ပဉ္စဒွါရာဝဇ္ဇန်း
(၁) ၅-ဒွါရ၌ (ထင်လာသောအာရုံကို) ဆင်ခြင်ခြင်း-အမှု-ကိစ္စ၊ ပဉ္စဒွါရာဝဇ္ဇန်းကိစ္စ။ (၂) ၅-ဒွါရ၌(ထင်လာဓသာအာရုံကို) ဆင်ခြင်သော စိတ်၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်၊
အဟိတ်ကြိယာစိတ် ၃-ပါးတို့တွင် ပဌမစိတ် ဖြစ်သည်[၂]။ ထူးသောသိခြင်းကိစ္စမရှိဘဲ အာရုံကို သိကာမျှ သဘောတရားဖြစ်၍ “မနောဓာတ်” မည်သော စိတ် ၃-ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည် [၃])။ [၄] လက္ခဏာ, ရသစသည်၁။ စက္ခုဝိညာဏ် စသည်တို့၏ ရှေ့သွားဖြစ်၍ (ရှေ့ကဖြစ်၍) ရူပါရုံ စသည့် အာရုံတို့ကို သိခြင်းသဘော = ရယူခြင်းသဘော ... လက္ခဏ၊ ၂။ (ရူပါရုံစသည့် ပဉ္စာရုံကို) နှလုံးသွင်းခြင်း = ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ၊ တစ်နည်း – စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် မူလအာရုံဟောင်းကို စွန့်စေခြင်း ... (ကိစ္စ) ရသ၊ ၃။ ရူပါရုံစသည့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်၊ ၄။ ဘဝင်စိတ်အစဉ် ပြတ်စဲခြင်း = ဘဝင်စိတ် ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်။ ဤအထက်ပါ ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာမနောဓာတ်၏ ရှုကွက်မှာ ရူပါရုံ စသည့် ပဉ္စာရုံကို အာရုံပြုသည့် ပဉ္စဒွါရာဝဇ္ဇန်း ငါးမျိုးကို စုပေါင်း၍ ရေးသားထားခြင်း ဖြစ်သည်။ လက်တွေ့ရှုသောအခါ၌ကား ပဉ္စဒွါရာဝဇ္ဇန်းသည် အာရုံငါးမျိုးလုံးကို ပြိုင်တူ မသိနိုင်သဖြင့် အာရုံတစ်မျိုးစီကို သိသော ပဉ္စဒွါရာဝဇ္ဇန်း တစ်မျိုးစီကို ခွဲ၍ ရှုရမည်ဖြစ်သည်။ သို့အတွက် ရူပါရုံကို အာရုံပြုသည့် ပဉ္စဒွါရာဝဇ္ဇန်း = အာဝဇ္ဇန်း၏ရှုကွက်မှာ ဤသို့ ဖြစ်၏၊[၅]။ [၆] အာဝဇ္ဇန်း - ရူပါရုံကို အာရုံပြုသည်၁။ စက္ခုဝိညာဏ်၏ ရှေးကဖြစ်၍ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ၊ ၂။ ရူပါရုံကို နှလုံးသွင်း ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ၊ တစ်နည်း – စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် ဘဝင်အာရုံကို စွန့်စေခြင်း ... (ကိစ္စ) ရသ၊ ၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်၊ ၄။ ဘဝင်အယဉ် ပြတ်စဲခြင်း = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် ... ပဒဋ္ဌာန်။[၆] အာဝဇ္ဇန်း - သဒ္ဒါရုံကို အာရုံပြုသည်စသည်ယှဉ်သည့်ဝေဒနာပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် တစ်စုံတစ်ခုသော ဝီထိ စိတ်က မယူအပ်သေးသော အာရုံသစ်ကို ရှေးဦးစွာယူ၍ တစ်ကြိမ်တည်းဖြစ်သောကြောင့် ဥပေက္ခာဝေဒနာနှင့်သာယှဉ်သည်[၇]။ [၄] မနသိကာရယင်းစိတ်သည် ရှေ့ဘဝင်စိတ်နှင့် မတူသော နောက်ဝီထိစိတ်ကို ဖြစ်အောင် ပြုတတ်သောကြောင့် “မနသိကာရ” ဟု ခေါ်သည်။ မနသိကာရ ၃-ပါးတွင် ဝီထိစိတ်ကို စီရင်တတ်, ထင်စေတတ်သောကြောင့် “ဝီထိပဋိပါဒကမနသိကာရ” ဟု ခေါ်သည် [၈]။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia