တင်မောင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး)
ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[၂] သူသည် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ အလုပ်အကိုင်သူသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် – ၆၄ ဆင်း ဖြစ်သည်။ပြန်တမ်းဝင် အမှတ် ကြည်း ၁၇၆၀၆ ဖြင့် စစ်မှုထမ်းသည်။ ပြည်ထဲရေးဝန်ကြီး ဟောင်း ဦးစိုးထွဋ် နှင့် တပတ်စဉ်တည်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်မှူးကြီး အဆင့် ဖြင့် ကရင် ပြည်နယ်၊ ဘားအံမြို့အခြေစိုက် တပ်မ (၂၂)တပ်မမှူး အဖြစ် တာဝန်ထမ်းဆောင်သည်။ ၂၀၀၉ ခုနှစ်တွင် ဗိုလ်မှူးချုပ် အဖြစ် ရာထူးတိုးသည်။ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ ၂၀၁၁ ခုနှစ်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး စသည်ဖြင့် တာဝန် ပေးခံရသည်။[၃] ယင်းနောက် ၂၀၁၆ ခုနှစ် တွင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် တပ်မတော်တွင် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်အဖြစ် [၄] [၅]တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်အရံအင်အားသို့ ပြောင်းရွှေ့ခံခဲ့ရသူများတွင် ပါဝင်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။[၆]၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ တွင် အဖွဲ့ဝင် အဖြစ် ဆက်လက် ပါဝင်ခဲ့သည်။ [၇] အစိုးရအဖွဲ့ရာထူးများ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ၂၀၂၁ ခုနှစ် ဩဂုတ် ၁ရက် တွင် တပ်မတော်မှ အငြိမ်းစားယူကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ရရှိသည့်ဘွဲ့၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ချီးမြှင့်သည့် စည်သူဘွဲ့ ရသည်။[၈] ကိုးကား
|
Portal di Ensiklopedia Dunia