လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်
ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည် ရုပ်တရား နာမ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ဤလေးချက်ဖြင့် ပိုင်နိုင်စွာသိရှိမှ ဒိဋ္ဌိဝိသုဒ္ဓိ (စင်ကြယ်သန့်ရှင်းသော အသိဉာဏ်)သို့ ရောက်သည်[၁] ဓမ္မာနုပဿနာသတိပဋ္ဌာန်ကျင့်စဉ် ကောက်နုတ်ချက်ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရရဟန်းတော်သည် ..
၂။ ဝေဒနာ ၃။ သညာ ၄။ သင်္ခါရ ၅။ ဝိညာဏ ဤသို့လျှင် ဥပါဒါနက္ခန္ဓာ (၅)ပါးတည်းဟူသော ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍နေရန် ယောဂါဝစရ ရဟန်းတော်အား ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ [၂] အကြွင်းအကျန်မရှိ ကုန်စင်အောင် ရှုပါလက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားအားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိရမည် သိအောင်ရှုရမည်ဟု ဆိုလိုသည်။[၃][၂] ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားတော်မူချက်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ် (၂၈)ပါးကိုလည်းကောင်း, ပထဝီ-အာပေါ-တေဇော-ဝါယော စသော ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာ ဆိုင်ရာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း, ၂။ သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာကိုလည်းကောင်း, ယင်းဝေဒနာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း, ၃။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္ဓသညာဟူသော သညာအပြားကို လည်းကောင်း, ယင်းသညာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း, ၄။ ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ စသော သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော စေတသိက် အလုံး (၅၀)ကိုလည်းကောင်း, ယင်းစေတသိက် အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း, ၅။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်ဟူသော ဝိညာဏ်အပြားကိုလည်းကောင်း, ယင်းအသီးအသီးသော ဝိညာဏ်၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း သိအောင် ရှုရမည်။[၂] ၁။ လက္ခဏလက္ခဏာသည် သဘာဝလက္ခဏာ သာမညလက္ခဏာဟု လက္ခဏာနှစ်မျိုး ရှိ၏၊[၄]အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာသုံးပါးတို့သည် သင်္ခါရတရားအားလုံးတို့နှင့် သက်ဆိုင်သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏၊ ယင်း အများဆိုင် သာမညလက္ခဏာကား ဝိပဿနာပိုင်းနှင့်သာ သက်ဆိုင်သဖြင့် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုပွားသုံးသပ်ရမည် ဖြစ်၏၊ ရုပ်တရားအားလုံးတို့၏ သီတ-ဥဏှ = အအေး-အပူစသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးက ဖြစ်သွားသော ရုပ်သန္တတိအစဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဉ်၏ ဖြစ်ခြင်းဟူသော ဖြစ်ပုံအခြင်းအရာ မတူညီဘဲ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ဖြစ်ခြင်း = ရုပ္ပနလက္ခဏာသည် ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏၊[၅] နာမ်တရားအားလုံးတို့၏လည်း မိမိတို့၏ အာရုံပြုရာ ဆိုင်ရာဆိုင်ရာ အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းခြင်းသဘော = နမနလက္ခဏာသည်လည်း နာမ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏၊ ဤရုပ်တရား နာမ်တရားတို့၏ ရုပ္ပနလက္ခဏာ, နမနလက္ခဏာဟူသော သာမညလက္ခဏာကား ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်းနှင့် သက်ဆိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤနာမရူပပရိစ္ဆေဒ ဉာဏ်ပိုင်း၌ပင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏၊ ထိုထို ရုပ်တရား နာမ်တရားတို့၏ အများနှင့် မဆက်ဆံသော မိမိ၏ ကိုယ်ပိုင်အမှတ်အသား သဘောရင်းကို သဘာဝလက္ခဏာဟု ခေါ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ ယင်းပရမတ္ထဓမ္မ အသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏၊[၂] ၂။ ရသထိုထို ရုပ်တရား နာမ်တရား၏ မိမိ၏အကျိုးကို အစွဲပြု၍ ကျေးဇူးပြုတတ်သည်၏ အဖြစ်ကို ရသဟု ခေါ်ဆိုသည်။[၆] ယင်းရသသည်လည်း ပရမတ္ထဓာတ်သားတရားတို့၏ ပြုဖွယ်ကိစ္စဟူသော ကိစ္စရသ, အကြောင်းစုံညီ၍ ဖြစ်ပုံဟူသော သမ္ပတ္တိရသ, တစ်နည်း - ထင်ရှားရှိနေသော ဂုဏ်ဟူသော သမ္ပတ္တိရသဟု ရသနှစ်မျိုး ရှိ၏၊[၇] ထိုတွင် အချို့တရား၌ ကိစ္စရသ ထင်ရှား၍ အချို့တရား၌ သမ္ပတ္တိရသ ထင်ရှားကာ အချို့တရား၌ ကိစ္စရသ သမ္ပတ္တိရသ နှစ်မျိုးလုံး ထင်ရှား၏၊ ထိုရသများသည် ဆိုင်ရာတရား၌ ထင်ရှားလတ္တံ့။[၂] ၃။ ပစ္စုပဋ္ဌာန်ထိုထို ရုပ်တရား နာမ်တရား၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဟုတ်တိုင်း မှန်စွာ ဉာဏ်၏ ကျက်စားရာအာရုံ၏ အဖြစ်ကို ပစ္စုပဋ္ဌာန်ဟု ခေါ်ဆိုသည်။[၈] ထိုပစ္စုပဋ္ဌာန်သည်လည်း ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်, ဖလပစ္စုပဋ္ဌာန်ဟု (၂)မျိုး ရှိ၏၊[၉] ထိုတွင် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်ဟူသည် ထိုထို ပရမတ္ထဓာတ်သား တရားတစ်ခုခုကို ရှုဆင်ခြင်သည့်အခါ ဉာဏ်ဖြင့် ယူထိုက်သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထင်လာမြင်လာသော အခြင်းအရာတည်း။ ဖလပစ္စုပဋ္ဌာန်ဟူသည် မိမိ၏အကြောင်းတရားကို အစွဲပြု၍ ထိုအကြောင်း တရားနှင့် တူသည်၏ အဖြစ်ဖြင့် အကြောင်းတရားသို့ ရှေးရှုတည်နေတတ်သော သဘောတရားတည်း၊ ကိစ္စရသကြောင့် ရထိုက်သော အကျိုးတရားပင်တည်း။[၁၀][၂] ၄။ ပဒဋ္ဌာန်ထိုထိုပရမတ္ထဓာတ်သားကို ဖြစ်ပေါ်စေတတ်သော ဝေးသောအကြောင်းတရား နီးသောအကြောင်း တရားဟူသော အကြောင်းတရားများစွာတို့တွင် အနီးကပ်ဆုံးသော အကြောင်းတရားသည် ပဒဋ္ဌာန် မည်၏၊[၁၁] ထိုပဒဋ္ဌာန်ဟူသော စကားဖြင့် ထိုပရမတ်တရား၏ အကြောင်းတရားနှင့် စပ်သော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကို ညွှန်ပြလျက် ရှိ၏၊[၁၂][၂] ကြိုတင်သိမှတ်ရန်ရုပ်တရား နာမ်တရားတို့ကို ယင်းတို့၏ အမျိုးအစားများကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် သိမ်းဆည်းရမည် ရှုပွားရမည်ဖြစ်ရာ, ရုပ်တရား နာမ်တရားတို့မည်သည်မှာလည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိဘဲ ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိသည့်အလျောက် ရုပ်ကလာပ် နာမ်ကလာပ်များကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ ပရမတ်သို့ဆိုက်အောင် ဓာတ်ခွဲနိုင်ပါမှ ဤ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို ပြည့်ပြည့်စုံစုံ ပုံစံမှန် သဘောပေါက်နိုင်မည် ရှုနိုင်မည် ဖြစ်ပေသည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia