၁၉၉၄ အာရှ အားကစားပြိုင်ပွဲ
၁၉၉၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1994 Asian Games) သည် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ ၌ ၁၉၉၄ခုနှစ် အောက်တိုဘာ ၂ရက်နေ့မှ အောက်တိုဘာ ၁၆ရက်နေ့အထိ ကျင်းပခဲ့သော ၁၂ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဂျပန်နိုင်ငံသည် ၁၉၅၈ နှင့် ၁၉၈၆ ပွဲတော်များကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၉၄ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဧကရာဇ် အာကီဟီတိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၄၂)နိုင်ငံမှ အားကစားသမား (၆,၈၂၈)ဦးတို့သည် အားကစားနည်း (၃၄)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဟီရိုရှီးမားဥယျာဉ် ပင်မအားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ယခုပွဲတော်၏ အဓိက ရည်ရွယ်ချက်မှာ အာရှနိုင်ငံများအကြား ငြိမ်းချမ်းမှုနှင့် သဟဇာတရှိမှုကို ဖော်ညွှန်းသည်။[၁] ၁၉၄၅ခုနှစ်တွင် ဟီရိုရှီးမားမြို့ ဗုံးကြဲခံခဲ့ရပြီး ယခုပွဲတော်ကျင်းပသည့် ၁၉၉၄ခုနှစ်သည် (၄၉)နှစ်ပြည့်သည့် ခုနှစ်လည်းဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ တို့၏ အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။[၂] လက်ခံကျင်းပခြင်းအိမ်ရှင်ရွေးချယ်ခြင်း၁၉၈၃ခုနှစ်တွင် အာရှရှိ မြို့နှစ်မြို့ဖြစ်သော ပေကျင်းမြို့နှင့် ဟီရိုရှီးမားမြို့တို့သည် ၁၉၉၀ပွဲတော်ကို လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ ထို့နောက် မဲပေးရွေးချယ်ခဲ့ကြရာ ပေကျင်းမြို့က အနိုင်ရခဲ့သည်။[၃] သို့သော် ဟီရိုရှီးမားသည် မြင့်မားသော နည်းပညာပိုင်းဆိုင်ရာများ ပါဝင်သည့် အိမ်ရှင်လျှောက်လွှာကို တင်သွင်းခဲ့သဖြင့် ၁၉၉၄ပွဲတော်ကို ကျင်းပခွင့် ရခဲ့သည်။
ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၁၉၉၄ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အင်္ဂလိပ်အက္ခရာ H ကို ငြိမ်းချမ်းရေးသင်္ကေတဖြစ်သော ချိုးငှက်ပုံစံ ပုံဖော်ထားခြင်းဖြစ်သည်။ ထို H မှာ ပြိုင်ပွဲကျင်းပရာ ဟီရိုရှီးမားမြို့ကို ကိုယ်စားပြုကာ ဟီရိုရှီးမားမြို့၏ ငြိမ်ချမ်းရေးအတွက် ဆန္ဒကို ဆိုလိုသည်။ အပေါ်တွင် အာရှအိုလံပစ်ကောင်စီ၏ အမှတ်တံဆိပ်ဖြစ်သော နေဝန်းနီကြီးရှိပြီး အမှတ်တံဆိပ်ကို ခြုံ၍ကြည့်ပါက လှုပ်ရှားနေသော အားကစားသမားတစ်ဦးနှင့် ဆင်တူသည်။[၄] လာဘ်ကောင်၁၉၉၄ အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ Poppu နှင့် Cuccu ဟု အမည်ရသော ချိုးငှက်တစ်စုံဖြစ်သည်။ ယခုနှစ် အားကစားပွဲတော်၏ အဓိကရည်ရွယ်ချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ရည်ညွှန်းသည်။[၁] ပွဲများနှင့်အားကစားပါဝင်သော အားကစားနည်းများ
ပါဝင်သည့်နိုင်ငံများဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် သီးခြား ရပ်တည်လာကြသည့် ကာဇက်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ တို့သည် အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia