မအီမြို့
မအီမြို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။ တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်ခွဲအား ပြည်ထဲရေးဝန်ကြီးဌာန၏ (၁-၄-၂၀၀၄)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၀/၂၄-၄၆/ဦး ၁ အရလည်းကောင်း၊ မအီမြို့ကို (၁-၄-၂၀၀၄)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊၁၀၀/၂၂-၃၅၄/ဦး ၁ အရ ဖွဲ့စည်းခွင့်ပြုခဲ့ပြီး မြို့နယ်ခွဲဖွဲ့စည်းချိန်တွင် ရက်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၁၀)အုပ်စု၊ ကျေးရွာ(၆၇)ရွာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ မအီမြို့သည် တောင်ကုတ်မြို့နယ်မြောက်ဘက်စွန်းရှိ မအီချောင်းတံတားနှင့်ကပ်လျက် မအီချောင်းဝဲယာတည်ရှိပါသည်။ မအီချောင်းကို အစွဲပြု၍ မအီမြို့ဟု ခေါ်တွင်ခြင်းဖြစ်ည်။ မအီမြစ်သည် မအီမြို့လယ်မှ ဖြတ်သန်းသည်။ မြို့ပေါ်(၄)ရပ်ကွက်ရှိသည်။ ၎င်းတို့မှာ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) နှင့် အမှတ်(၄)ရပ်ကွက်တို့ဖြစ်သည်။ မြို့ပေါ်တွင် အထက်တန်းကျာင်းတစ်ကျာင်း၊ အလယ်တန်းကျာင်းတစ်ကျာင်းနှင့် မူလတန်းကျာင်း တစ်ကျာင်းရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia