တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် သည် တနင်္သာရီတိုင်းဒေသကြီးတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၃)ရုံးနှင့် မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။ သမိုင်းကြောင်း၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် တနင်္သာရီတိုင်းဒေသကြီးတရားရုံးကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၃)ဦး စုစုပေါင်း (၄)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ တည်နေရာတနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်သည် ထားဝယ်မြို့တွင် တည်ရှိသည်။ ဖွဲ့စည်းပုံတနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ကို ခရိုင်တရားရုံး (၃)ရုံးနှင့် မြို့နယ်တရားရုံး (၁၀)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁] ခရိုင်တရားရုံးများ
မြို့နယ်တရားရုံးများ
တရားသူကြီးများ၂၀၂၀ပြည့်နှစ်တွင် တိုင်းဒေသကြီးတရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံးတို့ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia