စာပြန်တော်ပွဲ

နယုန်လ၏ အဓိကကျသောပွဲတော်မှာ ပထမပြန်စာမေးပွဲများကျင်းပသော စာပြန်တော်ပွဲဖြစ်သည်။ နယုန်လသည် စာဆိုတော်လပင် ဖြစ်သည်။ စာပြန်တော်ပွဲ စာဆိုတော်ပွဲများကို ကျင်းပသောလပင်ဖြစ်သည်။ ပထမပြန်စာမေးပွဲများကို အင်းဝပြည့်ရှင် သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀ဝ၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည် ဟု မြန်မာရာဇဝင်တွင် ရေးသားခဲ့ကြသည်။ စာပြန်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပရိယတ္တိ သာသာနာ ထွန်းကားလာစေရန်ဖြစ်သည်။ သီပေါမင်းတရားလက်ထက် သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ပထမပြန်စာမေးပွဲကို စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေထုတ်ပြန်၍ ကျင်းပခဲ့သည်။ သီပေါမင်းပါတော်မူပြီးနောက် ပထမပြန်စာမေးပွဲ များသည် ၉ နှစ်ခန့် အဆက်ပြတ်ခဲ့ရသည်။ ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၆) နယုန်လမှစတင်ကာ ပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့တိုင်ဖြစ်သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya