အာဋာနာဋိယသုတ်
အာဋာနာဋိယသုတ် သည် ဒီဃနိကာယ်၏ (၃၂) ခုမြောက်သုတ်ဖြစ်၍ ဂိဇ္ဈကုဋ်တောင်၌ ဟောကြားခဲ့သည်။[၁][၂] ဤသုတ်သည် ဘုရားမြတ်စွာကို မကြည်ညိုမမြတ်နိုးသော နတ်များ၊ ဂန္ဓဗ္ဗများ၊ ယက္ခများသည် ဘုရားမြတ်စွာ၏ ဥပါသကာနှင့် ဥပါသိကာတို့အား အနှောင့်အယှက်ပေးခဲ့သော် မည်သို့မည်ပုံ ချွတ်လွှဲရမည့်အကြောင်း ညွှန်ပြသောသုတ်ဖြစ်သည်။[၃] မြတ်စွာဘုရားလက်ထက်တော်အခါက သာသနာတော်ကို မသက်ဝင် မယုံကြည်ကြသော၊ သီလစောင့်သူများ၏ ဘုန်းကံကို မခံနိုင်သော ဘီလူး မိစ္ဆာများက သာသနာ့အနွယ်ဝင် ပရိသတ်လေးပါးဖြစ်သော ရဟန်း၊ ရဟန်းအမ၊ သာသနာ့ ဒါယကာ၊ သာသနာ့ ဒါယိကာမတို့ကို ဖမ်းဆီးနှောင့်ယှက်ကြလေသည်။ ထို မိစ္ဆာဘီလူးများ ယဉ်ကျေးလာပြီး သာသနာတော်တွင် သက်ဝင်ယုံကြည်လာစေရန် အာဋာနာဋိယသုတ် ရွတ်ဆိုစေသည်။ နောက်ခံအာဋာနာဋိယသုတ်ဖြစ်ပေါ်လာပုံမှာ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးသည် အာဋာနာဋ ဟုခေါ်ဆိုသော နတ်မြို့တော်၌ စုရုံးစည်းဝေးကြကာ ဝိပဿီဘုရားမှစ၍ ဂေါတမဘုရားအထိ ခုနှစ်ဆူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏ ဂုဏ်တော်ကို အာရုံပြု၍ ရှိခိုးပြီး အာဋာနာဋိယသုတ်ကို ဖွဲ့ဆိုခဲ့ကြသည်။ ထို့နောက်မှ ဘုရားရှင်၏ ဓမ္မစက်၊ ၎င်းတို့၏ အာဏာစက်ကို မခံယူကြသော နတ်ဆိုးများကို ဤသို့ ဤသို့သော နတ်ပြစ်ဒဏ်များခတ်မည် ဆိုကြသည်။ ထိုသို့ဆိုကြပြီးနောက်မှသာ လူ့ပြည်ရှိ ဂေါတမ မြတ်စွာဘုရားရှင်ရှိရာသို့ များပြားသော နတ်စစ်သည်ဗိုလ်ပါများနှင့်အတူ သွားခဲ့ကြသည်။[၄] စတုမဟာရာဇ်နတ်မင်းကြီးလေးပါးသည် လေးဘက်လေးတန်ရှိ မြို့တံခါးအတွင်း၊ အပြင်၊ အနီးတို့တွင် ၎င်းတို့၏တပ်များကို အစောင့်ချထားကြ၍ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူသော ဂေါတမဗုဒ္ဓရှိရာသို့ ရောက်လာကြသည်။ ဘုရားရှင်ကို နှုတ်ဆက်ပြီးနောက် အခြားသော ယက္ခများနှင့်အတူထိုင်ကြသည်။ ဝေဿဝဏ်နတ်မင်းခေါ် ကုဝေရနတ်မင်းက ဗုဒ္ဓဘုရားရှင်ကို ဤသို့ဆိုလေသည်။
ထို့နောက် ဗုဒ္ဓဘုရားရှင်က ထိုနတ်မင်းကြီးလေးပါး၏ ပြောဆိုမှု (တရားမန္တန်) ကို ရဟန်းတို့အား ပြန်လည်ဟောပြောပြသည်။ ဤသုတ်၏ နိဒါန်း၌ ဘုရားရှင် ခုနှစ်ဆူတို့၏ ဂုဏ်တော်များကို ရွတ်ဆိုပူဇော်ရှိခိုးမှုများပါဝင်၍ နတ်မင်းကြီးလေးပါး၏ ဂုဏ်အင်များကိုလည်း ဖော်ပြထားသည်။ ထို့အပြင် နတ်စစ်သည် (၄၁) ပါးတို့၏ အမည်များကိုလည်း ဖော်ပြထားသေး၏ ။[၅] အာဋာနာဋိယသုတ် ပါဠိတော်၁။ အပ္ပသန္နေဟိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ အမနုဿေဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသ ကာရိဘိ။ ၁။ အပ်ပသန်နေဟိ နာထတ်သ သာသနေ သာဓုသမ်မတေ အ-မနုတ်သေဟိ စန် ဒေ ဟိ သဒါ ကိတ်ဗိသ-ကာရိဘိ
၂။ ပရိသာနံ စတဿန္နံ၊ အဟိံ သာယ စ ဂုတ္တိယာ။ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ၂။ ပရိသာနံ စတတ်သန်နံ အ-ဟိမ်သာယ စ ဂုတ်တိယာ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ်တံ တံ ဘဏာမ ဟေ
၃။ ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿာပိ စ နမတ္ထု၊ သဗ္ဗဘူတာ နုကမ္ပိနော။ ၃။ဝိပတ်သိတ်သ စ နမတ်ထု စက်ခုမန်တတ်သ သိရီမတော သိခိတ်သာပိ စ နမတ်ထု သတ်ဗ-ဘူတာနုကမ်ပိနော
၄။ ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။ ၄။ဝစ်သ ဘုတ်သ စ နမတ်ထု၊ နှာတကတ်သ တပတ်သိနော နမတ်ထု က-ကုသန်ဓတ်သ မာရ-သေနာ-ပမတ်ဒိနော
၅။ ကောဏာဂမနဿ နမတ္ထု။ ဗြာဟ္မဏဿ ဝုသီမတော။ ကဿပဿ စ နမတ္ထု၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။ ၅။ကောဏာဂမနတ်သ နမတ်ထု၊ ဗြန်မနတ်သ ဝုသီ-မတော ကတ်သပတ်သ စ နမတ်ထု ဝိပ်ပ မုတ်တတ်သ သတ်ဗ-ဓိ
၆။ အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။ ၆။ အင်ဂီရ-သတ်သ, နမတ်ထု သက်ကျ ပုတ်တတ်သ သိရီမ တော ယော အိမံ ဓမ်မံ-ဒေသေသိ သတ်ဗ-ဒုတ်ခါ-ပနူဒနံ
၇။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ဝိပဿိသုံ။ တေ ဇနာ အပိသုဏာ ထ၊ မဟန္တာ ဝီတသာရဒါ။ ၇။ယေ စာပိ-နိတ်ဗုတာ လောကေ ယထာဘူတံ ဝိပတ်သိသုံ တေ ဇနာ အ-ပိသုဏာထ မဟန်တာ ဝီတ-သာရဒါ
၈။ ဟိတံ ဒေဝနုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ဝီတသာရဒံ။ ၈။ဟိတံ ဒေ၀မနုတ်သာနံ၊ ယံ နမတ်သန်တိ ဂေါတမံ ဝိတ်ဇာစရဏ သမ်ပန်နံ မဟန်တံ ဝီတ-သာရဒံ
၉။ ဧတေ စညေ စ သမ္ဗုဒ္ဓါ၊ အနေကသတကောဋိယော။ သဗ္ဗေ ဗုဒ္ဓါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓါ မဟိဒ္ဓိကာ။ ၉။အေတေ စင်ညေစ သမ်ဗုတ်ဓါ အနေက သတ-ကောတိယော သတ်ဗေ ဗုတ်ဓာ သမ-သမာ၊ သတ်ဗေ ဗုတ်ဓာ မဟိတ်ဓိကာ
၁၀။ သဗ္ဗေ ဒသဗလူပေတာ ဝေသာရဇ္ဇေဟု ပါဂတာ။ သဗ္ဗေ တေ ပဋိဇာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။ ၁၀။ သတ်ဗေ ဒသ-ဗလူပေတာ၊ ဝေသာရစ်ဇေဟု ပါဂတာ သတ်ဗေ တေ ပတိဇာနန်တိ အာသဘံ ထာန မုတ်တမံ
၁၁။ သီဟနာဒံ နဒန္တေ တေ၊ ပရိသာသု ဝိသာရဒါ။ ဗြာဟ္မစက္ကံ ပဝတ္တေန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။ ၁၁။ သီဟ-နာဒံ နဒန်တေ တေ ပရိသာသု ဝိသာရဒါ ဗြန်မ-စက်ကံ ပဝတ်တင်တိ လောကေ အပ်ပတိဝတ်တိယံ
၁၂။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။ ဗာတ္တိံသ လက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာ ဓရာ။ ၁၂။ အုပေတာ ဗုတ်ဓ-ဓမ်မေဟိ၊ အတ်ထာရသဟိ နာယကာ ဗတ်တိမ်သ လက်ခဏူပေတာ သီတာနုဗျင်ဇနာ ဓရာ
၁၃။ ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။ ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသဝါ ဇိနာ။ ၁၃။ ဗျာမတ်ပ-ဘာယ သုပ်ပ-ဘာ သတ်ဗေ တေ မုနိ-ကုန်ဇရာ ဗုတ်ဓာ သတ်ဗင်ညုနော အေတေ သတ်ဗေ ခီဏာသဝါ ဇိနာ
၁၄။ မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။ မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။ ၁၄။မဟာ ပ-ဘော မဟာတေဇာ မဟာပညာ မဟတ်ဗလာ မဟာကာရုဏိကာ ဓီရာ သတ်ဗေသာနံ သုခါဝဟာ
၁၅။ ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပါဏိနံ။ ဂတီ ဗန္ဓူ မဟေဿာသာ၊ သရဏာ စ ဟိတေသိနော ၁၅။ဒီပါ နာထာ ပတိတ်ထာ စ၊ တာဏာ လေဏာ စ ပါဏိနံ ဂတီ ဗန်ဓူ မဟစ်သာသာ၊ သရဏာ စ ဟိတေသိနော
၁၆။ သဒေဝကတ်သ လောကတ်သ သတ်ဗေ အေတေ ပရာယဏာ တေသာဟံ သိရ-သာ ပါဒေ ဝန်ဒါမိ ပုရိသုတ်တမေ
၁၇။ ဝစသာ မနသာ စေဝ၊ ဝန္ဒာမေ တေ တထာဂတေ။ သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။ ၁၇။၀စ-သာ မန-သာ စေ၀ ဝန်ဒါမေ တေ တ-ထာဂတေ သယနေ အာသနေ ထာနေ ဂမနေ စာပိ သတ်ဗဒါ
၁၈။ သဒါ သုခေန ရက္ခန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။ တေဟိ တွံ ရက္ခိတော သန္တော။ မုတ္တော သဗ္ဗဘယေဟိ စ။ ၁၈။သဒါ သုခေန ရတ်ခန်တု၊ ဗုတ်ဓာ သန်တိ ကရာ တုဝံ တေဟိ တွမ် ရက်ခိတော သန်တော မုတ်တော သတ်ဗ-ဘယေဟိ စ
၁၉။ သဗ္ဗရောဂါ ဝိနီမုတ္တော၊ သဗ္ဗသန္တာပ ဝဇ္ဇိတော။ သဗ္ဗဝေရ မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘဝ။ ၁၉။သတ်ဗ-ရောဂါ ဝိနီမုတ်တော သတ်ဗ-သန်တာပ-ဝစ်ဇိတော သတ်ဗ-ဝေရ မတိတ်ကန်တော နိတ်ဗုတော စ တုဝံ ဘဝ
၂၀။ တေသံ သစ္စေန သီလေန၊ ခန္တိမေတ္တာ ဗလေန စ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၀။တေသံ သစ်စေန သီလေန၊ ခန်တိမစ်တာ ဗလေန စ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ
၂၁။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၁။ ပုရတ်ထိမတ်-သမိမ် ဒိသာဘာဂေ သန်တိ ဘူတာ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ
၂၂။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေဝါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၂။ဒက်ခိနတ်-သမိမ် ဒိသာဘာဂေ သန်တိ ဒေဝါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂနေ သုခေန စ
၂၃။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၃။ ပစ်ဆိမတ်-သမိမ် ဒိသာဘာဂေ သန်တိ နာဂါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ
၂၄။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၄။ အုတ်တရတ်-သမိမ် ဒိသာဘာဂေ သန်တိ ယက်ခါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ
၂၅။ ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရူဠှကော။ ပစ္ဆိမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။ ၂၅။ ပုရတ်ထိမေန ဓတရတ်ထော ဒက်ခိဏေန ဝိရုန်လှကော ပစ်ဆိမေန ဝိရူပက်ခေါ ကုဝေရော အုတ်တရံ ဒိသံ
၂၆။ စတ္တာရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၆။ စတ်တာရော တေ မဟာရာဇာ လောကပါလာ-ယသတ်သိနော တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ
၂၇။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ ဒေဝါ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၇။အာကာသတ်ထာ စ ဘူမတ်ထာ ဒေဝါ နာဂါ မဟိတ်ဓိကာ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ
၂၈။ ဣဒ္ဓိမန္တော စ ယေ ဒေဝါ၊ ဝသန္တာ ဣဓ သာသနေ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။ ၂၈။အိတ်ဓိမန်တော စ ယေ ဒေဝါ၊ ၀သန်တာ အိဓ သာသနေ တေပိ အမ်မှေ နုရက်ခန်တု အ-ရောဂေန သုခေန စ
၂၉။ သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။ ၂၉။ သတ်ဗီတိယော ဝိဝစ်ဇန်တု၊ သောကော ရောဂေါ ဝိနတ်သတု မာ တေ ဘဝန်တွန်တရာယာ သုခိ ဒီဃာယုကော ဘဝ
၃၀။ အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။ ၃၀။ အဘိဝါဒန-သီလိတ်သ နိတ်စံ ဝုတ်ဒါ ပစာယိနော စတ်တာရော ဓမ်မာ ဝတ်ဒန်တိ၊ အာယု ဝန်ဏောသုခံ ဗလံ
အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။ အာတာနာတိယ-သုတ်တံနတ်ထိတံ အာဋာနာဋိယသုတ် မြန်မာပြန်၁. သူတော်ကောင်းအပေါင်းက ကောင်းပါပေသည်ဟု လက်ခံချီးကျူးထားသော မြတ်စွာဘုရား၏သာသနာတော်ကိုပင် မကြည်ညိုမသက်ဝင်နိုင်ကြသော လူကြမ်း ဘီလူးတို့သည် ရက်စက်တတ်ကြကုန်၏။ မည်သည့်အခါမဆို နိုင်ထက်စီးနင်း နှိပ်စက်ကလူ ပြုတတ်ကြ၏။ ၂. ထိုဘီလူး လူကြမ်းတို့က ပရိသတ်ကို မညှင်းဆဲ မနှိပ်စက်နိုင်စေရန်နှင့် သူတို့ကပင် ကူညီစောင့်ရှောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကြီးမြတ်သောလုံ့လရှိတော်မူသော် မြတ်စွာဘုရားက ဤအာဋာနာဋိယ ပရိတ်တော်အရံအတားကို ဟောကြားတော်မူခဲ့ခြင်းဖြစ်ပေသည်။ ယခုအခါ၌ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း၍ ရွတ်ဆိုကြပါကုန်စို့။ ၃. စက္ခု ငါးပါးနှင့်ပြည့်စုံတော်မူသော ဘုန်းကျက်သရေနှင့်ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား အကျွန်ုပ်၏ဦးညွှတ်ရှိခိုးခြင်းဖြစ်ပါစေ။ သတ္တဝါ အားလုံးအပေါ် ကြင်နာသနားမှုဖြင့် အစဉ်သနား စောင့်ရှောက်တော်မူသော သိခီမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးမှုဖြစ်ပါစေ။ ၄. မကောင်းမှု အညစ်အကြေးကို ဆေးကြောသန့်စင်ပြီးဖြစ်သော ခြိုးခြံသော အကျင့်ကိုလည်း ကျင့်တော်မူသော ဝေဿဘူမြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ မာရ်စစ်သည် အပေါင်းကို နှိမ်နှင်းအောင်မြင်တော်မူသော ကကုသန်မြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏။ ၅. မကောင်းမှု ဟူသမျှပယ်အပ်ပြုပြီးသော ငါးပါးသောဝသီဘော်နှင့် ပြည့်စုံတော်မူသော ကောဏာဂုံမြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ ခပ်သိမ်းသောကိလေသာတို့မှ လွတ်ကင်းတော်မူပြီးသော ကဿပမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ် ရှိခိုးခြင်းဖြစ်ပါစေ။ ၆. လူတို့၏ ဆင်းရဲဒုက္ခဟူသမျှကို ပယ်ဖျောက်နိုင်စွမ်းရှိသော တရားတော်မြတ်ကို ဟောကြားတော်မူပေ၏။ ကိုယ်တော်မှလည်း အရောင်အဝါကွန့်မြူးဖြာယှက် ထွက်တော်မူ၏။ ဘုန်းကျက်သရေနှင့်လည်း ပြည့်စုံတော်မူပေ၏။ သကျသာကီဝင်မင်းသားလည်း ဖြစ်တော်မူ၏။ ထိုဂေါတမမြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။ ၇. လောက၌ ငြိမ်းအေးကုန်ပြီးသော ဘုရားရှင်အဆူဆူတို့သည် ယထာဘူတကျကျသိကုန်၏။ ချောပစ်ကုန်းတိုက်သော စကားမျိုးကို မည်သည့်အခါမျှ ဆိုမိန့်တော်မမူ၊ ကြီးလည်းကြီးမြတ်ကုန်၏။ ကြောက်ရွံ့ခြင်းလည်း ကင်းကုန်၏။ ၈. ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူ၍ မြတ်လှစွာသော ရဲရင့်ခြင်းအတိ ရှိတော်မူသော နတ်လူတို့၏ အစီးအပွားကိုဆောင်တော်မူတတ်သော ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကို ရှိခိုးဦးညွှတ်ကြပါကုန်၏။ ၉. ဝိပဿီ၊ သိခီ၊ ဝေဿဘူ ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားခုနှစ်ဆူတို့နှင့်တကွ အကုဋေမကများလှစွာသော ဘုရားရှင်အားလုံးတို့သည် ပစ္စေကဗုဒ္ဓါရဟန္တာများနှင့် တူတော်မမူကုန်။ ဆိုခဲ့ပါ သဗ္ဗညူ ဘုရားရှင်ချင်းသာ တူတော်မူကြကုန်၏။ ဘုရားရှင်အားလုံးပင် တန်ခိုးဣဒ္ဓိ လွန်စွာကြီးမားကြကုန်၏။ ၁ဝ. ခပ်သိမ်းကုန်သော ဘုရားရှင်တို့သည် အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူ၏။ ရဲရင့်သော ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မူကြ၏။ မြတ်သောယောက်ျား ဥသဘဖြစ်တော်မူ၍ သဗ္ဗညုတဉာဏ်ကို ရရှိကြောင်း ဝန်ခံကြကုန်၏။ ၁၁. ဘုရားရှင်တို့သည် မည်သည့် ပရိသတ်ဗိုလ်ပုံအလယ်၌ လွန်စွာရဲရင့်တော်မူကြ၏။ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရဲရင့်ရင့်စကားဆိုကြ၏။ မည်သူ တဦးတယောက်မျှ မလည်မပတ်စေနိုင်သော ဓမ္မစကြာတရားတော် ကိုလည်း လည်ပတ်စေကုန်၏။ (ဟောကြားကုန်၏။) ၁၂. ဘုရားရှင်တို့သည် လူသုံးပါးတို့၏ ခရီးလမ်းညွှန် ဖြစ်ကြ၏။ ဘုရား၏ကျေးဇူးတရား (၁၈) ပါးနှင့်ပြည့်စုံကြကုန်၏။ (၃၂) ပါးသော ယောက်ျားမြတ်တို့၏လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မူကြ၏။ လက္ခဏာတော်ငယ် (၈ဝ) တို့နှင့်လည်း ပြည့်စုံတော်မူကြ၏။ ၁၃. ဘုရားရှင်ဟူသမျှ ကိုယ်တော်အလုံးမျှ တလံမျှလောက်ရောင်ခြည်တော် အမြဲထွက်လျက်ရှိ၏။ ရဟန်းဟူသမျှတို့ထက် ကြီးမြတ်၏။ ခပ်သိမ်းသောတရားကိုလည်း သိ၏။ ကိလေသာအာသဝေါလည်း ကင်း၏။ မာရ်ငါးပါးကိုလည်း အောင်ပြီးဖြစ်၏။ ၁၄. ဘုရားရှင်တို့သည် များစွာသော ရောင်ခြည်တော်၊ ကြီးသောတန်ခိုး၊ ထွတ်မြတ်သောပညာ၊ စွမ်းသန်သော ခွန်အား၊ အတိုင်းမသိသော ကရုဏာ၊ စွဲမြဲသောလုံ့လတို့ကို ပိုင်တော်မူကြ၏။ သတ္တဝါအများကောင်းကျိုးချမ်းသာကိုလည်း ဆောင်တော်မူတတ်ကြကုန်၏။ ၁၅. မြတ်စွာဘုရားရှင်တို့သည် သတ္တဝါအပေါင်းတို့၏ မှီခိုရာကျွန်းလည်း ဖြစ်၏။ ကိုးကွယ်ရာလည်းဖြစ်၏။ တည်ရာလည်းဖြစ်၏။ စောင့်ရှောက်ရာလည်းဖြစ်၏။ ဘေးအန္တရာယ်မှ ပုန်းကွယ်ရာလည်းဖြစ်၏။ လာရောက်ရာလည်း ဖြစ်၏။ ဆွေမျိုးသဖွယ်လည်းဖြစ်၏။ ၁၆. ထိုဘုရားရှင်တိုင်းသည် နတ်တို့၏ လဲလျောင်းရာ၊ လူတို့၏ မှီခိုရာ ဖြစ်ကြကုန်၏။ အကျွန်ုပ်သည် ယောက်ျားဟူသမျှတို့ထက် သာလွန်မြင့်မြတ်တော်မူသော ထိုဘုရားရှင်တို့၏ ခြေတော်တို့ကို ဦးနှိမ် ရိုကျိုး ရှိခိုးပါ၏။ ၁၇. အကျွန်ုပ်သည် အိပ်နေသောအခါ၌ဖြစ်စေ၊ ထိုင်နေသောအခါ၌ဖြစ်စေ၊ ရပ်နေသောအခါ၌ဖြစ်စေ၊ လမ်းသွားနေသောအခါ၌ဖြစ်စေ၊ မည်သည့်အခါ၌မဆို ထိုဘုရားရှင်တို့အား နှုတ်ဖြင့်လည်းကောင်း စိတ်ဖြင့်လည်းကောင်း အမြဲမပြတ် ရှိခိုးပါ၏။ ၁၈. ကိလေသာအပူအပေါင်းကိုငြိမ်းအေးအောင် ပြုတော်မူတတ်ကြကုန်သော ဘုရားရှင်တို့သည် သင့်ကို ချမ်းသာအောင် မပြတ်စောင့်ရှောက်ပါစေသတည်း။ ဘုရားရှင်တို့၏ အစောင့်အရှောက်ကိုခံယူရသော သင်သည် ငြိမ်သက်ချမ်းမြေ့ပါစေ။ ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းလွတ်ပါစေ။ ၁၉. သင်သည် အနာမရှိ ပကတိကျန်းမာသူ၊ ပူပန်ခြင်း ကင်းသူ၊ ရန်သူဟူသမျှကို လွတ်မြောက်နိုင်သူ၊ ငြိမ်းအေးချမ်းမြေသူ ဖြစ်ပါစေသတည်း။ ၂ဝ. ထိုဘုရားရှင်တို့သည် သီလ၊ သစ္စာ၊ ခန္တီ၊ မေတ္တာတို့၏ စွမ်းပကားဖြင့် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သဖြင့်စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၁. အရှေ့မျက်နှာအရပ်၌ တန်ခိုးကြီးသော ဂန္ဓဗ္ဗနတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်တစိုက်စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၂. တောင်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ကုမ္ဘဏ်နတ်တို့ ရှိကြကုန်၏။ ထိုနတ်တို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၃. အနောက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော နဂါးတို့ရှိကြကုန်၏။ ထိုနဂါးတို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၄. မြောက်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသောဘီလူးတို့သည် ရှိကြကုန်၏။ ထိုဘီလူးတို့သည်လည်း ကျွန်ုပ်တို့ကို အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၅. အရှေ့အရပ်မျက်နှာ၌ ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော ဓတရဋ္ဌနတ်မင်း၊ တောင်အရပ်မျက်နှာ၌ ကုမ္ဘဏ်တို့ကို အစိုးရသောဝိရူဠကနတ်မင်း၊ အနောက်အရပ်မျက်နှာ၌ နဂါးတို့ကိုအစိုးရသော ဝိရူပက္ခ နတ်မင်း၊ မြောက်အရပ်မျက်နှာ၌ ဘီလူးတို့ကို အစိုးရသော ကုဝေရနတ်မင်း။ ၂၆. ထိုနတ်မင်းကြီးလေးပါးတို့သည် လူတို့ကို စောင့်ရှောက်တတ်ကြကုန်၏။ အခြွေအရံလည်းများကုန်၏။ ထိုနတ်မင်းကြီးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၇. ကောင်းကင်၌တည်သော နတ်များ၊ မြေ၌တည်သော နတ်များ၊ နဂါးများသည် တန်ခိုးအလွန်ကြီးကြသည်။ ထိုတန်ခိုးကြီးနတ်၊ နဂါးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၈. တန်ခိုးကြီးသောနတ်တို့သည် ဤဘုရားသာသနာတော်၌ နေကြကုန်၏။ ထိုသာသနာတော်၌နေထိုင်ကြကုန်သောနတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။ ၂၉. ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။ ၃ဝ. ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွား၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။ ကိုးကား
|
Portal di Ensiklopedia Dunia