သီတင်းကျွတ်ပွဲတော်![]() ![]() သီတင်းကျွတ်လတွင် ဗုဒ္ဓမြတ်စွာဘုရားသည် နတ်ပြည်တွင်နတ်သားဖြစ်နေသော မယ်တော်အားသွားရောက်ကျေးဇူးဆပ်ကာ တရားဟောခဲ့သည်ကို အကြောင်းပြု၍ မီးများထွန်းညှိကာ နတ်ပြည်၌ရှိခဲ့သော ဘုရားရှင်အားပူဇော်သောအားဖြင့် မီးထွန်းပွဲသဘင်ကို နှစ်စဉ်ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ ရှမ်းပြည်နယ်ဘက်တွင် မီးပုံးများကိုင်ဆောင်၍ မီးကြာလှည့်ခြင်းများပြုကာ စေတီနှင့် ဘုန်းကြီးကျောင်း ဓမ္မာရုံကိုလှည့်လည်ပူဇော်ခြင်း ပြုကြသည်။ ကလေးများမှာ မီးရှူးမီးပန်းများ ပစ်ဖောက်ဆော့ကစားလေ့ရှိကြပြီး လူကြီးများမှာမူ မီးပုံးပျံများပစ်လွှတ်ခြင်း ဆီမီးပူဇော်ခြင်းများဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ပူဇော်လေ့ရှိကြသည်။ သီတင်းကျွတ်အခါသမယတွင် ရပ်ဝေးတွင်သွားရောက်အလုပ်လုပ်ကိုင်နေသောသူများမှာ မိဘဘိုးဘွားများရှိရာသို့ ပြန်လာ၍ ကျေးဇူးဆပ်ပူဇော်ကန်တော့ခြင်းများ ပြုလုပ်ကြသောကာလလည်းဖြစ်သည်။ ကြီးစဉ်ငယ်လိုက် ကန်တော့ခံကြရသည်။ ခွင့်လွှတ်ခြင်း ကျေးဇူးဆပ်ခြင်းတို့နှင့် ထုံမွှမ်းထားသော ချစ်ခြင်းမေတ္တာ လမြတ်အခါသမယဖြစ်သည်။ သီပေါမင်းလက်ထက် မီးထွန်းပွဲ သဘင် ကျင်းပပုံအကြောင်းတစ်ရပ်ကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရပေသည်။
|
Portal di Ensiklopedia Dunia