ပထမတကောင်းမင်းဆက်ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီဝင်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီဝင် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပာယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး၊ ကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓညဝတီ(ရခိုင်)သို့ ရောက်လေသည်။ တကောင်း နန်းရိုးမှာ ကံရာဇာငယ်က စတဲ့ မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့ ဖျက်၍ တကောင်းပြည် ပျက်လေသည်။ ထိုအခါ အုပ်စုသုံးစုကွဲပြီး တစ်စုက ဧရာဝတီမြစ်ပေါ်ရှိ တကောင်းတောင်ဘက် မလည်အရပ်တွင် နေထိုင်ကြသည်။ အချိန်ကာလက ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ဖြစ်သည်။[၁] မင်းဆက်(၃၃)ဆက်
ဘိန္နကရာဇာလက်ထက်တွင် စိန့်ပြည်က တရုတ်တရက်တို့ နှောင့်ယှက်သဖြင့် ပထမတကောင်း ပြိုပျက်ရလေသည်။ ထိုသို့ပျက်သောအခါ ဘိန္နကမင်းသည် စုမိသမျှ ဗိုလ်ခြေအလုံးအရင်းနှင့် မလည်ချောင်းသို့ ဝင်၍ နေတော်မူသည်။ ဘိန္နကမင်း နတ်ရွာစံသော် ကျန်ရစ်သူများ အုပ်စု သုံးအုပ်စု ကွဲသွားကြ၏။ တစ်စုက အရှေ့မျက်နှာ ရှမ်း ၁၉-ခရိုင် တည်ဆောက်၍ နေကြပြီး ဘိန္နကရာဇ်မျိုးဟု တွင်သည်။ ဒုတိယတစ်စုက ဧရာဝတီမြစ်ကို စုန်ခဲ့၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အရပ်တွင် မုဒုစိတ္တစသော သာကီဝင် မင်းတို့နေရာ သုနာပရန္တတိုင်းသို့ ဝင်ကြသည်။ တတိယတစ်စုက မိဖုရားကြီးနာဂဆိန်နှင့်အတူ မလည်အရပ်၌ပင် နေကြလေသည်။ [၃] ကိုးကား |
Portal di Ensiklopedia Dunia