ပြည်တွင်းအခွန်များ ဦးစီးဌာန
ပြည်တွင်းအခွန်များ ဦးစီးဌာန (အင်္ဂလိပ်: Internal Revenue Department;IRD) သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ဦးစီးဌာနတစ်ခုဖြစ်သည်။[၁] သမိုင်းကြောင်းလွတ်လပ်ရေးရပြီးနောက် သီးခြားတည်ရှိခဲ့သော အမြတ်ခွန်ဌာန၊ ကုန်သွယ်လုပ်ငန်းခွန်ဌာန၊ ယစ်မျိုးခွန်ဌာန၊ အောင်ဘာလေသိန်းဆုခွန်ဌာန၊ တံဆိပ်ခေါင်းခွန်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ အခွန်ဌာနနှင့် ဘဏ္ဍာတော်မင်းကြီးရုံးတို့အား စုပေါင်းကာ ၁၉၇၂ခုနှစ် အောက်တိုလာ ၁ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာနဟု ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်တွင် ထားရှိကာ ဥက္ကဋ္ဌတစ်ဦးက ဦးဆောင်ခဲ့သည်။[၁] ၁၉၉၃ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဟူ၍ ခွဲခြား ဖွဲ့စည်းခဲ့ရာ ဤဦးစီးဌာနသည် ဘဏ္ဍ/အခွန်ဘက်တွင် ပါဝင်ခဲ့သည်။ ၂၀၁၃ခုနှစ်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်တွင် ပါဝင်သည်။ ၂၀၁၆ခုနှစ်၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းရာ ထိုဝန်ကြီးဌာနလက်အောက်တွင် ပါဝင်ခဲ့သည်။[၂] အကြီးအကဲများ
ဖွဲ့စည်းပုံ
ကိုးကား
|
Portal di Ensiklopedia Dunia