မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (အင်္ဂလိပ်: Myanma Oil and Gas Enterprise) သည် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သမိုင်းကြောင်း၁၉၆၃-ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ၏ရေနံလုပ်ငန်းအား နိုင်ငံခြားကုမ္ပဏီများကသာ ဆောင်ရွက်ခဲ့သည်။ ယင်းကုမ္ပဏီများအနက် ဘီအိုစီရေနံကုမ္ပဏီသည် အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်သည်။ ၁၉၆၃-ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘီအိုစီကုမ္ပဏီအား ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းမှ စတင်၍ ရေနံလုပ်ငန်းသည် နိုင်ငံပိုင်လုပ်ငန်းဖြစ်လာခဲ့သည်။ ၁၉၆၄-ခုနှစ်၊ မတ်လတွင် ပြည်သူ့ရေနံလုပ်ငန်း(ပရလ)၊ ၁၉၇၀-ခုနှစ်၊ မတ်လတွင် မြန်မာ့ရေနံကော်ပိုရေးရှင်း(M.O.C) စသည့်အမည်များဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ယခုလက်ရှိအမည်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(M.O.G.E) အမည်သို့ ပြောင်းလဲခဲ့သည်။ လုပ်ငန်းတာဝန်မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ.လုပ်ငန်း၏ အဓိက လုပ်ငန်းတာဝန်များမှာ
ဖွဲ့စည်းပုံမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အကြီးအကဲမှာ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး၏ လက်အောက်တွင် ဌာနကြီး(၉)ခုနှင့် စီမံအုပ်ချုပ်မှုအရ ရေနံမြေ (၁၁)ခု ဖွဲ့စည်းထားသည်။ ဌာနကြီး(၉)ခုမှာ
စီမံအုပ်ချုပ်မှုအရ စုစည်းထားသည့် ရေနံမြေများမှာ
လက်ရှိလုပ်ငန်းဆောင်ရွက်မှုအချက်အလက်များ
ပိတ်ဆို့အရေးယူခံရမှု၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အား အမေရိကန်၊ ဗြိတိန် နှင့် ကနေဒါ နိုင်ငံတို့က ပူးပေါင်းပြီး ပိတ်ဆို့အရေးယူမှုပြုလုပ်သည်။ ၂၀၂၃ ဒီဇင်ဘာ ၁၅ရက်တွင် စတင်အသက်ဝင်မည့် ယင်းပိတ်ဆို့မှုတွင် ဘဏ်စာရင်းဖွင့်လှစ်မှု၊ ချေးငွေ ထုတ်ချေးမှု၊ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုအပါအဝင် အခြားဝန်ဆောင်မှုများ ပေးခြင်းတို့ တားမြစ်ကြောင်း အချက်များ ပါဝင်သည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia