တပ်မတော်စိန်ရတုနှစ်တံဆိပ်
စိန်ရတုနှစ်တံဆိပ် သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တပ်မတော်တွင် စစ်မှုထမ်းသက်(၂၅)နှစ်နှင့်အထက် ထမ်းဆောင်ခဲ့သော စစ်မှုထမ်းများအား ချီးမြှင့်သည့် တံဆိပ် ဖြစ်သည်။ “နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၂/၂၀၂၀” ဖြင့် ထုတ်ပြန်ခဲ့သည့် “တပ်မတော်စိန်ရတုနှစ်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်”ပါ အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသူ အရာရှိ (၁၂၄၉)ဦး၊ စစ်သည် (၄၂၁၆၇)ဦး၊ စုစုပေါင်း (၄၃၄၁၆) ဦးအား တပ်မတော်စိန်ရတုနှစ်တံဆိပ်ကို ချီးမြှင့်ခဲ့သည်။[၁][၂] ပြည့်စုံရမည့် အရည်အချင်းများအောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများကို ချီးမြှင့်ခြင်းဖြစ်သည်[၁] -
တံဆိပ်ပါအမှတ်အသားများ၏ အဓိပ္ပါယ်ဖော်ဆောင်ချက်များတံဆိပ်ပါ အမှတ်အသား တစ်ခုချင်းစီအတွက် အဓိပ္ပါယ်ဖော်ဆောင်ချက်များမှာ[၁] -
ငွေကြေးချီးမြှင့်ခြင်းတပ်မတော်စိန်ရတုနှစ်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသည့် စစ်မှုထမ်းများသည် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ကျပ် ၂၅၀၀၀၀/- (ကျပ်နှစ်သိန်းငါးသောင်းတိတိ) ကိုပါ ရရှိသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia