ဝီကီပီးဒီးယား:ကိုယ်တိုင် ထုတ်ဖော်ထားသော သုတေသနများ
![]() ဝီကီပီးဒီးယား ဆောင်းပါးများတွင် ကိုယ်တိုင်ထုတ်ဖော်ထားသည့် သုတေသနများ (original research) မပါဝင်ပါ။ "ကိုယ်တိုင်ထုတ်ဖော်ထားသည့် သုတေသနများ" ("original research" အတိုကောက် OR) ဟူသော စကားစုကို ယုံကြည်စိတ်ချရသော၊ ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် ကိုးကားရင်းမြစ် မရှိသည့် အချက်အလက်များ၊ စွပ်စွဲချက်များနှင့် အတွေးအခေါ်ယုံကြည်ချက်များ စသည့် အကြောင်းအရာများအား ဝီကီပီးဒီးယား၌ ရည်ညွှန်းရာတွင် အသုံးပြုသည်။[မှတ်စု ၁] ယင်းတို့တွင် မည်သည့် ခွဲခြမ်းစိတ်ဖြာချက် သို့မဟုတ် သတင်းရင်းမြစ်များကိုယ်တိုင်က ရှင်းရှင်းလင်းလင်း မဖော်ပြထားသော ကောက်ချက်တစ်ခုသို့ ရောက်ရှိရန် သို့မဟုတ် အဓိပ္ပာယ်သက်ရောက်စေရန် ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် အကြောင်းအရာများအား ပေါင်းစပ်ခြင်းတို့ ပါဝင်သည်။ ကိုယ်တိုင်ဖော်ထုတ်သော သုတေသနများအား ထည့်သွင်းခြင်းမရှိကြောင်း သင်ကိုယ်တိုင် သက်သေပြရန်အတွက်မှာ ဆောင်းပါးအကြောင်းအရာနှင့် တိုက်ရိုက် ဆက်စပ်မှုရှိပြီး အကြောင်းအရာအပေါ် တိုက်ရိုက် ထောက်ပံ့မှုရှိသော[မှတ်စု ၂] ယုံကြည်စိတ်ချရပြီး၊ ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် ရင်းမြစ်များကို ကိုးကားပြုရမည် ဖြစ်သည်။ ကိုယ်တိုင်ထုတ်ဖော်ထားသော သုတေသနများအား ကန့်သတ်ချက်ဆိုသည်မှာ ဆောင်းပါးများသို့ ထည့်သွင်းလိုက်သော အကြောင်းအရာများအားလုံးသည် ကိုးကားတစ်ခုခုဖြင့် အတည်မပြုထားသော်ငြားလည်း ယုံကြည်စိတ်ချရသော ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် ရင်းမြစ်များဖြင့် စိစစ်အတည်ပြုခံနိုင်ရမည် ဖြစ်သည်။ ကိုးကားအဆိုများအားလုံးနှင့် စောဒကတက်ခံရသော သို့မဟုတ် စောဒကတက်ခြင်း ခံရနိုင်သော မည်သည့်အကြောင်းအရာမဆို ယုံကြည်စိတ်ချရသော ရင်းမြစ်တစ်ခုအား ကိုးကားအနေဖြင့် ထည့်သွင်းပေးရမည်ဟု စိစစ်အတည်ပြုခံနိုင်မှု မူဝါဒတွင် ဖော်ပြထားသည်။ သို့သော် မည်သည့်အခါတွင်မျှ စောဒကတက်ခြင်း ခံရမည်မဟုတ်သော အကြောင်းအရာတစ်ခုအတွက် ကိုးကားရင်းမြစ်တစ်ခုသည် အမြဲရှိနေမည် ဖြစ်သည်။[မှတ်စု ၁] ဥပမာအားဖြင့် "ပြင်သစ်နိုင်ငံ၏ မြို့တော်မှာ ပါရီမြို့ ဖြစ်သည်" ဟူသည့် ဖော်ပြချက်အတွက် ကိုးကားရင်းမြစ် မလိုအပ်သလို ယင်းသည် ပင်ကိုယ်ရေး အတွေးအခေါ်သုတေသနလည်း မဟုတ်ပေ။ ယင်းဖော်ပြချက်သည် သင့်အတွေးမှ ပေါ်ပေါက်လာခြင်း မဟုတ်သလို အလွယ်တကူပင် စိစစ်အတည်ပြုနိုင်ခြင်းကြောင့် မည်သူကမျှ ကန့်ကွက်လိမ့်မည် မဟုတ်ပါ။ ထို့အပြင် ယင်းဖော်ပြချက်တွင် ကိုးကားမပါသော်လည်း ယင်းအတွက် ကိုးကားရင်းမြစ်များ ရှိနေကြောင်း ကျွန်ုပ်တို့ သိပြီးဖြစ်သည်။ ဖော်ပြချက်သည် စိစစ်အတည်မပြုထားသော်လည်း စိစစ်အတည်ပြုခံနိုင်ပြီး ဖြစ်သည်။ ခိုင်လုံသော ရင်းမြစ်ကိုးကားများ လိုအပ်ချက်ကြောင့် သင့်အနေဖြင့် ရင်းမြစ်များအား တိုက်ရိုက် စာကူးယူခြင်း သို့မဟုတ် ယင်းတို့၏ မူပိုင်ခွင့်အား ချိုးဖောက်ခြင်းများကို မပြုလုပ်ရပါ။ ရင်းမြစ်ကိုးကား အကြောင်းအရာများအား သင့်ရေးဟန်ဖြင့် ပြန်လည်ရေးသားခြင်းအား ပင်ကိုယ်ရေး သုတေသနများဟု မသတ်မှတ်ပါ။ "ကိုယ်တိုင် ထုတ်ဖော်ထားသော အချက်အလက်များ ကင်းရှင်းမှု" (NOR) သည် ဘက်မလိုက်သော အမြင် နှင့် စိစစ်အတည်ပြုခံနိုင်မှုတို့နှင့်အတူ အဓိက အကြောင်းအရာ မူဝါဒကြီး သုံးခုတွင် အပါအဝင်ဖြစ်ပြီး ဝီကီပီးဒီးယား ဆောင်းပါးများတွင် လက်ခံမည့် အကြောင်းအရာများ၏ အမျိုးအစားနှင့် အရည်အသွေးကို ဆုံးဖြတ်သည်။ ယင်းမူဝါဒသုံးခုသည် အချင်းချင်း ဟန်ချက်ညီညီ လုပ်ဆောင်နေခြင်းကြောင့် ယင်းတို့အား တစ်ခုခြင်းစီ ခွဲခြားထုတ်နုတ်ခြင်း မပြုလုပ်သင့်ပေ။ ဤမူဝါဒသည် ဆွေးနွေးချက် စာမျက်နှာများ နှင့် ဖျက်ပစ်ရန် ဆွေးနွေးခြင်းနှင့် မူဝါဒသင်ပုန်းများကဲ့သို့သော ဆောင်းပါးအကြောင်းအရာနှင့် ရင်းမြစ်များအပေါ် သုံးသပ်သည့် အခြားစာမျက်နှာများအတွက် အကျုံးမဝင်ပါ။ မှတ်စုများ
ကိုးကားဆက်လက်ဖတ်ရှုရန်
|
Portal di Ensiklopedia Dunia