ဆေကိန္ဒ၊ အရှင် (ဓမ္မဒူတ)

ဆရာတော် အရှင်ဆေကိန္ဒ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဆင်းသက်မှုရွှေကျင်
ကျောင်းတိုက်ဆေကိန္ဒာရာမကျောင်းတိုက်
တည်ထောင်သူဒေါက်တာ ဆေကိန္ဒ
ပညာရေးမြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့၊ အစိုးရသာသနဓဇဓမ္မာစရိယ၊ ပါရဂူဘွဲ့ (အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်)
အခြားအမည်များဓမ္မဒူတ ဒေါက်တာ ဆေကိန္ဒ
ဓမ္မအမည်ဆေကိန္ဒ (Chekinda)
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးမြန်မာ
မွေးဖွား (၁၉၅၈-၀၁-၂၈) ၂၈ ဇန်နဝါရီ၊ ၁၉၅၈ (အသက် ၆၇)
စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်။
ရာထူး တာဝန်
ဌာနအပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် နှင့် ဓမ္မဒူတဆေကိန္ဒတက္ကသိုလ်
ဂုဏ်ဒြပ်အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်
ဘာသာရေးရာ
ဂုဏ်ပြုခံရမှုများ
ဝက်ဘ်ဆိုဒ်dcumyanmar.com/mm/

အရှင်ဆေကိန္ဒ သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးဖြစ်သည်။ ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟူ၍လည်းသိရှိကြ၏ ။လက်ရှိတွင် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၏ တတိယမြောက် ပါမောက္ခချုပ် ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။ []

ထေရုပ္ပတ္တိ

ငယ်စဉ်ဘဝနှင့် ပညာရေး

အရှင်ဆေကိန္ဒ အလောင်းအလျာကို စစ်ကိုင်းတိုင်းစစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ ခမည်းတော် ဦးအောင်သန်းနှင့် မယ်တော် ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း(၉)ရက်၊ (28-1-1958) အင်္ဂါနေ့၌ ဖွားမြင်သည်။

၁၉၇၅ ၌ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ၁၀ တန်း အောင်မြင်ခဲ့ပြီး ၁၉၇၉ ၌ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံ၏ မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့(A.G.T.I. (civil)) ကို ရရှိအောင်မြင်သည်။ ၁၉၈၃၌ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းဓမ္မဒူတတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ်ကို ခံယူခဲ့သည်။ တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်တွင် ပရိယတ္တိစာပေများကို လေ့လာ၍ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ ၁၉၉၃တွင် စာချတန်း၌ ကျမ်းရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်းဖြင့်ပင် အောင်မြင်ခဲ့၍ အစိုးရသာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့သည်။ သဒ္ဓမ္မနေပုညဓမ္မာစရိယဘွဲ့နှင့် သာသနဇောတိပါလဓမ္မာစရိယဘွဲ့တို့ကိုလည်း ရရှိခဲ့၏ ။

ပညာဆည်းပူးခြင်း

ပရိယတ္တိစာပေများကို တောင်စွန်း ဓမ္မဒူတတောရ၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မန္တလေးမြို့ မစိုးရိမ်တိုက်စစ်ကိုင်းမြို့ ဇေယျသိန် ပါဠိတက္ကသိုလ်၊ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ စာသင်တိုက် စသော ကျောင်းတိုက်တို့ရှိ ဆရာတော်များထံမှ နည်းနာခံယူ သင်ယူခဲ့သည်။

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ပညာဆက်လက်ဆည်းပူး၍ ထိုတက္ကသိုလ်မှ M.A. (Buddhism) နှင့် Ph.D. ဘွဲ့တို့ကို ရရှိခဲ့၏ ။

ဆရာတော်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၏ ဒုတိယမြောက်ပါမောက္ခချုပ်ဆရာတော် အရှင် နန္ဒမာလာဘိဝံသ နှင့် ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာ စန္ဒာဝရာဘိဝံသ တို့ အနားယူပြီးသည့်နောက် ၂၀၂၀ပြည့်နှစ်တွင် ယင်းတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်အဖြစ်တင်မြှောက်ခံရသည်။ ယင်းနောက် ၂၀၂၁ ခုနှစ်တွင် ပါမောက္ခချုပ်ရာထူးအတွက် အရည်အချင်းကန့်သတ်ချက်များကိုပယ်ဖျက်ပြီး စစ်ကောင်စီခန့် တတိယမြောက် ပါမောက္ခချုပ် ဆရာတော်အဖြစ် ခန့်အပ်ခြင်းခံရသည်။ [][]

ဘွဲ့တံဆိပ်များ

နိုင်ငံတော်မှ မဟာသဒ္ဓမ္မဇောတိကဓဇမဟာဂန္ထဝါစကပဏ္ဍိတဓမ္မကထိက ဗဟုဇနဟိတဓရအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇအဂ္ဂမဟာပဏ္ဍိတမဟာဓမ္မကထိက ဗဟုဇနဟိတဓရအဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့များကို ဆရာတော်အား ဆပ်ကပ်လှူဒါန်းခဲ့သည်။၂၀၂၃ ဇူလိုင် ၂၃ရက်တွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်သည့်ကိစ္စတွင် ပါဝင်ခဲ့မှုနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆရာတော်အား စည်သူဘွဲ့ ဆက်ကပ်သည်။ []

ဆောင်ရွက်မှုများ

ပါမောက္ခ ဒေါက်တာ အရှင်ဆေကိန္ဒသည် ဓမ္မဒူတ နာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ် သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်ကြီး၏ ပဓာန နာယကဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (ဝိပဿနာ) ပါမောက္ခ၊တွဲဖက် ပါမောက္ခ၊ အဆောင်မှူးဆရာတော် စသော တာဝန်တို့နှင့် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။ စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ၏ ထောက်ပံ့ကူညီမှုဖြင့် မဘသ အဖွဲ့ကြီးပေါ်ပေါက်လာရန် ဦးဆောင်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ကိုးကား

  1. အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (၁၉) ကြိမ်မြောက်နှင့် အကြိမ် (၂၀) မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပMyanmar Digital News (၂၁ ဇူလိုင် ၂၀၂၂)။ 24 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. အရှင်ဆေကိန္ဒကို ဗုဒ္ဓတက္ကသိုလ် ဒုပါမောက္ခချုပ်ခန့်အပ်မည်ဧရာဝတီသတင်း (၆ ဖေဖော်ဝါရီ ၂၀၂၀)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပါမောက္ခချုပ်ရာထူး ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒကို ခန့်အပ်ဖို့ စီစဉ်BBC Burmese (၅ ဖေဖော်ဝါရီ ၂၀၂၀)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂၅ / ၂၀၂၃cincdsmyanmar (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya