မူဆယ်မြို့

မူဆယ်
မြို့
Skyline of မူဆယ်
မူဆယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မူဆယ်
မူဆယ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 23°58′45″N 97°54′17″E / 23.97917°N 97.90472°E / 23.97917; 97.90472ကိုဩဒိနိတ်: 23°58′45″N 97°54′17″E / 23.97917°N 97.90472°E / 23.97917; 97.90472
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်မူဆယ်ခရိုင်
မြို့နယ်မူဆယ်မြို့နယ်
လူဦးရေ
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မူဆယ်မြို့ (ရှမ်း: မူႇၸေႊ; တရုတ်: 木姐) သည် မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်မူဆယ်မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ရွှေလီမြစ်ကမ်းနံဘေးတွင် တည်ရှိကာ တစ်ဖက်ကမ်းရှိ တရုတ်နိုင်ငံယူနန်ပြည်နယ်ရွှေလီမြို့နှင့် တံတားဖြင့် ဆက်သွယ်ထားသည်။[][][]

သမိုင်းကြောင်း

လွန်လေပြီးသော နှစ်ပေါင်းခုနှစ်ရာကျော်ကာလ ခရစ်သက္ကရာဇ် AD ၁၂၈၀ ခု၊ သျှမ်းသက္ကရာဇ် ၁၃၇၄ ခု ( ကာပ်ယီး ဟုခေါ်သော ကျားနှစ် )၊ ကောဇာသက္ကရာဇ် ၆၄၂ ခုတွင် ဝိန်းဝိုင်ပြည်၌ ထီးနန်းစိုးစံတော်မူသော သျှမ်းမင်း စဝ်ခွန်ဖန်ခမ်းသည် ရွှေလီမြစ်ကမ်းတစ်နေရာတွင် ရှေးဦးစွာ အိမ်ခြေ (၈) အိမ်သာရှိသည့် ဈေးရွာကလေးတစ်ရွာကို တည်ခဲ့လေသည်။ နောင်အခါ သက္ကရာဇ် AD ၁၃၀ဝ ခုနှစ်တွင်မှ ထိုဈေးရွာကလေးကို မြို့အဆင့်သတ်မှတ်ပြီး ပူမုံ ( ရှေးသျှမ်းပြည်အုပ်ချုပ်ရေး စနစ်အရ တိုက်နယ်သူကြီး အထက်မြို့စားမင်း အောက်အဆင့်ရှိ အုပ်ချုပ်သူရာထူးတစ်မျိုး ) တစ်ပါးကို စီမံအုပ်ချုပ်စေကာ ထိုမြို့ကိုလည်း မူကျေ ( မူဆယ်မြို့) ဟုခေါ်တွင်စေသည်။

နေရာ

ယခု မူဆယ်မြို့၏ လေယာဉ်ကွင်းဟောင်းမြောက်ဘက်ရှိ လာစန့်ဒေသ ဝန်းကျင်တွင် တည်ရှိပြီး ထိုဒေသအနီးတွင် မိုင်းမောဝ်ပြည် မင်းဆက်များအုပ်စိုးစဉ်က နာမည်ကြီး ခိုစုန် ခိုဖူး တံတား (ရေမြှပ် ရေပေါ်တံတား) တစ်စင်းရှိခဲ့ဖူးလေသည်။ နောင်ကာလတွင် ထိုဒေသမှ နောင်မိုလုံ ( ကြာအင်းကြီး) ဝန်းကျင် ( နော်င်မိုလုံ မှာ ကမ္ဘောဇဘဏ်ရှေ့ ယခင်မြို့နယ်အားကစား ကွင်းဟောင်းနေရာဖြစ်ပြီး ယခုမူ လူနေအိမ်၊ တိုက်ခန်းနေရာများ အဖြစ်ပြောင်းလဲသွားခဲ့ပေပြီ။) သို့ ရွှေ့ပြောင်းမြို့တည်ခဲ့သည်။ ထို့နောက် ညောင်ပင်ကြီး (၁၆) ပင်ရှိသောနေရာတွင် ဈေးကြီးတစ်ခုတည်ခဲ့သည်။ ( ယခု အမှတ် ၁ ဈေးဟုခေါ်သည်) ထိုစဉ်က လူနေအိမ်ခြေအများစုမှာ ယခုတောင်ရပ်ကွက်ရှိ ဝေဠုဝန်ဘုရားကျောင်း နေရာတဝိုက်တွင် စည်ကားခဲ့သောကြောင့် မြို့လယ်ဗဟိုချက် အဆောင်အဦကို တောင်ရပ်ကွက်တွင်းတည်ထားပြီး ၎င်းရပ်ကွက်အတွင်းရှိ ဝေဠုဝန် ဘုရားကျောင်းကိုလည်း ဝတ်ကန်ဝိန်း (ဝတ်ႉၵၢင်ဝဵင်း)(မြို့လယ်ကျောင်း) ဟုသာ ယခုတိုင်ခေါ်ဝေါ်နေကြဆဲဖြသ်သည်။

စိတ်ဝင်စားဖွယ် နေရာများ

မူဆယ်မြို့ရှိ လူသိများသော မင်္ဂလာမူဆယ်

မူဆယ်မြို့သည် ဈေးသည်၊ ကုန်သည်များနှင့် နေ့နံသင့်ခဲ့သည်မှာ မြို့စတင် တည်ထောင်ကတည်းကပင်ဖြစ်လေသည်။ မဆလ အစိုးရခေတ်၌လည်း တရုတ်ပြည် မှောင်ခိုပစ္စည်းများနှင့် စည်ကားခဲ့၏။ ယခုခေတ်ကာလ၌လည်း တရုတ်ပြည်နှင့် နှစ်နိုင်ငံကုန်စည် ပစ္စည်းများ လွတ်လပ်စွာစီးဆင်းသွားလာမှုကြောင့် ပို၍စည်ကားပြန်၏။

  1. ၁၀၅မိုင် ကုန်သွယ်ရေးဇုန်
  2. ကောင်းမူးခမ်း (သို့) ရွှေသမင်ကျောင်းတော်ရွှေစေတီ
  3. မဟာဝန်ကျောင်း
  4. လွယ်တိန်ခမ်းတောင်တော်
  5. မင်္ဂလာ မူဆယ်
  6. SJ အပန်းဖြေ ဥယျာဉ်
  7. မူဆယ်ဂေါက်ကလပ်
  8. လေယာဉ်ပျံ စာသောက်ဆိုင်
  9. စက်မှုပန်းခြံ
  10. ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီဆုတောင်းပြည့်စေတီ(၁၀၅မိုင်)
  11. တုန်ခန်ကျောင်း
  12. လှိုင်ဂူဘုရား
  13. မူဆယ်တပည့်တော်စုဘုရားကျောင်း

ကိုးကား

  1. Burma RoadNational Geographic Magazine, July 1995။ 2008-10-25 တွင် ပြန်စစ်ပြီး။
  2. Mansfield၊ Stephen။ "Myanmar's Chinese Connection"၊ The Japan Times, May 13, 1999။ 2008-10-25 တွင် ပြန်စစ်ပြီး 
  3. Fullbrook၊ David။ "Inland China's route to prosperity"၊ Asia Times Sep 30, 2006။ 2008-10-25 တွင် ပြန်စစ်ပြီး။ Archived from the original on 25 January 2021။ 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya