သီဟသူရဘွဲ့

သီဟသူရဘွဲ့
အမျိုးအစားတပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့
နိုင်ငံ မြန်မာ
ဖဲကြိုး
Precedence
နောက်ထပ် (ပိုမြင့်သော)အောင်ဆန်းသူရိယဘွဲ့
နောက်ထပ် (ပိုနိမ့်သော)သူရဘွဲ့

သီဟသူရဘွဲ့မှာ မြန်မာ့တပ်မတော်တွင် အောင်ဆန်းသူရိယဘွဲ့ပြီးလျှင် ဂုဏ်သိက္ခာအားဖြင့် ဒုတိယအမြင့်မားဆုံးသော ဆုတံဆိပ်ဖြစ်သည်။ အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ခံထိုက်သည့် အရည်အချင်း ရာနှုန်းပြည့်မမီသော်လည်း ၎င်းအရည်အချင်းနီးပါးမျှ တိုက်ပွဲအတွင်း မိမိတို့၏ အသက်ကို ပဓာနမထားပဲ နိုင်ငံတော် အကျိုးအတွက် ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စား တိုက်ခိုက်သော စစ်သည်များကို ချီးမြှင့်လေ့ရှိသည်။

ပြည့်စုံရမည့် အရည်အချင်းများ

အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံထိုက်သည့် အရည်အချင်းကို ရာနှုန်းပြည့်မမီသော်လည်း ယင်းအရည်အချင်းနီးပါးမျှပြည်စုံသော တပ်မတော်သားများအား သီဟသူရဘွဲ့ကို ချီးမြှင့်အပ်နှင်းနိုင်သည်။[]

ချီးမြှင့်ခြင်းခံရသူများ

ချီးမြှင့်နှစ် ချီးမြှောက်ခံ မှတ်ချက်
၁၉၄၉ ဒုဗိုလ် ကိုကြီး (ကျဆုံး)
၁၉၅၀ တပ်ကြပ် ခင်မြင့် (ကျဆုံး)
၁၉၅၂ ဦးကျော်သိန်း (ကျဆုံး)
၁၉၅၆ တပ်သား တင်ညွန့် (ကျဆုံး)
၁၉၆၂ ကြည်း ၇၇၆၁ ဗိုလ် လှကြည်
၁၉၇၅ ကြည်း ၁၁၈၆၄ ဗိုလ် ညွန့်ခင် (ကျဆုံး)
၁၉၇၈ ကြည်း ၁၁၇၁၆ ဗိုလ်ကြီး သူရ စစ်မောင်
ကြည်း ၁၃၇၆၉ ဒုဗိုလ် စိုးလွင် (ကျဆုံး)
အမှတ် ၂၇၈၁၄၃ တပ်ကြပ် ထွန်းကြည် (ကျဆုံး)
အမှတ် ၃၇၀၇၀၀ တပ်သား ညိုအေး (ကျဆုံး)
၁၉၇၉ ကြည်း ၁၂၀၁၉ ဗိုလ်မှူး သိန်းထွန်းတင်
၁၉၈၀ ကြည်း ၁၁၇၀၁ ဗိုလ်မှူး တင်အောင်မြင့်ဦး

ကိုးကား

  1. နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီပြည်ထောင်စုမြန်မာနိုင်ငံတော်ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက် ထုတ်ပြန်ခြင်း။ 26 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇.၀၆.၂၀၂၂ တွင် ပြန်စစ်ပြီး။ “အခန်း(၇)၊ ဂုဏ်ထူးဆောင်ဘွဲ့များဆိုင်ရာ အရည်အချင်းများ”
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya