ရသေ့တောင်မြို့
ရသေ့တောင်မြို့သည့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် စစ်တွေခရိုင်တွင် တည်ရှိသော မြို့ဖြစ်ပြီး မြောက် လတ္တီကျုဒ် ၂၀.၄၈၃၃၃၃၃ ဒီဂရီ နှင့် အရှေ့ လောင်ဂျီတွဒ် ၉၂.၇၅ ဒီဂရီ တွင် တည်ရှိသည်။ ရသေ့တောင်မြို့သည် စစ်တွေခရိုင် အတွင်းတွင် ပါဝင်သည်။ စစ်တွေမြို့မှ အနောက် မြောက်ယွန်းယွန်း ၃၇ မိုင်ကွာ တွင် ရှိ၍ ရသေ့တောင်မြို့နယ် ရုံးစိုက်မြို့ ဖြစ်၏။ ရသေ့တောင်မြို့နယ်တွင် သူကြီးပိုင် နယ်ပေါင်း ၇၄ နယ် ပါဝင်၍၊ ၇၃၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ ၁၉၆၁ ခုနှစ် မေလ ၃ဝ ရက် နေ့တွင် စတင်၍ မေယုနယ်ခြားခရိုင်အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခဲ့ရာ၊ ရသေ့တောင်မြို့နယ် အနောက်မြောက်ပိုင်းကိုလည်း မေယုနယ်ခြားခရိုင်အတွင်း သွတ်သွင်းခဲ့သည်။ ရသေ့တောင်မြို့သည် မယူမြစ်ဝ မှအထက် ၁၈ မိုင်ကွာ လက်ဝဲဘက်ကမ်း၌ တည်ရှိ၍ စစ်တွေမြို့မှ ရေလမ်းခရီး အဆက်အသွယ်ကောင်းမွန်သည်။ မြို့၏ ကျောထောက်နောက်ခံနယ်ဖြစ်သော မယူမြစ်ကမ်း တစ်ဖက်တစ်ချက်တွင် ဆန်စပါး စိုက်ပျိုး လုပ်ကိုင်ကြသည်။ လူဦးရေ ၇၅၁၁ ယောက် (၂၀၁၄) ရှိသည်။[၁] ကျန်းမာရေး
မြို့နယ်တွင်းရှိ ကျေးရွာများ
မှတ်ချက်။။ အကွာအဝေးများမှာ မြေပုံပေါ်တွင် အနီးဆုံး ထောင့်ဖြတ်အတိုင်း တိုင်းတာထားခြင်း ဖြစ်သည်။ စိတ်ဝင်စားဖွယ်နေရာများ
ပြင်ပလင့်များကိုးကား
|
Portal di Ensiklopedia Dunia