သုဓမ္မသင်္ဂဟ
သင်္ဂဟအဖွဲ့တွင် သုဓမ္မသင်္ဂဟနှင့် ပြည်ထောင်စုစည်သူသင်္ဂဟဟူ၍ (၂) ဖွဲ့ထားရှိပေသည်။ သင်္ဂဟအဖွဲ့ (၂) ဖွဲ့စလုံးအတွက် စစ်ဘက်ဆိုင်ရာ အရာရှိများအတွက်နှင့် အရပ်ဘက်ဆိုင်ရာ အရာရှိများအတွက်ဟူ၍ (၂) မျိုးစီ ခွဲခြားထားသည်။ ယင်းသို့ ခွဲခြားထားသော်လည်း၊ အဆင့်အတန်းမှာ ခြားနားခြင်းမရှိပေ။ သုဓမ္မသင်္ဂဟတွင် - ဟူ၍ အဆင့်အတန်း (၃) မျိုးခွဲခြားထားသည်။[၂]
အရည်အချင်း သတ်မှတ်ချက်သုဓမ္မသင်္ဂဟဘွဲ့များအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူများ၊ အကျိုးဆောင်သူများဖြစ်ရမည်။ ယင်းသုဓမ္မသင်္ဂဟသုံးမျိုးကို အဆင့်အလိုက်ချီးမြှင့်ရာတွင် စွမ်းဆောင်မှုအတိုင်းအတာအပေါ်မူတည်၍ သတ်မှတ်ထားသည်။
နိုင်ငံတော်အကြီးအကဲအတွက် ဘွဲ့တံဆိပ်ဆိုင်ရာ ထူးခြားချက်နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်အကြီးအကဲအဖြစ်ဖြင့် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရာထူးအလျောက် သုဓမ္မသင်္ဂဟနှင့် ပြည်ထောင်စုစည်သူသင်္ဂဟများ၏ အကြီးအမှူးဖြစ်သည့်အပြင် သုဓမ္မသင်္ဂဟတွင် "အဂ္ဂမဟာသီရိသုဓမ္မ" ဖြစ်၍ ပြည်ထောင်စုစည်သူသင်္ဂဟတွင် "အဂ္ဂမဟာသရေစည်သူ"လည်း ဖြစ်သည်။ ထို့ပြင် “နိုင်ငံတော်အကြီးအကဲသည် တာဝန်ပြီးဆုံးသည့်အခါတွင် သုဓမ္မသင်္ဂဟတွင် အဂ္ဂမဟာသီရိသုဓမ္မ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုစည်သူသင်္ဂဟတွင် အဂ္ဂမဟာသရေစည်သူ အဖြစ်လည်းကောင်း ဆက်လက်တည်မြဲကြောင်း” နိုင်ငံတော်အကြီးအကဲအတွက် ထူးခြားစွာပြဋ္ဌာန်းထားရှိသည်။[၃]
အခြားပြဋ္ဌာန်းချက်များသင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[၂] ဘွဲ့များကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်၏အမည်ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ် အသုံးပြုရသည်။ ရာထူးနှင့်အမည်ကို တွဲခေါ်ရသော ပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ရာထူးနှင့်အမည် ကြားတွင် ဖော်ပြ၍ခေါ်ဝေါ်အသုံးပြုရသည်။ ရာထူးနှင့်အမည်တွဲ၍ မခေါ်ရသောပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ဦး၊ ကို၊ ဒေါ်၊ မ ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ်အသုံးပြုရသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia