မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(အင်္ဂလိပ်: Myanma Investment and Commercial Bank; အတိုကောတ် MICB)သည် နိုင်ငံတော်ပိုင် ဘဏ်တစ်ခု[၁]ဖြစ်ပြီး အဓိကအားဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဘဏ်ခွဲများထားရှိသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သည် စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်းငွေကြေးကို စီးပွားရေးလုပ်ငန်းများအတွက် ချေးငှားခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကအားဖြင့် လုပ်ဆောင်သည်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံခြားငွေများကို ထိန်းသိမ်းခြင်းဆောင်ရွက်သည်။[၂] မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်သည်လည်း နိုင်ငံခြားသားများ ရင်းနှီးမြှပ်နှံမှုအတွက် ဘဏ်အကျိုးတော်ဆောင်အဖြစ် ကြားဝင်ဆောင်ရွက်ပေးသည်။[၂] ၁၉၉၀ပြည့်နှစ်၊ ဇူလိုင်လ(၄)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော် ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်အား မြန်မာ့စီးပွားရေးဘဏ်မှ ခွဲ၍တည်ထောင်ခဲ့ပြီး၊ ယင်း ဥပဒေနှင့် အညီ နိုင်ငံတကာ ဘဏ်လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်ပိုင် ဘဏ်တစ်ခု ဖြစ်သည်။[၁] ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အား အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။[၃][၄] ကိုးကား
|
Portal di Ensiklopedia Dunia