| ဝီကီပီးဒီးယားကို ဖွံ့ဖြိုးတိုးတက်လာအောင် သင်ကူညီပေးဖို့ ဆန္ဒရှိတဲ့အတွက် ကျွန်ုပ်တို့ ဝမ်းမြောက်ဂုဏ်ယူပါတယ်။ သင့်အနေနဲ့ ဤ အဖွဲ့အစည်းထဲမှာ ပျော်ရွှင်လိမ့်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။ အောက်မှာ ချိတ်ဆက်ဖော်ပြထားတာတွေကတော့ ဝီကီပီးဒီးယား အသုံးပြုခြင်း၊ သုံးသပ်ချက်ပေးခြင်းနဲ့ တည်းဖြတ်ခြင်းတွေအတွက် လိုအပ်မယ့် အခြေခံ မိတ်ဆက် စာမျက်နှာတွေ အကျဉ်းချုပ်ပဲ ဖြစ်ပါတယ်။ |
ပံ့ပိုးဆောင်ရွက်သူအသစ်တစ်ယောက်အနေနဲ့ ဝီကီပီးဒီးယား အမည်ရှိတဲ့ ဒီပရောဂျက်ရဲ့ ကျယ်ပြန့်မှုကို သင့်အနေနဲ့ အနည်းငယ် ရှိန်ကောင်းရှိန်နေနိုင်ပါတယ်။ ယေဘုယျ အမြင်နဲ့ သင်တည်းဖြတ်သွားတာတွေကို လက်ခံလို့ရတဲ့အတွက် အစောပိုင်းအချိန်တွေမှာ အရာအားလုံးကို သင့်အနေနဲ့ နားမလည်နိုင်သေးတာကို မစိုးရိမ်ပါနဲ့။ ရဲရဲဝံ့ဝံ့ရှိဖို့၊ မျှမျှတတရှိဖို့၊ တိကျသေချာဖို့နဲ့ ရှေ့ဆက်သွားဖို့ ကျွန်ုပ်တို့ တိုက်တွန်းလိုပါတယ်။
ဝီကီပီးဒီးယားတွင် ပါဝင်ပံ့ပိုးခြင်း စာမျက်နှာမှာ ဝီကီပီးဒီးယားကို တည်းဖြတ်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေ၊ လင့်ခ်တွေ၊ ဗီဒီယိုတွေနဲ့ အခြား လိုအပ်တဲ့ အခြေခံအချက်အလက်တွေကို ဖော်ပြထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်။ မဏ္ဍိုင်ငါးရပ်ကတော့ အများဆုံး ပတ်သက်ဆက်နွယ်နေတဲ့ ဝီကီပီးဒီးယား နိယာမတွေရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။ community portal က ပေါင်းစည်းဆောင်ရွက်နိုင်ဖို့အတွက် ဗဟိုချက်တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ တစ်နေနေရာမှာ သင်အခက်အခဲဖြစ်နေခဲ့ရင် သင့်မေးခွန်းတွေကို ကူညီဖြေရှင်းပေးမယ့် စေတနာ့ဝန်ထမ်းတွေ ရှိနေပါတယ်။ နောက်ထပ်အချက်အလက်တွေအတွက် အကူအညီ ရယူခြင်း မှာ ကြည့်ပါ။
ကျူတိုရီရယ်များ
- မိတ်ဆက်: တည်းဖြတ်ပုံတွေကို ရှင်းလင်ပြသထားတဲ့ ကျွန်ုပ်တို့ရဲ့ အဓိကလမ်းညွှန်မိတ်ဆက် စာမျက်နှာ ဖြစ်ပါတယ်။
- သင်၏ ပထမဆုံး ဆောင်းပါး: ဆောင်ရန်၊ ရှောင်ရန် အချက်အချို့တွေကို ရှင်းပြထားပြီး ဆောင်းပါးသစ်တစ်ခု ဘယ်လိုဖန်တီးမလဲဆိုတာ ဖော်ပြထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်။
သီးခြား ခေါင်းစဉ် မိတ်ဆက်များ
- ဝီကီပီးဒီးယား လမ်းညွှန် မိတ်ဆက်: အပိုင်း ငါးပိုင်း ပါဝင်တဲ့ ဝီကီပီးဒီးယား လမ်းညွှန် ဖြစ်ပါတယ်။ (မိတ်ဆက်၊ အမည်ညွှန်းများ၊ စာမျက်နှာများ ရှာဖွေခြင်းနှင့် ပြန်ညွှန်းများ၊ အသုံးဝင်မယ့် စာမျက်နှာများ၊ အနှစ်ချုပ်)
အစဉ်အလာများနှင့် လုပ်ထုံးများ
ရင်းမြစ်တည်းဖြတ်ခြင်းဖြင့် တည်းဖြတ်ခြင်း
- တည်းဖြတ်ခြင်း မိတ်ဆက်: အပိုင်းခြောက်ခု ပါဝင်သော တည်းဖြတ်ခြင်းလမ်းညွှန်: စာမျက်နှာများ တည်းဖြတ်ခြင်း၊ ပုံစံချခြင်း၊ ချိတ်ဆက်ခြင်းနှင့် ဝီကီလင့်ခ်များ၊ ပြောင်းလဲမှုများ သိမ်းဆည်းခြင်း၊ ဆောင်းပါးသစ်များ ဖန်တီးခြင်းနှင့် အနှစ်ချုပ်။
- ကိုးကားထည့်ခြင်း မိတ်ဆက်: အပိုင်းငါးခု ပါဝင်သော ကိုးကားထည့်ခြင်း မိတ်ဆက်: စိစစ်အတည်ပြုခံနိုင်မှု၊ စာကြောင်း ကိုးကားများ၊ RefToolbar; ယုံကြည်စိတ်ချရသော ရင်းမြစ်များနှင့် အနှစ်ချုပ်။
- ပုံတင်ခြင်း မိတ်ဆက်: အပိုင်းလေးခု ပါဝင်သော ပုံတင်ခြင်း လမ်းညွှန်: မိတ်ဆက်၊ ပုံတင်ခြင်း၊ ပုံအသုံးပြုခြင်းနှင့် အနှစ်ချုပ်။
- ဇယားများ မိတ်ဆက်: အပိုင်းလေးခု ပါဝင်သော ဇယားထည့်ခြင်း လမ်းညွှန်: ဇယားများ မိတ်ဆက်၊ ဇယားများ တည်းဖြတ်ခြင်း၊ ဇယားများ ချဲ့ကားခြင်းနှင့် အနှစ်ချုပ်။
- ဆွေးနွေးချက် စာမျက်နှာများ မိတ်ဆက်: အပိုင်း ခြောက်ခုပါဝင်သော ဆွေးနွေးချက် စာမျက်နှာများ အသုံးပြုခြင်း လမ်းညွှန်: ဆွေးနွေးချက် စာမျက်နှာများ၊ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာများ၊ ပုံစံ၊ နမူနာများ၊ အာရုံစိုက်စေရန် ဆွဲဆောင်ခြင်းနှင့် အနှစ်ချုပ်။
မျက်မြင်တည်းဖြတ်ဖြင့် တည်းဖြတ်ခြင်း
- မျက်မြင်တည်းဖြတ်ဖြင့် တည်းဖြတ်ခြင်း မိတ်ဆက်: အပိုင်းခြောက်ခု ပါဝင်သော မျက်မြင်တည်းဖြတ်ဖြင့် တည်းဖြတ်ခြင်း မိတ်ဆက်: တည်းဖြတ်မြင်ကွင်း ဖွင့်ခြင်း၊ ကိရိယာဘား အခြေခံများ၊ အချိတ်အဆက်များနှင့် ဝီကီလင့်ခ်များ၊ ပြောင်းလဲမှုများ လွှင့်တင်ခြင်း၊ ဆောင်းပါးသစ်များ ဖန်တီးခြင်းနှင့် အနှစ်ချုပ်။
- မျက်မြင်တည်းဖြတ်ဖြင့် ကိုးကားခြင်း မိတ်ဆက်: အပိုင်းခြောက်ခု ပါဝင်သော ကိုးကားထည့်ခြင်း မိတ်ဆက်: စိစစ်အတည်ပြုခံနိုင်မှု၊ ကိုးကားများ ထည့်ခြင်း၊ ရှိနှင့်ပြီး ကိုးကားများ တည်းဖြတ်ခြင်း၊ ကိုးကားများ ပြန်လည်အသုံးပြုခြင်း၊ ယုံကြည်စိတ်ချရသော ရင်းမြစ်များနှင့် အနှစ်ချုပ်။
- မျက်မြင်တည်းဖြတ်ဖြင့် ပုံတင်ခြင်း မိတ်ဆက်:အပိုင်းခြောက်ခု ပါဝင်သော ပုံတင်ခြင်း လမ်းညွှန်: မိတ်ဆက်၊ ပုံတင်ခြင်း၊ ပုံအသုံးပြုခြင်း၊ အသေးစိတ် တည်းဖြတ်ခြင်း၊ ပုံပြခန်းများနှင့် အနှစ်ချုပ်။
- မျက်မြင်တည်းဖြတ်ဖြင့် ဇယားများထည့်ခြင်း မိတ်ဆက်: အပိုင်းငါးခု ပါဝင်သော စာမျက်နှာများတွင် ဇယားများထည့်ခြင်း လမ်းညွှန်: ဇယားများ မိတ်ဆက်၊ ဇယားများ တည်းဖြတ်ခြင်း၊ ဇယားအသစ်များ ထည့်ခြင်း၊ ဇယားများ ချဲ့ကားခြင်းနှင့် အနှစ်ချုပ်
လမ်းညွှန်များ
လမ်းညွှန်ချက်အတိုများ
အထူးပြု ကျူတိုရီရယ်များ
အကူအညီ ရင်းမြစ်များ