သင်းဖူမြို့
သင်းဖူမြို့(/tɪmˈpuː/; တမ်းပလိတ်:Lang-dz တမ်းပလိတ်:IPA-dzသည် ဘူတန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်ပြီး ဘူတန်နိုင်ငံ၏ ဒီဇုန်ခတစ်ခုဖြစ်သော သင်းဖူခရိုင်တွင်တည်ရှိသည်။ ၁၉၅၅ ခုနှစ်တွင် မြို့တော်အား ရှေးဟောင်းမြို့တော် ပူနာခမြို့မှ သင်းဖူမြို့သို့ ပြောင်းရွေ့ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် တတိယမြောက်ဒရက်ဂါပို(နဂါးဘုရင်) ဂျစ်မီ ဒေါ်ဂျီ ဝမ်ချပ်မှ ဘူတန်ဘုရင့်နိုင်ငံ၏ မြို့တော်အဖြစ် ကြေညာခဲ့သည်။ မြို့သည် ဘူတန်နိုင်ငံတွင် ဝန်ချူး သို့မဟုတ် သင်းဖူချူဟု သိကြသော ရိုင်ဒက်မြစ်(Raidāk River)၏ အနောက်ဘက်ကမ်း တောင်ကြားဒေသတစ်လျှောက် တောင်-မြောက် ဦးတည်ရာအတိုင်း သွယ်တန်းတည်ရှိသည်။ သင်းဖူမြို့သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အမြင့်ဆုံးမြို့တစ်မြို့ဖြစ်ပြီး ၎င်း၏ အမြင့်အတိုင်းအတာမှာ ၂,၂၄၈ မီတာ (၇,၃၇၅ ပေ) မှ ၂,၆၄၈ မီတာ (၈,၆၈၈ ပေ) ထိ ရှိသည်။[၂][၃][၄][၅][၆] မြို့တော်တစ်ခုအတွက် ပုံမုန်မဟုတ်သော အခြေအနေတစ်ခုဖြစ်သည့် သင်းဖူမြို့တွင် ၎င်း၏ ကိုယ်ပိုင်လေဆိပ်မရှိပဲ ၅၂ ကီလိုမီတာ (၃၂ မိုင်) အကွာတွင်ရှိသော ပါရိုလေဆိပ်အပေါ်တွင် မှီခိုအားထားနေရသည်။ သင်းဖူမြို့သည် ဘူတန်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဗဟိုဖြစ်သည့်အလျှောက် ကြီးမားသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကြီးများ တည်ရှိပြီး နိုင်ငံ GNP ၏ ၄၅% ကို ရရှိအောင် ဆောင်ရွက်ပေးနေသည်။[၇] စီးပွားရေး၏ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသော ခရီးသွားလုပ်ငန်းသည် ရိုးရာ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခြင်းတို့အကြား မျှခြေတစ်ခုအဖြစ် ထိန်းသိမ်းရင်း တင်းကြပ်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိသည်။ သင်းဖူမြို့တွင် ဘူတန်နိုင်ငံ၏ အရေးပါသော နိုင်ငံရေးအဆောက်အဦများဖြစ်သည့် အသစ်ပေါ်ပေါက်လာခဲ့သော ပါလီမန်ဒီမိုကရေစီအတွက် အမျိုးသားလွှတ်တော်အဆောက်အဦ၊ မြို့၏ မြောက်ပိုင်းတွင် တည်ရှိသော ဘုရင်၏ တရားဝင်အိမ်တော်ဖြစ်သည့် ဒီရှန်ခိုလင်းနန်းတော်(Dechencholing Palace) တို့တည်ရှိသည်။ သင်းဖူမြို့သည် ၁၉၉၈ ခုနှစ် စတင်ခဲ့သော မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်သော "Thimphu Structure Plan" ကို တောင်ကြား၏ အထိအခိုက်မခံသော ဂေဟစနစ်ကို ကာကွယ်ရင်း ဟန်ချက်ညီအောင် ဆောင်ရွက်လျက်ရှိသည်။ ဤဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့မှ ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ပေးလျက်ရှိသည်။ ဘူတန်နိုင်ငံ၏ ယဉ်ကျေးမှုသည် သင်းဖူမြို့ရှိ စာပေ၊ ဘာသာတရား၊ ဓလေ့ထုံးစံ၊ အမျိုးသားဝတ်စုံ၊ ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်းခံသောဓလေ့၊ ဂီတနှင့်အက၊ သတင်းမီဒီယာတို့တွင် ထင်ဟပ်လျက်ရှိသည်။ မျက်နှာဖုံးများ ဝတ်ဆင်၍ ကလေ့ရှိသော ဆေးချူး(Tshechu)ပွဲတော်သည် အရေးပါသော ပွဲတော်တစ်ခုဖြစ်ပြီး သင်းဖူမြို့ရှိ တာရှီချို ဒဇုန်း(Tashichho Dzong) ကွင်းပြင်တွင် ကျင်းပသည်။ လေးရက်ကြာကျင်းပသော ထိုပွဲတော်ကို နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ဘူတန်ပြက္ခဒိန်နှင့် ကိုက်ညီသော ရက်၌ ကျင်းပသည်။ ကိုးကား
|
Portal di Ensiklopedia Dunia