ဘဏ္ဍာရေး ဝန်ကြီးဌာန

Ministry of Finance
မြန်မာနိုင်ငံ အစိုးရအစိုးရအဖွဲ့အစည်း
ဘဏ္ဍာရေးဝန်ကြီးဌာန
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၉၄၈; ၇၇ နှစ် အကြာက (၁၉၄၈)
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်နေပြည်တော်
ဝက်ဘ်ဆိုက်mof.gov.mm

ဘဏ္ဍာရေး ဝန်ကြီးဌာန ကို သမ္မတ ဦးထင်ကျော်လက်ထက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

သမိုင်းကြောင်း

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီး ၁၉၆၂ ခုနှစ်တွင်တော်လှန်ရေးကောင်စီ တက်ခဲ့သည်မှ စ၍ ၁၉၇၂ ခုနှစ်မတ်လ ၁၄ ရက်နေ့အထိဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် အမျိုးသား စီမံကိန်းဝန်ကြီးဌာနဟူ၍ သီးခြားစီ ဝန်ကြီးဌာနများအဖြစ် ဖွဲ့စည်းထားရှိခဲ့ပြီး ဆိုရှယ်လစ်စနစ်တွင် အုပ်ချုပ်မှုပုံစံအရ ၁၉၇၂ ခုနှစ်၊ မတ်လ ၁၅ရက်နေ့မှစ၍ အထက်ပါ ဝန်ကြီးဌာန(၂)ခုအား ပေါင်းစပ်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန တစ်ခုတည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်၊ ၁၂/၉၃ ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန(၂) ခုအဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။[] ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၅၇ / ၂၀၁၃ ဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန (Ministry of Finance and Revenue) ကို ဘဏ္ဍာရေး ဝန်ကြီးဌာန (Ministry of Finance) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။[]

ဖွဲ့စည်းပုံ

အကောက်ခွန်ရုံး၊ ကမ်းနားလမ်း၊ ရန်ကုန်

ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရုံးအား အဖွဲ့ခွဲ(၃)ခု၊ အထောက်အကူပြုဌာနတစ်ခုဖြင့် ဖွဲ့စည်းထားပြီး အခွန်ဘဏ္ဍာဆိုင်ရာဌာန(၅)ခုနှင့် ငွေကြေးအဖွဲ့အစည်း(၅)ခု တို့ဖြင့် ဖွဲ့စည်း ထားသည်။ []ယင်းတို့မှာ –

  • ဝန်ကြီးရုံး
    • မူဝါဒရေးရာအဖွဲ့ခွဲ
    • အခွန်နှင့်ဝန်ထမ်းရေးရာအဖွဲ့ခွဲ
    • ဘတ်ဂျက်၊ ငွေစာရင်းနှင့် စီမံရေးရာအဖွဲ့ခွဲ

တို့ဖြစ်ပြီး အထောက်အကူပြုဌာနမှာ နိုင်ငံတကာဆက်ဆံရေးဌာန ဖြစ်သည်။

ရည်ရွယ်ချက်

ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်များနှင့် အခြားစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု မူဝါဒများအောင်မြင်စေရန် အတွက်ထိရောက်သော ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး မူဝါဒများ ချမှတ်ဆောင်ရွက်ရန်ဖြစ်သည်။

လုပ်ငန်းတာဝန်များ

ဝန်ကြီးရုံးသည် နိုင်ငံတော်၏ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး အခြေအနေများအား အထက်အဖွဲ့အစည်းများသို့ အစီရင်ခံ တင်ပြခြင်း၊ အကြံပြုချက်များ တင်ပြခြင်း၊ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအဖွဲ့အစည်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ အထက်အဖွဲ့အစည်းများနှင့် လက်အောက်ခံဌာနများနှင့် လည်းကောင်း၊ လက်အောက် ဌာနအချင်းချင်း အားလည်းကောင်း ညှိနှိုင်း ပေါင်းစပ်ပေးခြင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများအကြား ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကိစ္စများနှင့် ပက်သက်၍ အခြားဝန်ကြီးဌာနများအား အကြံဉာဏ်များပေးခြင်းတို့ကို ဆောင်ရွက် လျက် ရှိသည်။

ကိုးကား

  1. ၁.၀ ၁.၁ ဌာန၏အကြောင်း။ ဘဏ္ဍာရေး ဝန်ကြီးဌာန။ 21 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၈ တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခြင်း။ နိုင်ငံတော်သမ္မတရုံး။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၈ တွင် ပြန်စစ်ပြီး။

ပြင်ပအဆက်အသွယ်

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya