လောက (ဗုဒ္ဓဘာသာ)
လောက(ပါဠိ: လောက)ဆိုသည်မှာ အမြဲတည်လေ့မရှိ ပျက်စီးတတ်သောကြောင့် လောကဟု မည်သည်။ "အနိစ္စဘူတေန လုဇ္ဇတီတိ လောကော" (အနိစ္စဘူတေန - အမြဲထာဝရ တည်နေတတ်သည့် သဘောမရှိသောကြောင့်၊ လုဇ္ဇတိ - ပျက်စီးတတ်၏၊ ဣတိတသ္မာ - ထို့ကြောင့်၊ လောကော - လောကမည်၏။)[၁] လောကသည် သုံးမျိုးအပြားရှိ၏။ ၎င်းသုံးမျိုးတို့မှာ ဩကာသလောက၊ သင်္ခါရလောက၊ သတ္တလောကတို့ ဖြစ်သည်။[၁] ဩကာသလောကမဟာပထဝီမြေကြီး၊ သမုဒ္ဒရာအပြင် ပတ်ဝန်းကျင်၌ စကြဝဠာတောင်, အလယ်၌ မြင့်မိုရ်တောင်, ထိုမြင့်မိုရ်တောင်၏ အပြင်ပ၌ အသီးသီးသော သီတာ သမုဒ္ဒရာခုနစ်တန်တို့ဖြင့် ဝန်းရံအပ်ကုန်သော သတ္တရဘန်တောင်စဉ်ခုနစ်ထပ်, ထိုမှ ပြင်ပ၌ ကျွန်းကြီးလေးကျွန်းနှင့် ကျွန်းငယ်များစွာတို့သည်၎င်း, အထက်နတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာဘုံနှစ်ဆယ်တို့သည်၎င်း တစ်ခုသော "ဩကာသလောက" မည်သည်။ စကြဝဠာတိုက်တစ်ခုဟုလည်း ဆိုအပ်၏။ ဤစကြဝဠာတိုက်တစ်ခုမှ အရပ်ရှစ်မျက်နှာတို့၌ ဤကဲ့သို့ သဘောရှိကုန်သော စကြဝဠာတိုက်တို့သည်လည်း အနန္တ ရှိသေး၏။[၁] ထို့ပြင် မြတ်စွာဘုရားသည် တိကင်္ဂုတ္တရပါဠိတော်၊ အာနန္ဒဝဂ်၌ ဩကာသလောကနှင့် စပ်လျဉ်း၍
ဟူ၍ လောကဓာတ်သုံးပါးကို ဟောတော်မူခဲ့သည်။ ဤလောကဓာတ်သုံးပါးတို့သည်လည်း "ဩကာသလောက" ပင်မည်သည်။[၁] ထိုမှတစ်ပါးလည်း -
ဟူ၍ လောကဓာတ်သုံးပါး ရှိပြန်သည်။ ထိုမှတစ်ပါးလည်း လောကဓာတ်သည်
ဟူ၍ လောကဓာတ်သုံးပါး ရှိပြန်သည်။ ဤသုံးပါးသည်လည်း ဩကာသလောကပင် မည်၏။ ဘုံအားဖြင့် ဆိုရသော် -
ဩကာသလောကတည်ပုံဤမဟာပထဝီမြေကြီးသည် အောက်ရေအပြင်ကြီးပေါ်၌ တည်၏၊ ရေအပြင်ကြီးသည် လေအပြင်ကြီးပေါ်၌ တည်၏၊ ထိုလေအပြင်ကြီးသည် အောက်အဇဋာကာသ ကောင်းကင်ပြင်ပြီးပေါ်၌ တည်၏၊ ထိုအောက်အဇဋာကာသ ကောင်းကင်ပြင်ကြီးသည်ကား အောက်အဖို့အားဖြင့်၎င်း, ဖီလာအဖို့အားဖြင့်၎င်း အနန္တအဆုံးအစ မရှိသည်သာ ဖြစ်၏။ ထိုအောက်ကောင်းကင်အပြင်ကြီးမှာ မလှုပ်မရှားသော လေဆိုင်ကြီးတို့ဖြင့် ပြည့်၍ နေ၏။ ထိုလေဆိုင်အထုကြီးသည် ယူဇနာပေါင်း ကိုးသိန်းခြောက်သောင်း ရှိသည်ဖြစ်၍ လေးသိန်းရှစ်သောင်း အထုရှိသည့် ရေအပြင်ကြီးကို ရွက်ဆောင်၍ နေ၏။ ထိုရေအပြင်ကြီးသည် နှစ်သိန်းလေးသောင်း အထုရှိသော မြေအပြင်ကြီးကို ရွက်ဆောင်၍ နေလေ၏။ ထိုလေ ရေ မြေတို့ကို ကမ္ဘာလေ ကမ္ဘာရေ ကမ္ဘာမြေဟူ၍ ဆိုသည်။[၁] ဩကာသလောက ဖြစ်ပျက်ပုံရုပ်ကလာပ်တို့၌ သဟဇာတ်တည်ရှိသော တေဇောဓာတ်နှင့် ဇာတိ ဇရာ မရဏ တို့သည် ဩကာသလောကကြီး၏ ဖြစ်ပွားကြောင်း, ပျက်ပြားကြောင်း မည်၏။ တေဇောဓာတ်သည် ပူလောင်စေ၏၊ ရင့်ရော်အိုမင်းစေ၏၊ ရင့်ကျက်ခြင်းသို့ ရောက်စေတတ်၏။ ထို့ကြောင့် တေဇောဓာတ်သည် မိမိနှင့် အတူတကွ ဖြစ်သည့် ရုပ်တို့ကို အမြဲမပြတ် လောင်မြိုက်၏၊ ရင့်ရော်စေ၏၊ အခိုက်အတန့် တစ်ပါးမှ တစ်ပါးသို့ ရောက်စေ၏။ သီတတေဇောဓာတ်သည်လည်း အေးမြေသောဓာတ်ငွေ့ ဓာတ်ရှိန်အားဖြင့် ပြဆိုအပ်ပြီးသော တေဇောဓာတ်၏ ကိစ္စတို့ကို ဆောင်ရွက်ပြုလုပ်၍ နေ၏။ ဥဏဌတေဇောသည် သီတတေဇောထက် သာ၍ အစွမ်းထက်မြက်သည့်အတွက် အထူးပြောဖွယ် မလိုချေ။ သင်္ခတတရားတို့၏ ဖြစ်ပေါ်မှုဇာတိတစ်ခုတွင် သဘောလေးမျိုး ရှိ၏။ ထိုသဘောလေးမျိုးတို့သည် -[၁]
ထိုမှ နောက်ကာလ၌ အိုမင်းရင့်ရော်စေသော ဇိရဏတေဇောဓာတ်ဒဏ်ချက်ကို နှိပ်စက်ခြင်းခံလျက်သာလျှင် တစ်ဆင့်တစ်ဆင့် ရင့်ရော်အိုမင်းခြင်း ဇရာခေတ်သို့ ရောက်လေသည်။ အိုမင်းတိုင်း အိုမင်းတိုင်း ဆုတ်ယုတ်၍ ဆုတ်ယုတ်၍ လာ၏၊ အဆုံးစွန်၌ သေဆုံးပျက်စီးကာ မရဏခေတ်တွင်းသို့ ကျရောက်၍ ပျက်စီးကုန်ဆုံးခြင်းသို့ ရောက်၏။ ဤသို့ဖြစ်မှုသည် ကြီးကျယ်သော သင်္ခတဝတ္ထုတို့၌ အလွန်ထင်ရှား၏။ ဤသို့ ဖြစ်ပေါ်ကြီးပွားပြီး၍ ပျက်စီးကုန်ဆုံးတတ်သော သဘောသည် လောကဓမ္မတာကြီး ဖြစ်၏။ ဓမ္မနိယာမလည်း မည်၏။[၁] သင်္ခါရလောကဩကာသလောကတွင် ပြုပြင်ဖြစ်ပျက်၍ နေကြကုန်သော သစ်ပင်ချုံနွယ်စသော ဗီဇဂါမ် ဘူတဂါမ် အပေါင်းတို့သည်၎င်း, အိမ် ကျောင်း လှည်း ရထား ရွှေ ငွေ ရတနာ အဝတ်ပုဆိုး စသည့် အတွင်းသုံးအဆောင် အပအသုံးအဆောင်တို့သည်၎င်း "သင်္ခါရလောက" မည်၏။[၁] အကျဉ်းအားဖြင့် ဆိုပါက ခန္ဓာငါးပါး, အာယာတန တစ်ဆယ့်နှစ်ပါး, ဓာတ်တစ်ဆယ့်ရှစ်ပါး ပဋိစ္စသမုပ္ပါဒ်တရားတို့သည် သင်္ခါရလောက မည်သည်။[၁] သတ္တလောကသတ္တလောက ဆိုသည်မှာ သတ္တဝါတစ်ဦး, ပုဂ္ဂိုလ်တစ်ဦးဟူ၍ ဆိုအပ်ကုန်သည့် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်, လူ, နတ်, ဗြဟ္မာ ဟူသမျှသည် "သတ္တလောက" မည်၏။[၁] ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ဒွိဟိတ် တိဟိတ်ဟု ဆိုအပ်သော ပုဂ္ဂိုလ်လေးယောက်၊ အရိယာရှစ်ယောက် ဤတစ်ဆယ့်နှစ်ယောက်သော ပုဂ္ဂိုလ်များသည်လည်း သတ္တလောကမည်၏။ ထိုမှတပါး ကုန်း၌, ရေ၌, ကောင်းကင်၌ ကျက်စားသော သတ္တဝါ၊ ဥ၌ သဋိသန္ဓေနေသော အဏ္ဍဇသတ္တဝါ၊ အညှိကိုစွဲ၍ ပဋိသန္ဓေနေသော သံသေဒဇသတ္တဝါ၊ ကိုယ်ထင်ရှား ဖွားကနဲဖြစ်င ဖြစ်ပေါ်လာသော ဩပပါတိက သတ္တဝါတို့သည်လည်းကောင်း၊ အခြေမရှိသော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်း ရှိသော သတ္တဝါ၊ အခြေများစွာ ရှိသော သတ္တဝါ၊ ရုပ်ရှိသော သတ္တဝါ၊ ရုပ်မရှိသော သတ္တဝါ၊ သညာရှိသော သတ္တဝါ၊ သညာမရှိသော သတ္တဝါ၊ သညာရှိသည်းမဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါတို့သည်၎င်း သတ္တလောက မည်၏။[၁] အလုံးစုံသော ဩကာသလောက, သတ္တလောက ဟူသမျှသည် သင်္ခါရလောက၌ အကျုံးဝင်သည်။ အဘယ်ကြောင့်နည်းဟူမူ ပြုပြင်ခြင်း ဖြစ်ပျက်ခြင်းတို့မှ မလွတ်ကင်းကြသောကြောင့် ဖြစ်သည်။ သို့ရာတွင် အမည်, ပုဂ္ဂိုလ် သတ္တဝါဟူသော အမည်အားဖြင့် တသီးတခြားစီ ဝေဖန်ပြီးလျှင် ဩကာသလောက, သတ္တလောကဟူ၍ ဆိုရသည်။[၁] ကိုးကား |
Portal di Ensiklopedia Dunia