ကမ္ဘာ့လူဦးရေနေ့

ကမ္ဘာ့လူဦးရေ တိုးတက်လာမှုကို သတိမူနိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် ဇူလိုင် ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ထားသည်။ ၁၉၈၉ ခုနှစ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ အုပ်ချုပ်မှုကောင်စီမှ စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့လူဦးရေ သန်းပေါင်း ငါးထောင်ပြည့်သည့်နေ့ဖြစ်သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် ကမ္ဘာတလွှားနေသူများ ကမ္ဘာ့လူဦးရေ တိုးတက်လာမှုကို သတိမူနိုင်ရန် စတင်လှုံဆော်ခဲ့သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၇ နာရီ ၃၀ မိနစ်ရှိ ကမ္ဘာ့လူဦးရေစာရင်းမှာ (ခန့်မှန်း) ၇,၂၀၄,၀၇၁,၅၁၀ ဦးရှိပြီဖြစ်သည်။ []

ကိုးကား

  1. U.S. and World Population Clock။ Census.gov။ November 11, 2014 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya