ကမ္ဘာ့ကျန်းမာရေးနေ့ကမ္ဘာ့ကျန်းမာရေးနေ့ ကို နှစ်စဉ်ဧပြီလ ၇ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ဦးဆောင်မှုဖြင့် ကျင်းပလေ့ရှိသည်။ ၁၉၄၈ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ပထမဆုံး ကမ္ဘာ့ကျန်းမာရေး ညီလာခံကို ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ၁၉၅၀ခုနှစ်မှစ၍ ကမ္ဘာ့ကျန်းမာရေးနေ့ ကို နှစ်စဉ် ဧပြီလ ၇ ရက်နေ့ တွင်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနေ့တွင်ကျင်းပခြင်းအားဖြင့် ကမ္ညာ့ကျန်းမာရေးအဖွဲ့ကြီး ထူထောင်သည့်နေ့ ကို အမှတ်ရစေရန်၊ ကမ္ဘာ့ကျန်းမာရေး၏အရေး ကြီးပုံကို လူထုက အာရုံစိုက်မှုကို ရရှိစေရန် ရည်ရွယ်၍ ကျင်းပသည်။ ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်များ
ကမ္ဘာ့ကျန်းမာရေးနေ့ (၂၀၁၂ ခုနှစ်)ဧပြီလ ၇ ရက်၊ ၂၀၁၂ ခုနှစ်တွင် ကျရောက်သော ကမ္ဘာ့ကျန်းမာရေး၏ ဆောင်ပုဒ်မှာ သက်ကြီးသူတို့ ကျန်းမာဖို့ လူမှုဘဝမြှင့်တင်စို့ ဖြစ်သည်။ ယနေ့အချိန်တွင် သက်ကြီးရွယ်အိုများ တိုးပွားလာပြီး ကလေးငယ်များ လျော့နည်းလာပြီဟု ပညာရှင်များက အခိုင်အမာဆိုကြသည်။ ထိုတိုးပွားလာသည့် သက်ကြီးရွယ်အိုတို့အတွက် ကျန်းမာရေး စောင့်ရှောက်ပေးမှုမှာ ပို၍ပို၍ အရေးကြီးလာပေသည်။ သက်ကြီးရွယ်အိုတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တို့ကို မိသားစုဝင်များ၊ အိမ်နီးနားချင်းများ၊ ရပ်ကွက်လူကြီးများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတော်အစိုးရ အဆင့်အလိုက် စီစဉ်ပေးရန် တာဝန်ရှိကြောင်း လေးနက်စေလိုခြင်း ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးနေ့ (၂၀၁၁ ခုနှစ်)၂၀၁၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကျန်းမာရေးနေ့၏ ဆောင်ပုဒ်မှာ ဆေးဝါးယဉ်ပါးမှု အန္တရာယ် ကာကွယ်ဖို့၊ အားလုံးပူးပေါင်း တိုက်ဖျက်ကြစို့ ဖြစ်သည်။ ရောဂါပိုးသတ်ဆေးများ အလွယ်တကူရရှိ အသုံးပြုခြင်း၊ လွဲမှားစွာ အသုံးချမှုများကြောင့် ဆေးယဉ်ပြီး ကုသရခက်သော ရောဂါပိုးများစွာ ပေါ်ပေါက်လာခြင်းကို ကာကွယ်၊ တားဆီးဖို့ ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia