ပင်စင်ဦးစီးဌာန
ပင်စင် ဦးစီးဌာန (အင်္ဂလိပ်: Penaion Department) သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဦးစီးဌာနတစ်ခုဖြစ်သည်။[၁] သမိုင်းကြောင်း၂၀၁၆ တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အဖြစ် ပြန်လည်ပူးပေါင်းခဲ့ပြီး လုပ်ငန်းအဖွဲ့ (၁၈) ခုကို ဖွဲ့စည်းခဲ့ရာ ပင်စင်ဦးစီးဌာနသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။[၂]၂၀၁၉ခုနှစ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ၂၀၂၁ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ လက်အောက်၌ ပါဝင်ဖွဲ့စည်းခဲ့သည်။[၃] နိုင်ငံ့ဝန်ထမ်းများ နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းမှ အငြိမ်းစားယူကြသောအခါ အကျိုးခံစားခွင့်များအရ “ပင်စင်လစာနှင့်လုပ်သက်ဆုငွေ” တို့ကို နိုင်ငံတော်မှ ချီးမြှင့်ရန်အတွက်ဖြစ်ပြီး ချီးမြှင့်ရာတွင် အငြိမ်းစားအကျိုးခံစားခွင့်များကို ပင်စင်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ကြသည်။ ပင်စင်ဦးစီးဌာန၏ တာဝန်များဤဌာနတွင် လုပ်ငန်းလုပ်ဆောင်ရာ၌ တာဝန်များစွာကို ထမ်းဆောင်ကြ၏။ ဥပမာ အမျိုးသားပင်စင်စနစ် ပေါ်ပေါက်စေရန် ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပင်စင်ဆိုင်ရာမူဝါဒများအား ပြန်လည်သုံးသပ်ခြင်း၊ ပင်စင်ဆိုင်ရာ စာရင်းမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်း၊ စာရွက်စာတမ်းကို အခြေခံသည့် စနစ်မှ ICT ကို အခြေခံ၍ တွက်ချက်ခွင့်ပြုသည့်စနစ်သို့ ပြောင်းလဲခြင်းတို့ကဲ့သောရတာဝန်များအပြင် အခြားတာဝန်များစွာလည်း ပါဝင်သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia