ကချင်ပြည်နယ် တရားလွှတ်တော်
ကချင်ပြည်နယ်တရားလွှတ်တော် သည် ကချင်ပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၁၈)ရုံးရှိသည်။ သမိုင်းကြောင်း၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ကချင်ပြည်နယ်တရားရုံးကို ကချင်ပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ တည်နေရာကချင်ပြည်နယ်တရားလွှတ်တော်သည် အမှတ်(၁၅) ဧရာရပ်ကွက် မြစ်ကြီးနားမြို့တွင် တည်ရှိသည်။ တရားလွှတ်တော်တရားသူကြီးချုပ်များ
ဖွဲ့စည်းပုံကချင်ပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၁၈)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၂] ခရိုင်တရားရုံးများ
မြို့နယ်တရားရုံးများ
တရားသူကြီးများ၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia