ရန်ကုန် လေကြောင်းလိုင်း
ရန်ကုန် လေကြောင်းလိုင်း (အင်္ဂလိပ်: Yangon Airways) သည် မြန်မာနိုင်ငံ အခြေစိုက်လေကြောင်းဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် မန္တလေးချမ်းမြသာစည်လေဆိပ်ကို အခြေခံ၍ ပြည်တွင်းပျံသန်းမှုများ ပျံသန်းခဲ့သည်။ လေကြောင်းလိုင်းကို ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ မှစ၍ ပျံသန်းမှုများ ရပ်တန့်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ၊ ၁၆ နေ့မှ စတင်၍ ပြန်လည် ပျံသန်းလျက်ရှိသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ "ရန်ကုန် လေကြောင်းလိုင်း" အမည်မှ "သံလွင် လေကြောင်းလိုင်း အဖြစ် အမည်ပြောင်းလဲခဲ့သည်။ သမိုင်းကြောင်း၁၉၉၆ ခုနှစ်တွင် မြန်မာ့လေကြောင်းနှင့် ထိုင်းနိုင်ငံမှ Krong – Sombat Company တို့ ပူးပေါင်း၍ ရန်ကုန်လေကြောင်းလိုင်းအား စတင် ထူထောင်ခဲ့သည်။ ၁၉၉၇ ခုနှစ် အောက်တိုဘာမှ စတင်၍ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း အဖြစ် ပြောင်းလဲခဲ့ပြီး ခရီးသည် (၇၀) ဆံ့ ATR 72 လေယာဉ် (၂) စီးဖြင့် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး (၁၃) မြို့သို့ ပျံသန်း ပို့ဆောင်ပေး နိုင်ခဲ့သည်။ ရန်ကုန်လေကြောင်းလိုင်း၏ ဈေးကွက်ဝေစုသည် ၂၀ဝ၇ ခုနှစ်တွင် ၃၇% မှ ၂၀ဝ၈ ခုနှစ်တွင် ၄၁% ထိ သိသာထင်ရှားစွာ တိုးတက်ခဲ့သည်။ ပုံမှန် ပြည်တွင်းခရီးစဉ်များ အနေဖြင့် ရန်ကုန်မြို့မှ နေပြည်တော်၊ ပုဂံ၊ မန္တလေးမြို့၊ ဟဲဟိုးမြို့၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ မြစ်ကြီးနားမြို့၊ သံတွဲမြို့၊ စစ်တွေမြို့၊ ထားဝယ်မြို့၊ မြိတ်မြို့၊ ကော့သောင်းမြို့နှင့် လားရှိုးမြို့များသို့ ပျံသန်းပြေးဆွဲသည့် အပြင် စင်းလုံးငှား ခရီးစဉ်များ အနေဖြင့်လည်း ဗန်းမော်မြို့၊ ပူတာအိုမြို့ နှင့် ကလေးမြို့များသို့ ပြေးဆွဲပေးလျက် ရှိသည်။ ပျံသန်းမူများရန်ကုန် လေကြောင်းလိုင်းဟာ အောက်ပါမြို့များသို့ ပျံသန်းလျက်ရှိသည်။
လေယာဉ်များ
Referencesဝီကီမီဒီယာ ကွန်မွန်းစ်တွင် Yangon Airways
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
Portal di Ensiklopedia Dunia