ပိုးရယ်အောင်သိန်း
ပိုးရယ်အောင်သိန်း ( ၁၉၅၃ ဖွား) သည် ကယားလူမျိုး နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် အမျိုးသားလွှတ်တော်အမတ် လည်း ဖြစ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်နေသည်။[၁] [၂] ငယ်ဘဝဖခင်ဖြစ်သူ ဦးစိုးရယ် နှင့် မိခင်ဖြစ်သူ ဒေါ်စိုးမြာ တို့က ၁၉၅၃ ခုနှစ် မေလ ၃ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ် ထေးသမရွာ တွင် သူ့အား မွေးဖွားသည်။ ပညာအရည်အချင်းမှာ ၁၀ တန်းအောင် ဖြစ်သည်။[၃] နိုင်ငံရေးသမားဘဝသူသည် ၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ကယားပြည်နယ် အမှတ်(၈)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် တင်မြှောက်ခဲ့ပြီးနောက် [၄] မြန်မာ့နိုင်ငံရေးထဲ စတင် ဝင်ရောက်လာသည်။ လွှတ်တော်အမတ်အဖြစ် ၅ နှစ်တာ ဖြတ်သန်းသည်။[၅] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် နှင့် ပြည်နယ်ပါတီဥက္ကဋ္ဌ စသည်ဖြင့် ပါတီလုပ်ငန်းများသာ ဆက်လက် လုပ်ဆောင်သည်။[၆] [၇] ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁) မှနေ၍ ဝင်ရောက် အရွေးခံသော်လည်း[၈] ပြိုင်ဘက်ပါတီ အား ရှုံးနိမ့်သည်။[၉] ကောင်စီဝင်ဖြစ်လာပုံ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်း ခံရပြီးနောက်ပိုင်း သူသည် မိခင်ပါတီ၏ လုပ်ငန်းများတွင်သာ အချိန်ကုန်ဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အသစ်ပြန်လည် ဖွဲ့စည်းစဉ် သူသည် ကောင်စီအဖွဲ့ဝင် အဖြစ် ခန့်အပ်ခံရသည်။[၁၀] အရေးယူပိတ်ဆို့ခံရခြင်းသူ့ကို ကောင်စီ အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့မှု ဖြင့် အမေရိကန်၊ဥရောပသမဂ္ဂ နှင့် ဆွတ်ဇာလန် အစရှိသည့် နိုင်ငံတို့က ၂၀၂၃ ခုနှစ်ထဲ တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကြသည်။[၁၁] [၁၂] ကိုးကား
|
Portal di Ensiklopedia Dunia