အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်
International Theravada Buddhist Missionary University
စိရံ တိဋ္ဌတု လောကသ္မိံ သမ္မာသမ္ဗုဒ္ဓ သာသနံ
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၉၈၊ ဒီဇင်ဘာလ ၉ရက်
ပါမောက္ခချုပ် ဒေါက်တာ အရှင်ဆေကိန္ဒ
ဒုတိယပါမောက္ခချုပ် ဒေါက်တာ အရှင်နောဓိဉာဏ
တည်နေရာ ဓမ္မပါလကုန်းမြေ၊ စွယ်​​တော်လမ်း၊ အမှတ်(၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
ပိုင်ဆိုင်မှု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
ဝဘ်ဆိုတ် ITBMU

အပြည်ပြည်ဆိုင်ရာ​ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (အင်္ဂလိပ်: International Theravada Buddhist Missionary University)သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနလက်​အောက်မှ ရန်ကုန်မြို့ရှိ သာသနာပြုတက္ကသိုလ်တစ်ခုဖြစ်သည်။

သမိုင်း​ကြောင်း

၁၉၉၈ခုနှစ် ဇွန်လ၅ရက်​နေ့တွင်ပြုလုပ်​သော ပြည်​ထောင်စုမြန်မာနိုင်ငံအစိုးရအစည်းအ​ဝေးဆုံးဖြတ်ချက်အရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ၉ ဒီဇင်ဘာ ၁၉၉၈ခုနှစ်တွင်စတင်တည်​ထောင်ခဲ့သည်။[]

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားသည့်နိုင်ငံဖြစ်သည်။ အထူးသဖြင့် ထေရဝါဒဗုဒ္ဓဘာသာဝင် နိုင်ငံများအကြားတွင် ဦးဆောင်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတော်သို့ ဗုဒ္ဓဘာသာရောက်ရှိခြင်းသည် ရွှေတိဂုံစေတီတော်သမိုင်းနှင့် ဆက်စပ်နေပေသည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ မြတ်စွာဘုရား၏ ဆံတော်များ မြန်မာနိုင်ငံတော်သို့ ပင့်ဆောင်၍ ၎င်းတို့ကို ရွှေတိဂုံစေတီတော်ကြီးတွင် ဌာပနာပြီး တည်ထားကိုးကွယ်သည့် အချိန်မှ စခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံတော်သို့ ဗုဒ္ဓဘာသာ သာသနာတော် အကြိမ်ကြိမ်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံတော်သည် ခေတ်အဆက်ဆက်မှ ယနေ့အချိန်အထိ စစ်မှန်သောထေရဝါဒဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ စွယ်တော်မြတ်စေတီတော်အနီးတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တစ်ခု တည်ထောင်နိုင်ရေးကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် စိတ်ကူးကြံစည်မိခဲ့သည်။ ထေရဝါဒပိဋကကျမ်းစာများ လေ့လာရန်နှင့် ဝိပဿနာတရားအားထုတ်ရန် မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြားသားများအနေဖြင့် တွေ့ကြုံရသော အခက်အခဲများအနက် ဘာသာစကားအခက်အခဲသည် ကြီးမားသောအတားအဆီးတစ်ခုပင်ဖြစ်ကြောင်း သတိပြုမိသည်။ ထို့ကြောင့် ထိုနိုင်ငံခြားသားများ တွေ့ကြုံရသောအခက်အခဲကို ပြေလည်စေရန်နှင့် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ကမ္ဘာပေါ်တွင်ပျံ့နှံ့ ထွန်းကားစေရန် ရည်ရွယ်မှန်းဆပြီး ထေရဝါဒဗုဒ္ဓဓမ္မကို စာတွေ့လက်တွေ့ နက်နက်နဲနဲ လေ့လာလိုသူများအတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီးကို တည်ထောင်ရန်ဆန္ဒဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။[]

ဆက်စပ်ကြည့်ရှုရန်

ကိုးကား



Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya