ဒီဃနိကာယ်
ဒီဃသည် ရှည်သောဟု အဓိပ္ပာယ်ရသည်။ ဒီဃနိကာယသည် ရှည်လျားသော သုတ် (၃၄)သုတ်ကို စုပေါင်းထားသော နိကာယ်ဖြစ်၏။ ဒီဃနိကာယ၌ အစုဟု အဓိပ္ပာယ်ထွက်သော ဝဂ္ဂအားဖြစ် သုံးဝဂ်ခွဲခြားထားသည်။ ၎င်းတို့မှာ သီလက္ခန္ဓဝဂ္ဂ၊ မဟာဝဂ္ဂ၊ ပါထိကဝဂ္ဂ ဟူ၍ ဖြစ်ကြသည်။ ၎င်းတို့သည် သုတ်သုံးကျမ်းဟူ၍လည်း ထင်ရှားသည်။ သီလက္ခန္ဓဝဂ္ဂတွင် ၁၃ သုတ်၊ မဟာဝဂ္ဂတွင် ၁၀ သုတ်၊ ပါထိကဝဂ္ဂတွင် ၁၁ သုတ် ပါဝင်သည်။ ဒီဃနိကာယကျမ်းတွင် ဒိဋ္ဌိ (၆၂)ပါး၊ ဘုရားရှင်နှင့် စင်ပြိုင်ဝါဒ ထူထောင်ခဲ့ကြေသာ တိတ္ထိဂိုဏ်းဆရာကြီး (၆)ဦးတို့၏ ဝါဒရေးရာနှင့် ရဟန်းဖြစ်ခြင်းအကျိုးတရားများ၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံခန်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မမူမီအခြေအနေများ၊ ကမ္ဘာဖြစ်ပုံပျက်ပုံ အယူအဆများ၊ အိမ်ရာတည်ထောင်ထားသော လောကီလူသားများအတွက် ပေါင်းသင်းဆက်ဆံရေး လူ့ကျင့်ဝတ်တရားများ ပါဝင်သည်။ ထင်ရှားသော သတိပဋ္ဌာန်သုတ်သည် ဒီဃနိကာယ်တွင် ပါဝင်သည်။ [၁] အစုများ ခွဲခြားပုံဒီဃနိကာယ (ရှည်လျားသော ဒေသနာများ အစု)၌ သုံးစုထပ်၍ ခွဲပြန်လေသည်။ ဤသုံးစုကို ဝဂ္ဂ ဟုခေါ်သည်။ ဝဂ္ဂဟူသော ပါဠိစကား၏ အဓိပ္ပာယ်မှာ အစု ဟုပင် ဖြစ်သည်။ မြန်မာအခေါ်အားဖြင့် ဝဂ် ဟုခေါ်သည်။ ထို ဝဂ္ဂ သုံးခု သို့ သုံး ကျမ်းတို့မှာ
သီလက္ခန္ဓဝဂ်
မဟာဝဂ်
ပါထိကဝဂ်
ကိုးကား
|
Portal di Ensiklopedia Dunia