ဦးဝင်းမြင့်အစိုးရ သည် ၂၀၁၈ခုနှစ် မတ်လ၃၀ရက်နေ့မှစ၍ဖွဲ့စည်းသော မြန်မာနိုင်ငံ၏လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်သည်။၂၀၁၈ခုနှစ် မတ်လ၂၁ရက်နေ့တွင် ယခင်သမ္မတဦးထင်ကျော်နုတ်ထွက်အပြီး မတ်လ ၃၀ရက်နေ့တွင်သမ္မတအသစ်အဖြစ်ရွေးချယ်ခံရသော ဦးဝင်းမြင့် ကျမ်းသစ္စာကျိန်ဆိုအပြီး ယခင် ဦးထင်ကျော်အစိုးရကိုပြင်ဆင်ဖွဲ့စည်းထားသောအစိုးရဖြစ်သည်။[၁]ဤအစိုးရအဖွဲ့ကို ယခင်ဦးထင်ကျော်အစိုးရကဲ့သို့ပင် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှပူးတွဲအုပ်ချုပ်သည်။၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အစိုးရအဖွဲ့ဝင်များ ထိန်းသိမ်းခံခဲ့ရပြီး အစိုးရအဖွဲ့အားဖျက်သိမ်းကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အဓမ္မအာဏာသိမ်းရယူခဲ့သည်။[၂][၃][၄]
သမိုင်းကြောင်း
၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အသစ်တွင် ဦးထင်ကျော်သည် သမ္မတဖြစ်လာခဲ့သည်။ သူသည် ၂၀၁၈ခုနှစ် မတ်လ ၂၁ရက်နေ့တွင် သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့သည်။ ထိုနေ့တွင်ပင် ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ပြီး မတ်လ ၂၃ရက်နေ့တွင် ဒုတိယသမ္မတလောင်းအဖြစ် အရွေးခံခဲ့ရသည်။ ထို့နောက် မတ်လ ၂၈ရက်နေ့တွင် ဒုတိယသမ္မတ (၃)ဦးအား မဲပေးရွေးချယ်ရာ ဦးဝင်းမြင့်မှ မဲအရေအတွက် ၄၀၃မဲဖြင့် သမ္မတ ဖြစ်လာခဲ့သည်။[၅]ထို့နောက် မတ်လ (၃၀)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ကျမ်းကျိန်ကာ သမ္မတအဖြစ် ပထမဆုံး မိန့်ခွန်းပြောကြားခဲ့သည်။[၆]
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုပြုလုပ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် တပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ (၂)တို့အပြင် ထိပ်တန်းပုဂ္ဂိုလ်အချို့တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တပ်မတော်အစုအဖွဲ့မှ တင်သွင်းသော ဒုတိယသမ္မတ (၁)ဖြစ်သူ ဦးမြင့်ဆွေမှ ယာယီသမ္မတအဖြစ် ပြုလုပ်ကာ ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာ (၃)ရပ်ကို အပ်နှင်းကြောင်း ကြေညာခဲ့သည်။
ခေါင်းဆောင်များ
အစိုးရအဖွဲ့
ဝန်ကြီးများ
ဒုတိယဝန်ကြီးများ
နိုင်ငံတော်အင်္ဂါစဉ်
ကိုးကား