးသော ရူပက္ခန္ဓာနှင့် မယှဉ်၊ ဆယ်ပါးကုန်သော စက္ခု, သောတ, ဃာန, ဇိဝှာ, ကာယ, ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗာယတန-တို့နှင့် မယှဉ်။ တစ်ဆယ့်ခြောက်ပါးကုန်သော မနောဝိညာဏဓာတ်, ဓမ္မဓာတ်ကြဉ်သော ဓာတ်တို့နှင့် မယှဉ်။ တစ်ခုသော ဓမ္မာယတနဟူသော အချို့တို့နှင့် မယှဉ်။ တစ်ခုသော ဓမ္မဓာတ်ဟူသော အချို့တို့နှင့် မယှဉ်။ [၂၄] [၅] ကိုးကား
|
Portal di Ensiklopedia Dunia