ရွှေအိမ်သည်
ရွှေအိမ်သည် (ရွှေအိမ်စည် ဟုလည်း သိကြ) သည် ပုဂံခေတ်မှ နန်းတွင်း မင်းသမီးတစ်ပါး ဖြစ်သည်။ ကျန်စစ်သားနှင့် အပယ်ရတနာတို့၏ တစ်ဦးတည်းသော သမီးတော် ဖြစ်ပြီး အလောင်းစည်သူ၏ မိခင်ဖြစ်သည်။[၁][၂]:156 ပညာတက်၍ ဉာဏ်ရည်ထက်မြက်ကာ ခမည်းတော် ကျန်စစ်သားစကားကို တသွေမတိမ်း နာခံသော သမီးတော် ရွှေအိမ်စည်ကို ကျန်စစ်သားမင်းကြီးက ပုဂံဆိပ်ကမ်း အကောက်ခွန်များကို ကြီးကြပ်ရသော ရာထူးတာဝန် ထမ်းရွက်စေပြီး တြေလောကစူဠာမဏိဒေဝီ ဘွဲ့ ေးသနားတော် မူသည်။ [၃][၄] ရွှေအိမ်သည်မင်းသမီးသည် ပဋိက္ခရား အမည်ရှိသော နိုင်ငံခြားသား မင်းသားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည်ဟု ရာဇဝင်တွင် ဆိုကြသည်။[၅] ၁၀၈၄ ခုနှစ်တွင် ကျန်စစ်သား နန်းတက်ပြီးနောက် ပုဂံပြည်သို့ အလည်လာရောက်သော မင်းသားတစ်ပါးနှင့် ချစ်ကြိုက်ခဲ့သော်လည်း ဖခင် ကျန်စစ်သား သဘောမတူခဲ့သည့်အတွက် လက်မဆက်ဖြစ်ဘဲ စောလူးမင်း၏ သားတော် စောယွန်းမင်းသားနှင့် လက်ဆက်ပေးခဲ့ရာ ခမည်းတော် စကား မြေဝယ်မကျ နာခံသူ ရွှေအိမ်စည်ကလည်း လက်ခံကာ လက်ထပ်ခဲ့သည်ဟု ယူဆကြသည်။[၁][၆] စောယွန်းနှင့် သားနှစ်ဦး ထွန်းကားခဲ့ပြီး စိုးဆိုင်နှင့် စည်သူ တို့ဖြစ်ကြသည်။ ရွှေအိမ်စည် နှစ်ဦးသမိုင်းတွင် ရွှေအိမ်စည် အမည်တူ မင်းသမီးနှစ်ဦးရှိရာ ပထမတဦးမှာ ယခု မင်းသမီးဖြစ်သည်။ ဒုတိယတဦးမှာ နရပတိစည်သူ နှင့် မိဘုရား စောစနေတို့၏ သမီးတော်၊ ပုသိမ်မြို့စား နာဂသမန်း နှင့်အကြောင်းပါသူဖြစ်သည်။ [၇] မှတ်စု
ကိုးကား
|
Portal di Ensiklopedia Dunia