အမရပူရမြို့
အမရပူရမြို့ (တောင်မြို့) သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်တွင် ပါဝင်သည်။ ယခင်က မန္တလေးမြို့နှင့် ၁၁ ကီလိုမီတာဝေးသော မြို့ဖြစ်သော်လည်း ၂၀၁၁ ခုနှစ်တွင် ကြီးထွားလာသော မန္တလေးမြို့နယ်နိမိတ်သည် အမရပူရမြို့ကိုလွမ်းခြုံသွားရာ အမရပူရမြို့သည်လည်းသီးခြားမြို့တစ်မြို့အဖြစ်မှ မန္တလေးမြို့တွင်း မြို့နယ်တစ်ခုဖြစ်သွားသည်။ အမရပူရမြို့နယ်သည် ယခင် အမရပူရနယ်၏ တောင်ဘက်မြို့နယ်ဖြစ်၍ မြောက်ဘက်တွင် မန္တလေးမြို့နှင့် ပုသိမ်ကြီးမြို့နယ်တို့ ရှိကြလေသည်။ အမရပူမြို့သည် ၉၁ စတုရန်းမိုင် ကျယ်ဝန်း၍ ၂၀၁၄-ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၃၇,၆၁၈ ယောက်[၁] ရှိသည်။ ![]() အမည်နှင့် အဓိပ္ပာယ်အမရပူရမြို့သည် ကုန်းဘောင်ခေတ်က မင်းနေပြည်တော် နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် မြို့ဖြစ်သည်။ ယနေ့တွင်မူ မန္တလေးမြို့ မြို့နယ်အတွင်းရှိ တောင်မြို့ ဟုခေါ်သော မြို့နယ်အဖြစ် ပါဝင်လျက်ရှိသည်။ အမရပူရမြို့၏ အဓိပ္ပာယ်မှာ မရ=သေခြင်း၊ အမရ=မသေခြင်း၊ ပူရ=မြို့ ဖြစ်၍ မသေသောမြို့ ဖြစ်ပေသည်။ ထို့ကြောင့် အသက်ရှည်သော အဖိုးအဖွားများစွာ နေထိုင်ကြသည်ကို တွေ့ရပေသည်။ အမရပူရမြို့သမိုင်းပဒုမ္မာရွှေကြာ၊ ဘိုးတော်စံရာ၊ နတ်ပြည်နှင့်တူလေခြင်း၊ ဘိုးတော်စံခင်းဟူသည်နှင့်အညီ အမရပူမြို့သည် ခေတ်ကောင်းချိန် ရှေးနှစ်ပေါင်း ၁၈ဝ လောက်ကဆိုလျှင် နတ်ဘုံနတ်နန်းတမျှ ခမ်းနား သိုက်မြိုက်သော မင်းနေပြည်တော်ကြီး ဖြစ်ခဲ့ဖူးလေသည်။ သေခြင်းကင်းရာ ပြည်သာယာဟု အဓိပ္ပာယ်ရသည့် အမရပူရမြို့၏ ပထမမြို့တည်နန်းတည်ဖြစ်သော မင်းကား အလောင်းမင်းတရားကြီး၏ စတုတ္ထသားတော် ဖြစ်၍ ကုန်းဘောင်မင်းဆက်၏ ၆ဆက်မြောက်မင်းဖြစ်သည့် ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်းဖြစ်သည်။ ဗဒုံမင်းသည် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် အင်းဝထီးနန်းကို သိမ်းပိုက်အုပ်စိုးပြီးနေရာမှ အင်္ဂလိပ်တို့၏သင်္ဘောမှာ တောင်တမန်အင်း ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်းရှိကြောင်းသိသဖြင့် မြို့သစ်နန်းသစ်တည်ရန်ကြံသည်။ သို့ဖြင့်၍ မြို့တည်ရန် နေရာရွေးရာ လက်ဆယ်ကန်ရွာ နေရာကို အမရပူရမြို့ နန်းတည်ရန် အတည်ပြု၍ ၁၀၊ အောက်တိုဘာ၊ ၁၇၈၁ (မြန်မာသက္ကရာဇ်၁၁၄၅ ခုနှစ်) တွင်အမိန့်ပြန်ကာ စတင်တည်ဆောက်စေသည်။ ၁၂ ၊ မေ၊ ၁၇၈၃တွင် နန်းသိမ်းပွဲဖြင့် စတင်နန်းစံသည်။ သို့သော် ၁၃၊ မတ်၊ ၁၈၁၀တွင် အမရပူရမြို့တွင် မီးအကြီးအကျယ်လောင်ရာ နန်းတော်ပါ ပျက်စီးသဖြင့် တဖန်ပြန်တည်ရပြန်သည်။ သို့ဖြင့် အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ပြီး ဒီဇင်ဘာ၊၁၈၁၀ တွင် ပြန်လည်စိုးစံသည်။ ထူးခြားချက်မှာ အမရပူရ နန်းတော် တည်ဆောက်ရာတွင် အုတ်ခုံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့သော နန်းတော်တည်ဆောက်ခြင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုသည်။ ထိုနောက် ဘကြီးတော်မင်းလက်ထက်တွင် အင်းဝသို့ ပြန်လည်ပြောင်းရွှေ့ နန်းစိုက်ကာ သာယာဝတီမင်း လက်ထက်တွင် အမရပူရကို နန်းမြို့အဖြစ် ပြန်လည်သတ်မှတ်ကာ နန်းစိုက်ခဲ့သည်။ ထိုနောက် မင်းတုန်းမင်းလက်ထက်တွင် မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကို တည်ဆောက်ကာ ပြောင်းရွှေ့နန်းစံရာ အမရပူရလည်း နန်းမြို့အဖြစ်မှ လျောကျခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ကြီးထွားလာသော မန္တလေးမြို့နယ်နိမိတ်သည် အမရပူရမြို့ကိုလွမ်းခြုံသွားရာ အမရပူရမြို့သည်လည်းသီးခြားမြို့တစ်မြို့အဖြစ်မှ မန္တလေးမြို့တွင်း မြို့နယ်တစ်ခုဖြစ်သွားသည်။ ဆက်သွယ်ရေးမန္တလေးမှ အနောက်ဘက် စစ်ကိုင်းတိုင်းသို့ သွားရာလမ်းအဖြစ်သာမက ရန်ကုန်-မန္တလေး အမှတ်(၂)လမ်းမကြီးနှင့်ပါ ချိတ်ဆက်တည်ရှိသည့်အတွက် သွားလာရေးလွယ်ကူသည်။ ထို့ပြင် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းဖြတ်သန်းရာ ဒေသလည်းဖြစ်သည်။ ပညာရေးရတနာပုံတက္ကသိုလ် သည် အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအနီး တည်ရှိသည်။ အ.ထ.က ကျောင်းများက မြို့ထဲတွင် တည်ရှိသည်။ မန္တလာတက္ကသိုလ်လည်း တည်ရှိသည်။ ထို့အပြင် ဆောင်းဒါး ရက်ကန်းကျောင်း လည်း တည်ရှိသေးသည်။[၂] စီးပွားရေးအမရပူရမြို့၏ အဓိကလုပ်ငန်းမှာ ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းဖြစ်၍ မြန်မာပြည်တွင် ရက်ကန်းမြို့အဖြစ် တင်စားလောက်သော မြို့ဖြစ်ပေသည်။ တစ်မြို့လုံးနီးပါး ရက်ကန်းအတတ်ကို တတ်ကြသည်။ ယင်းပိုးထည်လုပ်ငန်းကြီးကို အကြောင်းပြု၍ ခရစ် ၁၉၁၂ ခုနှစ်လောက် ကတည်းက ဆောင်းဒါး ရက်ကန်းကျောင်းကို မန္တလေး စစ်ကိုင်းလမ်းပေါ်တွင် ဖွင့်လှစ်ထားသည်။ ပိုးထည်လုပ်ငန်း၊ ချည်ထည်လုပ်ငန်းများ အဓိက စီးပွားရေး အဖြစ်လုပ်ကိုင်ကြသည်။ တောင်သမန်အင်း၊ တက်သေးအင်းများ တည်ရှိ၍ အင်းလုပ်ငန်းများဖြင့်လည်း စီးပွားရှာကြလေသည်။ ဆေးရွက်ကြီး ဆေးပေါင်းရုံများလည်း ရှိ၍ ဆေးပေါင်းသော လုပ်ငန်းလည်းရှိသည်။ အထင်ကရနေရာများမြို့၏ အနီးတွင် တောင်သမန်အင်း ရှိသည်။ ပုဂံမင်း လက်ထက်က မြို့စာရေး မောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သစ်သားတံတားကြီးတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ရာ ယခုတိုင် ရှိသေးသည်။ ထိုတံတားကို ဦးပိန်တံတား ဟုခေါ်တွင်သည်။ တောင်သမန်အင်းပတ်လည်တွင် အမရပူရမြို့၏ တန်ခိုးကြီးဘုရားများဖြစ်သော ကြီးလေးကြီး ဘုရားဟု ညွှန်းဆိုထားသည့် -
အမရပူရမြို့ အနောက်တောင်ထောင့်တွင် စစ်ကိုင်းမင်း အမည်ခံ မှန်နန်းရှင် ဘကြီးတော် မင်းတည်ထား ကိုးကွယ်ခဲ့သော စည်းခုံတော်ပုထိုးတော်ကြီး စေတီရှိရာ ဘွဲ့တော်မှာမဟာဝိဇယရံသီ ဖြစ်၍ အလွန် ထင်ရှားသည်။ တောင်သမန်အင်း တစ်ဘက်တွင် ပုဂံမင်း တည်ထားခဲ့သော ကျောက်တော်ကြီးဘုရား ရှိသည်။
ဓာတ်ပုံပြခန်း
ရည်ညွှန်းကိုးကား
|
Portal di Ensiklopedia Dunia