မြိုင်မြို့နယ်
မြိုင်မြို့နယ် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ရှိ မြို့နယ်တစ်ခုဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ မြိုင်မြို့ ဖြစ်သည်။ တည်နေရာအရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၀ မိနစ် နှင့် ၉၅ ဒီဂရီ ၃၀ မိနစ်၊ မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၅ မိနစ် နှင့် ၂၁ ဒီဂရီ ၅၅ မိနစ်အတွင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ၈၈၆ ပေတွင် တည်ရှိသည်။ အကျယ်အဝန်းမြို့နယ် အကျယ်ဆုံးနေရာတွင် အရှေ့မှအနောက် (၄၂.၅) မိုင် နှင့် တောင် မှ မြောက် မိုင် (၃ဝ) ရှိသည်။ ဧရိယာမှာ ၅၀၂၈၂၅ ဧက၊ စတုရန်းမိုင်ပေါင်း ၇၈၅.၆၆၁ မိုင်ကျယ်ဝန်းသည်။ နယ်နမိတ်များမြိုင်မြို့နယ်သည် အောက်ပါမြို့နယ်များနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည်။[၁]
မြေမျက်နှာသွင်ပြင်မြေပြန့်လွင်ပြင်များပြီး မြို့နယ် အနောက် နှင့် အနောက်ောင်ပိုင်းတို့တွင် ောင်ကုန်း ချိုင့်ဝှမ်းများ ရှိသည်။ မြို့နယ် အနောက်ပိုင်းတွင် တန့်ကြည့်တောင်တန်းသည် ပခုက္ကူမြို့နယ်ထဲအထိ သွယ်တန်းလျက်ရှိသည်။ [၂] အမြင့်ဆုံးတောင်များ
ရေဆင်းမြစ်မရှိပါ။ ချောင်းများသာရှိပါသည်။
ရာသီဥတုပူပြင်း ခြောက်သွေ့သော ရာသီဥတုရှိသည်။
မြို့ရွာ၊ လူဦးရေရပ်ကွက် ၃ ခုရှိသော မြို့တစ်မြို့၊ ကျေးရွာအုပ်စု ၈၄ ခု၊ ကျေးရွာပေါင်း ၃၃၁ တို့ ဖြင့်ဖွဲ့စည်းထားသည်။ အိမ်ခြေ ၄၂၉၅၃၊ အိမ်ထောင်စုပေါင်း ၄၃၁၃၀ စု၊ လူဦးရေ ၂၆၀၀၀၀ ဝန်းကျင်ခန့် ရှိသည်။ ၂၀၁၄ ခုနှစ် သန်းေါင်စာရင်းအရ လူဦးေ (၂၂၅၇၇၁) ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် လူဦးရေ (၂၇၈၈၀၃) ဦး ရှိသည်။ [၃] သမိုင်းပြည်ထဲရေးဝန်ကြီးဌာန ၃-၆-၁၉၇၂ ရက်စွဲပါ အမိန့် ကြော် ငြာစာ အမှတ် (၁၉၉) ဖြင့် လည်း ကောင်း ၊ ၂၄-၂-၁၉၇၄ ရက်စွဲပါ ပြန်တမ်းအမိန့်အရလည်း ကောင်း ၊ ရပ်ကွက် ၃ ခုရှိ မြို့တစ်မြို့၊ ကျေးရွာအုပ်စု (၈၁) ခု၊ ကျေးရွာ (၃၂၉) ရွာ တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ [၂] ပညာရေးအသက် ၁၅ နှစ်အထက် စာတတ်မြောက်မှု ၉၉.၉၇ % ရှိသည် ။ ၂၀၂၃ ခုနှစ်တွင် အထက်တန်း ကျောင်း ၁၇ ကျောင်း ၊ အထက်တန်း ကျောင်း ခွဲ ၆၂ ကျောင်း ၊ အလယ်တန်းကျောင်း၄၈ ကျောင်း ၊ အလယ်တန်း ကျောင်း ခွဲ ၂၀ ၊ မူလတန်းလွန် ကျောင်း ၂၉ ကျောင်း ၊ မူလတန်း ကျောင်း ၇၅ ကျောင်း ၊ မူလတန်း ကျောင်း ခွဲ ၈ ကျောင်း ၊ မူလတန်းကြိုကျောင်း ၄၂ ကျောင်း ရှိသည်။ တက္ကသိုလ်ပညာ ကို ပခုက္ကူ နှင့် အခြားမြို့ကြီးများ သို့ သွားရောက် သင်ယူကြရသည် ။ ကျန်းမာရေးအမှတ် ၂ ရပ်ကွက်ရှိ ကုတင် ၅၀ ဆန့် မြိုင် မြို့နယ်ဆေးရုံ၊ လက်ယက်မ ဗဟင်း ကိုင်းတောမ ရွာများတွင် ၁၆ ကုတင် ဆန့် တိုက်နယ် ဆေး ရုံ ၃ ရုံ ၊ ပေါင်း ဆေးရုံ ၄ ရုံ ရှိ သည်။ ကျေးလက် ကျန်းမာရေးဌာန ၁၁ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၅၁ ခု ရှိ သည် ။ စီးပွားရေးဈေးများမြိုင်မြို့ အမှတ် ၂ ရပ် ရှိ မြို့မဈေး နှင့် လက်ယက်မရွာ လက်ယက်မဈေး ဟူ၍ ဈေး ၂ ဈေး ရှိ သည်။ ဘဏ်များမြိုင်မြို့ပေါ်တွင် မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၊ ကမ္ဘာ့ ရတနာဘဏ်၊ ပထမပုဂ္ဂလိက ဘဏ် များရှိသည်။ လက်ယက်မ ရှိ စီဘီဘဏ် မှာ လုံခြုံရေး မကောင်းသဖြင့် ပိတ်ထားရသည်။ ကုန်ထုတ်လုပ်ငန်းပန်းပဲပန်းပဲဖို ၁၂၀ ရှိ၍ တံစဉ် နှင့် ဓား များ ထုတ်လုပ်သည်။ မြေထည်မြေထည်လုပ်ငန်းလုပ်ကိုင်သူ ၂၀ ရှိ၍ အိုး နှင့် မြေထည်များ ထုတ်လုပ်သည် ။ ယက္ကန်း နှင့် စက်ချုပ်လုပ်ငန်းယက္ကန်းလုပ်ငန်း ၂၈၆ ခု ရှိ၍ ချည်စောင်(ဝါဒစောင်) ၊ ချည်ပုဆိုး ၊ တံဘက် များ ထုတ်လုပ်သည်။ စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ ၁၁၃၇ ဦး ရှိသည်။ ခရီးသွားလုပ်ငန်းလူထုအခြေပြုခရီးသွားလုပ်ငန်းကို Actionaid အကူအညီဖြင့် အင်ရောင်းအုပ်စု ၄ ရွာ နှင့် ယင်းတိုင်တောင်ဆည်ကို အခြေပြု ၂၀၁၆ မှ ၂၀၂၁ ထိ လုပ်ဆောင်ခဲ့သည်။ [၄] [၅] [၆] လမ်းပန်းဆက်သွယ်ရေးလေကြောင်း ရေကြောင်း များ အသုံးပြုနိုင်ခြင်း မရှိ။ မြိုင်မြို့နယ်ကို ဖြတ်၍ ပခုက္ကူ - ဂန့်ဂေါ - ကလေး ရထားလမ်း ၊ ပုသိမ် - မုံရွာ အဝေးပြေးလမ်း၊ အာရှလမ်းမကြီး၏ ပခုက္ကူ - ဂန့်ဂေါ လမ်းပိုင်း များ ောက်လုပ်ထားသဖြင့် ဆက်သွယ်ရေး ကောင်းမွန်သည် ။ စိုက်ပျိုးရေးမြို့နယ် အဓိက ထွက်ကုန်မှာ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ထန်းလျက်၊ မန်ကျည်း၊ သနပ်ခါး တို့ ဖြစ်သဖြင့် စိုက်ပျိုးရေး မှာ အဓိက စီးပွားရေး ဖြစ်နေသည် ။ ဆီထွက်သီးနှံ၂၀၂၂-၂၃ နှစ်တွင် ဆီထွက်သီးနှံ စိုက်ဧကမှာ မြေပဲ ၅၆၄၇၈ (မိုး) နှင့် ၁၀၃၆၈ (ဆောင်း)၊ နှမ်း ၃၇၅၅၂ (နွေ) နှင့် ၄၅၃၈၃ (ဆောင်း)၊ နေကြာ ၁၉၅၃၃ ရှိသည်။ ဝမ်းစာဖယ်ပြီး ဆီတန်ချိန် ၁၃၅၆၇ တန် တင်ပို့နိုင်ခဲ့သည် ။ေ ပဲအမျိုးမျိုးပဲစိုက်ဧကမှာ ပဲတီစိမ်း ၁၅၂၈၉ (မိုး) နှင့် ၆၂၃ (ဆောင်း)၊ ပဲစင်းငုံ ၁၂၂၃၉ ရှိသည်။ ထန်းထန်းစိုက်ဧကမှာ ၆၄၇၆ ဧက ရှိသည်။ စပါးနွေစပါး ၃၉၃ ဧက၊ မိုးစပါး ၂၁၃၅၉ ဧက ရှိသည်။ ပြောင်း ဝါ ၁၃၆ ဧကသာစိုက်သည်။ သနပ်ခါးသနပ်ခါး အများအပြား ထုတ်လုပ်ရောင်းချ၍ စိုက်ဧက ထောင် ချီရှိသော်လည်း စာရင်း ကောက်ယူနိုင်ခြင်း မရှိ ။ သဘာဝသယံဇာတရေနံမြိုင် လက်ယက်ရေနံတွင်းများမှာ အညာဒူဘိုင်း ဟု နာမည်ကျော်သော နေရာတွင် ရှိပြီး လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ထိန်းချုပ်ထား သဖြင့် ပွင့်လင်း မြင်သာခြင်းမရှိ ။ ထင်ရှားကျော်ကြားစေတီပုထိုး
သမိုင်းဝင်ကျောင်းမနောရမ္မံရွှေကျောင်း (သနပ္ပင်ကုန်းအုပ်စု၊ ဗိမ္မာန်မရွာ) သံဃာတော်
လူပုဂ္ဂိုလ်
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia