ကယားပြည်နယ် တရားလွှတ်တော်
ကယားပြည်နယ်တရားလွှတ်တော် သည် ကယားပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။ သမိုင်းကြောင်း၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ကယားပြည်နယ်တရားရုံးကို ကယားပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ တည်နေရာကယားပြည်နယ်တရားလွှတ်တော်သည် လွိုင်ကော်မြို့ မင်းစုရပ်ကွက်၊ လွိုင်ကော်-ရှားတောလမ်းနှင့် သမိန်ထောလမ်းထောင့်တွင် တည်ရှိသည်။ တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁ မှ လက်ရှိ)
ဖွဲ့စည်းပုံကယားပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁] ခရိုင်တရားရုံးများ
မြို့နယ်တရားရုံးများ
တရားသူကြီးများ၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia