အာဖရို-ယူရေးရှား
ကမ္ဘာဟောင်း ဟုခေါ်ဆိုကြသော အာဖရို-ယူရေးရှား (အေဖရိုယူရေးရှား၊ ယူရာဖရေးရှား[၃] သို့ ယူဖရေးရှား[၄]) သည် အရှေ့ကမ္ဘာခြမ်းတွင် တည်ရှိသော ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ကုန်းမြေဖြစ်သည်။ ဆူးအက်ကျွန်းဆက်ဖြင့် ဆက်စပ်နေသော အာဖရိက နှင့် ယူရေးရှား (ဥရောပနှင့် အာရှ) နှစ်ခုကို ပေါင်းစပ်၍ ခေါ်ဆိုထားခြင်းဖြစ်သည်။ စူပါတိုက် ဟူ၍လည်း ခေါ်ဆိုကြသေးသည်။ အာဖရို-ယူရေးရှား သည် ဧရိယာစုစုပေါင်း ၈၄၉၈၀၅၃၂ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ လူဦးရေ သန်း ၆ ထောင်ခန့် (ကမ္ဘာ့လူဦးရေ၏ ၈၅% ခန့်) နေထိုင်ကြသည်။[၅] အမေရိက၊ အန္တာတိက နှင့် အိုရှန်းနီးယား တို့အား ကမ္ဘာသစ် ဟု ခေါ်ဆိုသကဲ့သို့ အာဖရို-ယူရေးရှား ကို ကမ္ဘာဟောင်း ဟူ၍ ခေါ်ဆိုကြလေသည်။ ဘူမိဗေဒအယူအဆအာဖရိကနှင့် အာရှ တို့သည် ကုန်းမြေတံတားဖြင့် ဆက်စပ်လျက်ရှိသည်။ နောင်နှစ်ပေါင်း ၆ သိန်းကျော်ခန့်တွင် အာဖရိက သည် ဥရောပနှင့် အပြင်းအထန် တိုက်မိလိမ့်မည်ဟု ယူဆထားကြသည်။ ထိုသို့ တိုက်မိမှုကြောင့် ဂျီဘရော်လ်တာ ရေလက်ကြား ပိတ်သွားကာ မြေထဲပင်လယ်သည် အတ္တလန္တိတ်သမုဒ္ဒရာ မှ သီးခြားဖြစ်သွားပေလိမ့်မည်။ နောင်နှစ်ပေါင်း ၅ သန်းကျော်တွင်လည်း တောင်တန်းများလှုပ်ရှားခြင်းကြောင့် မြေထဲပင်လယ် ကွယ်ပျောက်သွားလိမ့်မည်ဟု ယူဆထားကြသည်။[၆] နယ်မြေအပိုင်းအခြားယူရေးရှား (ဥရောပနှင့် အာရှ) နှင့် အာဖရိက တို့ကို ဆူးအက်တူးမြောင်းဖြင့် ပိုင်းခြားထားသည်။ ယဉ်ကျေးမှုနှင့် သမိုင်းအချက်အလက်များအရ ယူရေးရှား−မြောက်အာဖရိက နှင့် အာဖရိက ဆာဟာရဒေသ ဟူ၍လည်း ခွဲခြားခေါ်ဆိုကြသည်။[၇] ပထဝီဝင်အရ ဒေသများ
ကိုးကား
|
Portal di Ensiklopedia Dunia