စိတ္တဇရုပ်
စိတ်ကြောင့်ဖြစ်သောရုပ်၊ စိတ္တဇရုပ်[၁]။ (ကာယဝိညတ်, ဝစီဝိညတ်ဟူသော “ဧကန်စိတ္တဇရုပ်”၂-ပါး၊ သဒ္ဒ, လဟုတာ, မုဒုတာ, ကမ္မညတာ, ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ, အာကာသဓာတ်ဟူသော “အနေကန် စိတ္တဇရုပ်” ၁၃-ပါးအားဖြင့် “စိတ္တဇရုပ် ၁၅-ပါး”ရှိသည်။ ဓမ္မသင်္ဂဏီပါဠိတော် [၂]၌ စိတ်ဟူသောအကြောင်း တရား၏ ရုပ်ကိုဖြစ်စေတတ်သော ဇနကသတ္တိ မငြိမ်းစဲမီ ဇာတိရုပ် ထင်ရှားဖြစ်ပေါ်သည်ကို ရည်ရွယ်၍ ပရိယာယ်အားဖြင့် ဥပစယ, သန္တတိ ဟူသော ဇာတိရုပ် ၂-ပါးကို ထည့်သွင်းကာ “စိတ္တဇရုပ် ၁၇-ပါး”ဟု ဟောတော်မူသည်။ [၃] သင်္ဂဟ ဝိသုဒ္ဓိတို့၌ကား ... ဇာတိရုပ်ဟူသည် ပထဝီ စသော ဖြစ်ဆဲရုပ်တို့၏ ဖြစ်မှုသဘာဝမျှသာ ဖြစ်သောကြောင့် ဇာတိရုပ် ၂-ပါးကို နုတ်ပယ်၍ “စိတ္တဇရုပ် ၁၅-ပါး”ဟု ပြဆိုသည်။ [၄][၅] စိတ္တဇ ရုပ်ကလာပ် (၈) စည်း
စိတ္တဇရုပ်ကလာပ်များကို (၆)စည်းအဖြစ်ဖြင့် လက်ခံထားသော်လည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၆]၌ အဿာသပဿာသ-စိတ္တဇသဒ္ဒနဝက ရုပ်ကလာပ်ရှိကြောင်းကို ဖွင့်ဆိုထား၏၊ ဝိဘင်းပါဠိတော်ကြီး[၇]နှင့် အညီ ဖွင့်ဆိုခြင်းသာ ဖြစ်၏၊ [၈] စိတ္တဇရုပ်များ ဖြစ်ရာဌာနနှင့် ဖြစ်ချိန်အရူပဝိပါက် (၄)ခု, ဒွိပဉ္စဝိညာဏ် (၁၀)မှ ကြွင်းသော နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုကို မှီ၍ဖြစ်နေကြသော စိတ်တို့တွင် ပဋိသန္ဓေစိတ်ကလွဲလျှင် ဘဝတစ်လျှောက်လုံး၌ ဖြစ်ပေါ်နေသော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသောစိတ် (၇၅) အားလုံးသည် ပထမဘဝင်မှ စ၍ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ စိတ္တသမုဋ္ဌာန်ရုပ်ကို = စိတ္တဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏၊ ဌီကာလနှင့် ဘင်ကာလတို့တွင်ကား မဖြစ်နိုင်ကြပေ။ ယင်းစိတ်တစ်ခုတစ်ခုသည် ဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်း များစွာကို တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်စေနိုင်၏၊ သို့သော် စိတ်တို့၏ ဓမ္မတာမှာ ဥပါဒ်ကာလ၌သာ အားရှိကြသဖြင့် ဥပါဒ်ကာလအခိုက်၌သာ စိတ္တဇရုပ်တို့ကို ဖြစ်စေနိုင်ပေသည်။ ဌီအခိုက် ဘင်အခိုက်၌ စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ စိတ်တစ်ကြိမ် ဥပါဒ်လျှင် ယင်းစိတ်က စိတ္တဇရုပ်ကလာပ် တစ်ခုကိုသာမက စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကိုပင် ဖြစ်စေနိုင်၏၊[၈] ပဋ္ဌာန်းဒေသနာတော်များ[၉]၌ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်အပိုင်းဝယ် တံသမုဋ္ဌာနာနဉ္စ ရူပါနံ - ဟု ဗဟုဝုစ်ဖြင့် ဟောကြားထားတော်မူ၏၊ စိတ်ကြောင့် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာ ဖြစ်နိုင်ကြောင်းကို ယင်းဒေသနာ တော်တို့က ညွှန်ပြလျက် ရှိကြ၏၊[၈] ဣရိယာပုထ် မပျက်အောင် ဆောင်ထားနိုင်သော စိတ်များမဟဂ္ဂုတ် လောကုတ္တရာ အပ္ပနာဇော (၂၆)မျိုးတို့သည် (ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက်) စိတ္တဇဩဇဋ္ဌမကရုပ်ကိုလည်း ဖြစ်စေ၏၊ ဖြစ်ပြီးဣရိယာပုထ်ကိုလည်း ပင်ကိုအနေ မပျက်အောင် ဆောင်ထားနိုင်၏၊ တောင့်ထားနိုင်၏၊ ထောက်ပံ့ထားနိုင်၏၊ ခိုင်ခံ့စေ၏၊ (ဣရိယာပုထ် အသစ်ကိုကား မဖြစ်စေနိုင်။)[၈] ဝိညတ်ရုပ်နှင့် ဣရိယာပုထ်ကို ခိုင်ခံစေသော စိတ်များဝုဋ္ဌော (= မနောဒွါရာဝဇ္ဇန်း), ကာမဇော (၂၉), အဘိညာဏ်ဇော [(၃၂)မျိုးသော စိတ်တို့] တို့သည်ကား..
ကျမ်းဂန်အဆိုအမိန့်များပဋိသန္ဓေစိတ်က ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ရှိ၏၊ စုတိစိတ်တို့တွင် ရဟန္တာ အရှင်မြတ်တို့၏ စုတိစိတ်တော်မှာ ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ပင်ရှိ၏၊ ကျန်စုတိစိတ်များက စိတ္တဇရုပ်ကို ဖြစ်စေနိုင် မဖြစ်နိုင်ဟူသော အချက်နှင့် ပတ်သက်၍ကား ကျမ်းဂန်များ၌ အချီအချ စကားများလျက် ရှိ၏၊[၈] စိတ္တဇရုပ်တို့၏ ရူပါရုံမှ ဉာဏ်ရောင်များ ဖြစ်ပုံသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့၏ ရူပါရုံ, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၏ ရူပါရုံအရောင်တို့က အလွန်တောက်ပလာသော် အခြားသော ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်တို့မှာလည်း ရောနှော၍ တောက်ပနေသည်သာ ဖြစ်သည်။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ခန္ဓာကိုယ်၏ အတွင်းအပြင် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ အရောင်အလင်းများကို တွေ့ရှိနေခြင်း ဖြစ်သည်။ ယင်းလင်းရောင်ခြည်ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်မခွဲနိုင်မီ ထိုကဲ့သို့ တွေ့ရှိရခြင်းသာ ဖြစ်၏၊ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ယင်းလင်းရောင်ခြည်ဟူသည်မှာလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိကြသော ရူပါရုံတို့၏ အပေါင်းအစုသာ ဖြစ်သည်ကို သိမ်းဆည်းနိုင်မည် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် သဘောကျနိုင်မည် ဖြစ်ပေသည်။ [၈] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia