ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) (အတိုကောက် ဒကစ(တနိုင်း)) သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် အခြေစိုက်သည်။ ဒကစ(တနိုင်း)၏ အဓိကတာဝန်မှာ မပခ နှင့်အလှမ်းဝေးသော တနိုင်းမြို့နှင့် ၎င်း၏အနီးတဝိုက်ဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၏ လုံခြုံရေးနှင့် စစ်ဆင်ရေးကိစ္စရပ်များကို မပခ ကိုယ်စား ကွပ်ကဲအုပ်ချုပ်ရန်၊ ဒကစ(တနိုင်း)နယ်မြေအတွင်းရှိသော လက်အောက်ခံတပ်များ၊ အခြား လက်ရုံး/ ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(တနိုင်း)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် မြတ်မင်းမိုး ဖြစ်သည်။ သမိုင်း
ဖွဲ့စည်းပုံဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၏ လက်အောက်ခံ တပ်ရင်းများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တို့၏ အတွင်း၌ အခြေစိုက်ထားသည်။ ဒကစ(တနိုင်း) အား အောက်ပါအတိုင်း ဖွဲ့စည်းထားလေသည် - ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး
ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ[၁]
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
ဒကစ(တနိုင်း)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ
ဗိုလ်မှူးချုပ် မြတ်မင်းမိုး[၂] ကိုးကားနောက်ထပ်ကြည့်ရန် |
Portal di Ensiklopedia Dunia