ရဲအောင် (ဒုတိယဗိုလ်ချုပ်ကြီး)
ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁]၂၀၂၁ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး ၂၀၂၁ခုနှစ် နိုဝင်ဘာလမှစတင်ကာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။[၂]၂၀၂၁ခုနှစ် အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် တပ်မတော်မှ ပြင်ဆင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီတွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။[၃] မကွေးတိုင်းဒေသကြီး ချောက်မြို့ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အမှတ်စဉ်(၂၃) ဗိုလ်သင်တန်းဆင်းအရာရှိတစ်ဦး ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၌ စစ်ဦးစီးမှူး(ပထမတန်း)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၏ ဒု-ဒကစမှူး၊ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး၊ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဗထူး) ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် စစ်ဥပဒေချုပ် တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia