ရန်ကုန် လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်း

ရန်ကုန် လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၁ ​ဧပြီ ၂၀၀၆
ယခင်အဖွဲ့အစည်းရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
ဌာနချုပ်​အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့
ဝန်ကြီးများဦး​ဉာဏ်ထွန်း
ဌာနအကြီးအမှူးများ​ဦးအောင်ကျော်ဦး၊ ဥက္ကဋ္ဌ
မိခင်အဖွဲ့အစည်းလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်yesc.org.mm

ရန်ကုန် လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်း (အင်္ဂလိပ်: Yangon Electricity Supply Corporation) သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သမိုင်း​ကြောင်း

၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၏ ရန်ကုန်တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးကို ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထို့နောက်၊ ၂၀၀၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာနနှစ်ခုအဖြစ် ထပ်မံဖွဲ့စည်းခဲ့သည်။ ယင်းသို့ ဖွဲ့စည်းရာတွင် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ ဦးစီးဌာန (၁) ခု၊ လုပ်ငန်း (၂) ခု၊ နှင့် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (၁) ဖွဲ့တို့ဖြင့် ပါဝင်ခဲ့သည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဤပြန်လည်ဖွဲ့စည်းမှုတွင် ဦးစီးဌာန (၃) ခု၊ လုပ်ငန်း (၃) ခု၊ နှင့် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (၁) ခုတို့ ပါဝင်ခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်စွဲပါ စာအမှတ် ၅၈(၂)/၇/သမ္မတရုံးဖြင့် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအဖြစ် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပြောင်းလဲဖွဲ့စည်းရန် ခွင့်ပြုခဲ့သည်။ ဤပြောင်းလဲမှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၄၊ လျှပ်စစ်ဥပဒေ၊ ပုဒ်မ ၈ (ဂ) နှင့် ပုဒ်မ ၇၂ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်စွဲပါ ခွင့်ပြုချက်နှင့် ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၅) ၏ သဘောတူခွင့်ပြုချက်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၂၆/၂၀၁၅) ကို ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်ကြော်ငြာစာအရ ပြည်ထောင်စုရန်ပုံငွေပြင်ပတွင် မိမိဝင်ငွေအပေါ် ရပ်တည်ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။[]

ဖွဲ့စည်းပုံ

  • ဒါရိုက်တာအဖွဲ့
  • အမှု​ဆောင်အရာရှိချုပ်
  • စီမံခန့်ခွဲရေးဌာန
      • ဘဏ္ဍာရေးဌာန
      • ပစ္စည်းစီမံရေးဌာန
      • စီမံရေးဌာန
      • ဓာတ်အားဖြန့်ဖြူးရေးဌာန
      • ခရိုင်/မြို့နယ်/မြို့ရုံးများ

ရည်ရွယ်ချက်နှင့် လုပ်ငန်းများ

ရည်ရွယ်ချက်

  • လျှပ်စစ်ဓာတ်အားနှင့်သက်ဆိုင်သော လုပ်ငန်းအရပ်ရပ်တို့ကို နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီအညွတ်ဖြစ်စေရေး စီမံဆောင်ရွက်ရန်။
  • အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကို ပြည်သူများသို့ ဖြန့်ဖြူးပေး နိုင်ရေး၊ ဓာတ်အားလုံလောက်စွာရရှိရေးနှင့် ရာနှုန်းပြည့်ဓာတ်အားသုံးစွဲခွင့်ရရှိရေး တို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အား စီမံရန်။
  • လျှပ်စစ်ဆိုင်ရာလုပ်ငန်းများတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ရေးကို စီမံရန်။
  • ကော်ပိုရေးရှင်းအား အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကို စီမံရန်။
  • ကော်ပိုရေးရှင်းအား နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ်မှ အများနှင့် သက်ဆိုင်သော ကော်ပိုရေးရှင်းအဖြစ်သို့ (၅)နှစ်အတွင်း ဖြစ်ပေါ်လာစေရေး စီမံရန်။
  • ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ လုပ်ငန်းများကို ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဆန်ဆန် အောင်မြင်စွာဆောင်ရွက် နိုင်ရန်။

လုပ်ငန်းများ

  • မြန်မာနိုင်ငံမြောက်ပိုင်းရှိစက်ရုံများမှ ထုတ်လုပ်ပေးသော ဓာတ်အားများကို ၂၃၀ ကေဗွီ ဗို့အားမြင့်ဓာတ်အားလိုင်းများမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူနှင့် စက်မှုသုံးလုပ်ငန်းများ အသုံးပြုနိုင်ရန် ဗို့အားနိမ့် ဓာတ်အားလိုင်း (၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၆.၆ ကေဗွီနှင့် ၀.၄ ကေဗွီ)များဖြင့် ဓာတ်အား ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိသည်။
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဝန်အားများကို ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန်ဖြစ်သည်။
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုးတက်သုံးစွဲလာသည့် ဝန်အားကို အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရသည်
    • System Development Plan (ဓာတ်အားစနစ်အတွင်း ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၆.၆ ကေဗွီနှင့် ၀.၄ ကေဗွီ အစရှိသော ဗို့အားနိမ့် လိုင်း/ခွဲရုံ များတိုးတက်ဖြန့်ဖြူးနိုင်ရေးအတွက် အစီအမံများ ရေးဆွဲခြင်း)
    • System Improvement Plan (ဓာတ်အားစနစ်အတွင်းဗို့အားနိမ့် ဓာတ်အား လိုင်းများတွင် တိုးတက်သုံးစွဲလာသည့် ဓာတ်အားများကို တည်ငြိမ်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် လိုအပ်သောနေရာများတွင် ကြိုး၊ ကြွေသီး၊ ဝန်အား နိမ့် ထရန်စဖော်မာ                         များအား ဝန်အားမြင့်ပစ္စည်းများဖြင့် အစားထိုးလဲလှယ် ပေးခြင်း)
    • Operation and Maintenance (ဓာတ်အားစနစ်အတွင်းရှိ ဗို့အားနိမ့် လိုင်း/ခွဲရုံများအား ထိန်းသိမ်းခြင်းနှင့်ပြုပြင်ခြင်း)
    • ရန်ကုန်တိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကို ပြည်သူများသို့ ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားလုံလောက်စွာ ရရှိရေးနှင့် ရာနှုန်းပြည့် ဓာတ်အားသုံးစွဲခွင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း။
    • ရေတို၊ ရေရှည်လုပ်ငန်းစီမံချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
    • လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး စီမံဆောင်ရွက်ခြင်း။
    • လျှပ်စစ်ဓာတ်အားခ အပြည့်အဝရရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်း။
    • လျှပ်စစ်ဥပဒေနှင့်နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီလိုက်နာဆောင်ရွက်စေရေး။
    • လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ရင်းနှီးမြှုပ်နှံမှုများတွင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်နှင့် လက်ရှိတွင် Franchise ကုမ္ပဏီ (၁၂)ခုဖြင့် မြို့/မြို့နယ်(၁၉)မြို့နယ်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။ မြို့/ မြို့နယ်(၃၉)ခုအား ဌာနမှတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။[]

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya