တာ့ရှ်ကန့်မြို့
တာ့ရှ်ကန့်မြို့(/tæʃˈkɛnt/, (from ရုရှား: Ташкент), or Toshkent (/tɒʃˈkɛnt/; တမ်းပလိတ်:Lang-uz/Тошкент/تاشکند, တမ်းပလိတ်:IPA-uz)သည် ဥဇဘက်ကစ္စတန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သလို ၂၀၁၈ ခုနှစ်တွင် လူဦးရေ ၂,၄၈၅,၉၀၀ ဦးရှိခဲ့ရာ အလယ်အာရှဒေသ၏ လူဦးရေအထူထပ်ဆုံးသော မြို့တစ်မြို့ဖြစ်ပြီး သမိုင်းတွင် ချာ့ချ်မြို့(ပါရှန်း: چاچ)ဟု ခေါ်တွင်ခဲ့သည်။[၃] ဥဇဘက်ကစ္စတန်နိုင်ငံ၏ အရှေ့မြောက်ဘက်ဒေသ ကာဇက်စတန်နိုင်ငံနယ်နိမိတ်အနီးတွင် တည်ရှိသည်။ အေဒီ ၈ ရာစုအလယ်ပိုင်း အစ္စလာမ်မစ်ယဉ်ကျေးမှုတို့ မလွှမ်းမိုးမီ တာ့ရှ်ကန်ကို ဆော့ဒီယန်(Sogdian)နှင့် တာ့ကစ်(တူရကီ)ယဉ်ကျေးမှုတို့ လွှမ်းမိုးခဲ့သည်။ ၁၂၁၉ ခုနှစ်တွင် ဂျင်ဂစ်ခန်မှ မြို့အား ဖျက်ဆီးခဲ့ပြီး ပိုးခြည်လမ်းမှအကျိုးအမြတ်များ ရရှိနိုင်စေရန်အတွက် ပြန်လည်တည်ဆောက်ခဲ့ကြသည်။ ကိုကန့်ခန်(Khanate of Kokand)မှ မသိမ်းပိုက်ခင်ထိ ၁၈ ရာစုမှ ၁၉ ရာစုအတွင်းတွင် တာ့ရှ်ကန့်သည် လွတ်လပ်သောမြို့ပြနိုင်ငံဖြစ်ခဲ့သည်။ ၁၈၆၅ ခုနှစ်တွင် တာ့ရှ်ကန့်သည် ရုရှားအင်ပါယာလက်တွင်းသို့ ကျရောက်ခဲ့ရပြီး ရုရှားတာကစ္စတန်၏ မြို့တော်ဖြစ်၍လာခဲ့သည်။ ဆိုဗီယက်ခေတ်တွင် ဆိုဗီယက်ယူနီယံမှ ပြည်နှင်ဒဏ်ပေးခဲ့မှုများကြောင့် မြို့သည် လူမှုအခြေပြအရ ပြောင်းလဲမှုနှင့် ကြီးထွားဖွံ့ဖြိုးမှုကြီးများအား ကြုံတွေ့ခဲ့ရသည်။ ၁၉၉၆ တာ့ရှ်ကန့်ငလျင်ကြောင့် မြို့တော်၏ နေရာအတော်များများပျက်စီးသွားခဲ့ရသောလည်း စံပြဆိုဗီယက်မြို့အဖြစ် ပြန်လည်တည်ဆောက်ခဲ့ကြသည်။ ထိုအချိန်က ဆိုဗီယက်ယူနီယံတွင် မော်စကို၊ လီနင်ဂရတ်နှင့် ကီယဲ့ဗ်တို့ပြီးလျှင် စတုတ္ထမြောက်အကြီးဆုံးသော မြို့ဖြစ်ခဲ့သည်။[၄] ယနေ့ခေတ်တွင် လွတ်လပ်သော ဥဇဘက်ကစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်လာပြီး တာ့ရှ်ကန်သည် ကွဲပြားစုံလင်သော လူမျိုးများနေထိုင်ပြီး ထိုအထဲမှ ဥဇဘက်လူမျိုးများ အဓိကနေထိုင်ကြသည်။ ၂၀၀၉ ခုနှစ် စာအရေးအသားတွင် စတင်တွေ့ရှိခဲ့သည် ၂,၂၀၀ ပြည့်နှစ်ပွဲတော် ကျင်းပခဲ့ကြသည်။[၅] မှတ်ချက်များကိုးကား
|
Portal di Ensiklopedia Dunia