အကူအညီ:Viewing media


ဝီကီပီးဒီးယား သည် အကြောင်းအရာများကို ပိုမိုကောင်းမွန်စေရန်နှင့် အယူအဆများကို ရှင်းလင်းစေရန် စာသားသက်သက်ထက် multimedia ဖိုင်အမျိုးမျိုးကို အသုံးပြုလျက်ရှိသည်။ multimedia ဖိုင်များတွင် ပုံများ (ဓါတ်ပုံများ သို့မဟုတ် ပုံစံကားချပ်များ)၊ အသံဖိုင် သို့မဟုတ် ဗွီဒီယိုဖိုင်များ ပါဝင်သည်။ ဖိုင်အများအပြားကို ညီအစ်မ ပရောဂျက်ဖြစ်သော Wikimedia Commons တွင် သိမ်းဆည်းထားပြီး ဝီကီပီးဒီးယားတွင် မျှတဘက်မလိုက်စွာ အသုံးပြုသည်။

ဖိုင်များအားလုံးတွင် အောက်ပါအစိတ်အပိုင်း ငါးခုပါဝင်သည့် ဖိုင်အကြောင်း စာမျက်နှာ ရှိသည်။

  • ဖိုင်ကိုယ်တိုင်
  • ဖိုင်အကြောင်း ဖော်ပြချက်
  • "ဖိုင်မှတ်တမ်း" - ဖိုင်ဗားရှင်းအသစ်ကို နာမည်တူဖိုင်အနေဖြင့် တင်လိုက်သည့်အခါ ယခင်ရှိပြီးသားဖိုင်ကို အစားထိုးလိုက်ပြီး ဖိုင်အဟောင်းမှာ ဖိုင်မှတ်တမ်းမှတဆင့်သာ ကြည့်ရှုနိုင်သည်။
  • "ဖိုင်အဆက်အသွယ်များ" - ဖိုင်ထည့်သွင်းထားသည့် စာမျက်နှာများ စာရင်း
  • "Metadata" (ပုံများအတွက်သာလျှင်) - ဖိုင်၏ နည်းပညာဆိုင်ရာ သတင်းအချက်အလက်များနှင့် အသုံးပြုထားသော ပစ္စည်းများ (ဥပမာ။ ကင်မရာ မော်ဒယ် စသည်)

ဝီကီပီးဒီးယားပေါ်ရှိ ဖိုင်အများစုကို နမူနာပုံသေးအနေဖြင့် စကေးချုံ့ထားသည်။ ဆောင်းပါးဖတ်ရှုသူအနေဖြင့် နမူနာပုံသေးပေါ်နှိပ်လိုက်သည့်အခါ သို့မဟုတ် ပုံခေါင်းစဉ် ဘေးရှိ နှစ်ထပ်ထောင့်မှန်စတုဂံပုံသေး (ရှိလျှင်) ကိုနှိပ်ခြင်းဖြင့် ဖိုင်စာမျက်နှာနှင့် ရုပ်ပုံ၏ ပုံအကြီးကို တွေ့မြင်နိုင်သည်။ ဖိုင်အကြောင်း စာမျက်နှာမှတဆင့် ရုပ်ပုံပေါ်တွင် ထပ်မံနှိပ်ခြင်းဖြင့် ပုံဆိုဒ်အကြီးဆုံးကို ကြည့်ရှုနိုင်သည်။

ဝီကီပီးဒီးယားပေါ်ရှိ အသံဖိုင်နှင့် ဗွီဒီယိုဖိုင်အများစုမှာ Ogg Vorbis (အသံဖိုင်) သို့မဟုတ် Ogg Theora (ဗွီဒီယိုဖိုင်) များဖြစ်ကြသည်။ ဝက်ဘ်ဘရောက်ဆာများဖြစ်သည့် Mozilla Firefox (ဗားရှင်း ၃.၅ နှင့်အထက်) နှင့် Google Chrome (ဗားရှင်း ၃ နှင့်အထက်) တို့သည် ယင်းဖိုင်များကို အလိုအလျောက် ဖွင့်ပေးနိုင်သည်။ အခြားသော ဘရောက်ဆာများအသုံးပြုပါက ဂျာဗားကို ထည့်သွင်းရန် လိုအပ်ပေလိမ့်မည်။

အခြားကြည့်ရန်



Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya