မန်းငြိမ်းမောင်
စည်သူ၊ ပဒို မန်းငြိမ်းမောင်သည် ကရင်လူမျိုး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦး အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မတိုင်မီက ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။ နိုင်ငံရေးဘဝထောင်ဒဏ်ကျခံရခြင်း၁၉၆၇ ခုနှစ်တွင် ကရင့်တော်လှန်ရေး မြေအောက်ရဲဘော်အဖြစ်ဖြင့် ဦးနေဝင်းအစိုးရ၏ ဖမ်းဆီးခံခဲ့ရပြီး ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြင့် အပို့ခံခဲ့ရသည်။ ပင်လယ်ပြင်တွင် ၁၄ ရက်ကြာ ဖြတ်သန်းကာ ကိုကိုးကျွန်းမှ ထွက်ပြေးခဲ့သော်လည်း ပြန်လည်အဖမ်းခံခဲ့ရသည်။[၁] ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကာ ၁၉၈၀ တွင် ထပ်မံဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်။[၂] ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရပြီး၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုများနှင့် တရားစွဲဆိုခဲ့ရကာ ၂၀၁၃ မတ် ၁၃ တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက တသက်တကျွန်းနှင့် ထောင် ၃ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်။[၃]၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။[၄][၅] ရွေးကောက်ပွဲ ဝင်ပြိုင်မှုဖဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်အဖြစ်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် နုတ်ထွက်ခဲ့ပြီး[၆][၇] ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကရင်ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။[၈] နစက ကောင်စီဝင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[၈] ကာလုံအကြံပေးအဖွဲ့ဝင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်တွင် တာဝန်ပေးခံရသည်။[၉] အရေးယူပိတ်ဆို့ခံရမှုမန်းငြိမ်းမောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းနှင့်စပ်လျဉ်းပြီး အမေရိကန်ပြည်ထောင်စုက ၂၀၂၁ မေ ၁၇တွင်လည်းကောင်း၊ဥရောပသမဂ္ဂက ၂၀၂၁ ဧပြီ ၁၉ တွင်လည်းကောင်း၊ဩစတြေးလျအစိုးရက ၂၀၂၃ ဇန်နဝါရီ ၂၅တွင်လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲ ထည့်သွင်းသည်။[၁၀] [၁၁] [၁၂] ဂုဏ်ပြုခံရခြင်း၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော “စည်သူဘွဲ့” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချီးမြှင့်အပ်နှံခဲ့သည်။[၁၃] ကိုးကား
|
Portal di Ensiklopedia Dunia