လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း (အင်္ဂလိပ်: Electricity Supply Enterprise) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်စွမ်းအားဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သမိုင်းကြောင်းပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စီးပွားရေးစနစ်ကိုဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲ ဆောင်ရွက်ရာတွင် နိုင်ငံပိုင်စက်ရုံကြီးများ၊ ပုဂ္ဂလိကပိုင်စက်ရုံကြီးများ၊ စက်မှုဇုန်များ တိုးတက်လာ သကဲ့သို့၊ စားသုံးသီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်ထွန်းရေးကို အထောက်အကူပြုသည့် လျှပ်စစ် မြစ်ရေတင်လုပ်ငန်းများ ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် မြို့ကွက်သစ်များ၊ မြို့သစ်များ တိုးချဲ့ခြင်း၊ အဆင့်မြင့်အိမ်ရာများတည်ဆောက်ခြင်းတို့ကြောင့် တိုးတက်များပြားလာသောလူနေအိမ်တိုင်းလိုလိုပင် လျှပ်စစ်ကိုအသုံးချသည့်ခေတ်မီအသုံးအဆောင်ပစ္စည်းများတိုးတက်သုံးစွဲလျက်ရှိရာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုအပြည့်အဝဖြည့်ဆည်းပေးနိုင်ရေး၊ စဉ်ဆက်မပြတ်ဓာတ်အားရရှိရေး၊ လျှပ်စစ်ဓာတ်အားကို မှန်ကန်သောနည်းလမ်းဖြင့် စနစ်တကျ အန္တရာယ်ကင်းစွာ သုံးစွဲကြရေး၊ သုံးစွဲသည့်ယူနစ်နှင့် ညီမျှသော ဓာတ်အားခအခွန်တော်ငွေ ကောက်ခံပေးသွင်းရေး စသည်တို့ဖြင့် နိုင်ငံတော်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကဏ္ဍသည် မရှိမဖြစ် လိုအပ်လျက်ရှိသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် စီပွားရေးနှင့်လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် အရေးကြီးဆုံးဖြစ်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ဌာနစတင်ဖွဲ့စည်းသည်မှ ယနေ့အထိ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်ဓာတ်အားကို မီးသုံးစွဲသူ များထံသို့ စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အဘက်ဘက်မှတိုးတက်သည်ထက် တိုးတက်အောင် အစဉ်တစိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စနစ်တကျ ဓာတ်အားဖြန့်ဖြူးပေးရေးနှင့် ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်း မရှိသော ဝေးလံသည့် ဒေသများသို့ တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးကို အစဉ်တစိုက်အားသွန်ခွန်စိုက်ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ရေးမရမီကာလတွင် မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှုမှာ ကိုလိုနီ စနစ်အုပ်ချုပ်ရေးပုံစံဖြင့် အစိုးရတစ်ပိုင်း ၊ ပုဂ္ဂလိကတစ်ပိုင်းရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းလုပ်ငန်းကို အစိုးရကသာ တာဝန်ယူဆောင်ရွက်ရန်အတွက် ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအက်ဥပဒေကို ပြဋ္ဌာန်းပြီး ၁၉၅၁ခုနှစ်၊ အောက်တိုဘာလ(၁)ရက် နေ့တွင် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ Electricity Supply Board (ESB) ကို စက်မှုလက်မှု ဝန်ကြီးဌာနလက်အောက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ကို လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း Electricity Power Corporation ဟု ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် စက်မှုလက်မှုဝန်ကြီးဌာနအား အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနဟု ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လျှပ်စစ်ဓာတ်အားကော်ပို ရေးရှင်းသည် အမှတ်(၂)စက်မှုဝန်ကြီးဌာန လက်အောက်တွင် ပါဝင်ခဲ့သည်။ ၁၉၈၅ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့တွင် အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ စွမ်းအင်ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ လျှပ်စစ် ဓာတ်အားကော်ပိုရေးရှင်းအား စွမ်းအင်ဝန်ကြီးဌာနအောက်တွင် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း Myanmar Electric Power Enterprise (MEPE) အဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနဟူ၍ ဖွဲ့စည်းခဲ့ရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း၊ ရေအားလျှပ်စစ်ဦးစီးဌာနဟူ၍ ဌာန(၃)ခုဖြင့် ဖွဲ့စည်းခဲ့သည်။၂၀၀၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့မှစ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းသည့်အခါ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လက်အောက်တွင် အောက်ပါအတိုင်း ဌာနကြီး (၄)ခုအဖြစ် ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။
အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တို့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ပြန်လည်ပေါင်းစည်း ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၆ခုနှစ် ၊ မတ်လ ၁၇ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင် ဝန်ကြီးဌာနတို့ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁] ရည်မှန်းချက်တာဝန်ဝန်ကြီးဌာနကချမှတ်ပေးထားသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမူဝါဒနှင့် ရည်မှန်းချက်များကို အောက်ဖော်ပြပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်-
ဖွဲ့စည်းပုံ
ကိုးကား
|
Portal di Ensiklopedia Dunia