ရွှေမြန်မာ လေကြောင်းလိုင်း
ရွှေမြန်မာ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော တန်ဖိုးနည်းလေကြောင်းလိုင်း တစ်ခုဖြစ်ကာ ပြည်တွင်းနှင့် ပြည်ပ ခရီးစဉ်များ ပြေးဆွဲပျံသန်းနေသည်။ သမဝါယမဘဏ်လီမိတက်၏ ဥက္ကဋ္ဌအပါအဝင် ၁၅ ဦးဖြင့် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် Airbus A320 နှစ်စင်းဖြင့် စတင်ပြေးဆွဲပျံသန်းခဲ့သည်။ ပျံသန်းမှုများ
လေယာဉ်များ![]() ၂၀၁၃ အောက်တိုဘာ အထိ ရွှေမြန်မာ လေကြောင်းလိုင်းရှိ လေယာဉ်များ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်:
မတော်တဆမှုများမတ်လ ၄ ရက်၊ ၂၀၁၆ ခုနှစ် နံနက် (၇) နာရီအချိန်ခန့်တွင် တွင် ရန်ကုန် - မန္တလေး ခရီးစဉ်သို့ ပျံသန်းမည့် ATR-72 လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပျံတက်ရန် ပြင်ဆင်နေစဉ် လေယာဉ်၏ ဘယ်ဘက်ဘီးပေါက်မှုဖြစ်ပွားခဲ့သည်။ ဘီးပေါက်သည့် အရှိန်ဖြင့် မီးပွင့်ထွက်မှု ဖြစ်ပေါ်ခဲ့သည်။ ခရီးသည် ၃၀ ကျော် ပါရှိခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ချေ။ ဆက်စပ်ဖတ်ရှုရန်ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia