စွမ်းအင် ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် စွမ်းအင်နှင့် ပတ်သက်၍ စွမ်းအင် ဝန်ကြီးဌာနထားရှိသည်။ သမိုင်းကြောင်းကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ၊ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရမှ ပြည်သူ့ရေနံလုပ်ငန်း အမည်ဖြင့် သတ္တုတွင်း ဝန်ကြီးဌာန ကြီးကြပ်မှု အောက်တွင် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၇၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ရေနံကော်ပိုရေးရှင်းအဖြစ် အမည်ပြင်ဆင်ပြောင်းလဲခဲ့သည်။ မြန်မာ့ရေနံကော်ပိုရေးရှင်းသည် ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်းနှင့်ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာမှ ၁၉၇၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျင်းပခဲ့သော နိုင်ငံတော်ကောင်စီ၏ (၂၆) ကြိမ်မြောက်အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ ရေနံချက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ရေနံချက် စက်ရုံများနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အမှတ်(၂)စက်မှု ဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၁၉၇၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာ့ရေနံကော်ပိုရေးရှင်းကိုပါ အမှတ်(၂)စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့သဖြင့် အောက်ပါအဖွဲ့အစည်း(၃)ခုဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၂၂ခုနှစ် မေလတွင် နစက၏ အိမ်စောင့်အစိုးရမှ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနများအဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[၂] တာဝန်ထမ်းဆောင်ခဲ့သောဝန်ကြီးများ(၂၀၁၀-လက်ရှိကာလ)
ဖွဲ့စည်းပုံ၁၉၈၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနကို အောက်ပါအဖွဲ့အစည်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ်(၂/၈၉)အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏အမည်များကို ပြောင်းလဲခေါ်ဝေါ်ရန် သတ်မှတ်သဖြင့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိကော်ပိုရေးရှင်း ၄ ခု၏အမည်များကို အောက်ပါအတိုင်း ပြင်ဆင်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းသည် ၁၉၆ရ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းသွားခဲ့သည်။ ယခုလက်ရှိ စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှာ
ဝန်ကြီးရုံးစွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးကို ၁၉၈ရ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အရာထမ်း(၈)ဦး၊ အမှုထမ်း(၄၀)ဦး၊ စုစုပေါင်း(၄၈)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ရက်နေ့တွင် အရာထမ်း(၁၆)ဦး၊ အမှုထမ်း(၁၉)ဦး၊ စုစုပေါင်း(၃၅)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးရုံး၏ အဓိကလုပ်ငန်းတာဝန်များမှာ စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ လိုအပ်သည်များကို စီမံခန့်ခွဲခြင်း နှင့် အထက်ဌာန/ အဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာန/အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ဝန်ကြီးရုံး ရုံးအဖွဲ့ကို အောက်ဖော်ပြပါအတိုင်း ဖွဲ့စည်းထားရှိသည်။[၄]
စွမ်းအင်စီမံရေး ဦးစီးဌာနစွမ်းအင်ဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုဌာန တစ်ခုဖြစ်ပြီး၊ ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်သည်။ စွမ်းအင်စီမံရေးဦးစီးဌာနတွင် အောက်ဖော်ပြပါ ဌာနခွဲ(၃)ခု ပါဝင်သည်။[၅]
ကိုးကား
ပြင်ပအဆက်အသွယ်
|
Portal di Ensiklopedia Dunia