မြေပုံမြို့
မြေပုံမြို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်တွင် ပါဝင်သော မြေပုံမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ မြေပုံမြို့သည် ဟန်းတား ပင်လယ်အော်ကမ်းခြေရှိ ကျွန်းကလေး တစ်ခုပေါ်တွင် တည်ရှိသည်။ ကျောက်ဖြူမြို့မှ ရေကြောင်းဖြင့် ၆၅မိုင်ဝေး၍ စစ်တွေမြို့မှ မိုင် ၆ဝ အကွာတွင် တည်ရှိသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၈၆၆ စတုရန်းမိုင်ရှိ၍ ကျေးရွာပေါင်း( ၅၇)ရွာ ပါဝင်သည်။ မြေပုံမြို့နယ်တွင်နေထိုင်သော လူဦးရေအများစုမှ ဗုဒ္ဓဘာသာဝင် များဖြစ်ကြပြီး နတ်ကိုးကွယ်သော ချင်းလူမျိုးလည်း ပြောက်တိ ပြောက်ကျားနေထိုင်သည်။ ၂၀၁၈ မြောက်ဦးခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရ မြေပုံမြို့၏ လူဦးရေမှာ ၁၂,၁၀၀ ယောက် ဖြစ်သည်။[၂] မြေပုံမြို့နယ်သည် မြေမျက်နှာပြင်အားဖြင့် တောင်ကုန်းထူထပ်သည်။ ထိုကြောင့်လူနေကျဲသည်။ မြေပြန့်ပိုင်းတွင်မြစ်ငယ်ချောင်းငယ်များ ပေါများ၍ ရေလမ်းခရီး အဆက်အသွယ် ကောင်းမွန်သည်။ မြေပုံမြို့နယ်တွင် လယ်ယာစိုက်ပျိုးသူများလည်းရှိသည်။ များသောအားဖြင့်မူကား ငါးဖမ်းခြင်းဖြင့် အသက်မွေးကြလေသည်။ [၃] မြန်မာ့ပြည်တွင်းစစ်ကာလအတွင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အာရက္ခတပ်တော်က မြေပုံမြို့အား သိမ်းပိုက်ခဲ့သည်။[၄][၅] ကိုးကား
|
Portal di Ensiklopedia Dunia